HomeEntertainmentFilmသင့်ကို အံ့အားသင့်သွားစေမယ့် Disney Animation တွေရဲ့ Fan Theory များ (အပိုင်း-၂)

သင့်ကို အံ့အားသင့်သွားစေမယ့် Disney Animation တွေရဲ့ Fan Theory များ (အပိုင်း-၂)

အောက်တွင် ‌‌ဇော်ဂျီဖြင့် ဖတ်ပါ။

Disney Animation တိုင်းလိုလိုမှာ ထူးဆန်းတဲ့ Fan Theory တွေ ရှိနေတတ်ပြီး အဲ့ဒီ Fan Theory တွေအရ တချို့ Animation တွေကလည်း ဆက်စပ်နေပါတယ်။ အဲ့ဒီထဲက သီအိုရီတချို့ကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တင်ပေးခဲ့ပြီးပါပြီ။ ဒါကြောင့်ပဲ ဒီလိုသီအိုရီတွေကို ထပ်မံဖတ်ရှုချင်တဲ့ ပရိသတ်တွေအတွက် နောက်ထပ် သီအိုရီအချို့ကို ဒုတိယပိုင်းအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

(1) Nemo ဟာ ဇာတ်လမ်းအစမှာကတည်းက သေဆုံးသွားခဲ့ပါတယ်။
photo via screenrant

Finding Nemo ဇာတ်လမ်းရဲ့ အစမှာတော့ Nemo တို့ဟာ ငါးကြီးတစ်ကောင် တိုက်ခိုက်တာ ခံခဲ့ရပြီး သူ့ရဲ့ အမေနဲ့ ညီအစ်ကိုမောင်နှမတွေဟာ သေဆုံးသွားခဲ့ပါတယ်။ ပရိသတ်အများစုကတော့ အဲ့ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ Nemo လည်း ပါဝင်တယ်လို့ ယုံကြည်နေကြပြီး ဒီဇာတ်လမ်းတစ်ခုလုံးဟာ Marlin ရဲ့ ပူဆွေးမှုအဆင့် (၅)ဆင့်အကြောင်းကို ပြသထားတာလို့ ဆိုပါတယ်။ ဒါ့အပြင် စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ Nemo ဆိုတဲ့ စကားလုံးဟာ Latin ဘာသာစကားမှာတော့ “Nothing” လို့ အဓိပ္ပာယ်ရပါတယ်။

ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုနဲ့ ကြုံရပြီဆိုရင် လူတွေမှာ ပူဆွေးမှု အဆင့်(၅)ဆင့်ကို ဖြတ်သန်းကြရပါတယ်။ အဲဒါကတော့ ပထမအဆင့်အနေနဲ့ ငြင်းပယ်ခြင်း ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ဒေါသဖြစ်ပြီး တတိယအဆင့်ကတော့ အပေးအယူလုပ်ခြင်း၊ စတုတ္ထအဆင့်ကတော့ မျှော်လင့်ချက်ပျက်သုဉ်းခြင်းနဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ပဉ္စမအဆင့်ကတော့ ဖြစ်ရပ်မှန်ကို လက်ခံလိုက်ခြင်းပဲ ဖြစ်ပါတယ်။

(2) Wheezy ဟာ ဉာဏ်ကောင်းတဲ့ ဗီလိန်တစ်ယောက်ပါ။
photo via screenrant

Toy Story 2 ထဲမှာတော့ Wheezy ဟာ ဖုန်တွေတက်နေပြီး ချောင်ထိုးခံထားရတဲ့ အရုပ်တစ်ရုပ်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ ဇာတ်ဝင်ခန်းဟာ ပရိသတ်တွေအတွက် ဝမ်းနည်းစရာတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း ဒီသီအိုရီအရ ဆိုရင်တော့ Wheezy ဟာ ဉာဏ်ကောင်းတဲ့ ဗီလိန်တစ်ယောက်လို့ ဆိုပါတယ်။

ဒီ Animation ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Woody ဟာ ရောင်းပစ်တော့မယ့် အရုပ်တွေထဲက Wheezy ကို ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Woody ဟာ ရောင်းပစ်မယ့်နေရာမှာ ပါဝင်သွားပေမယ့်လည်း Wheezy ကတော့ Woody ကို ပြန်မကယ်တင်ခဲ့ပါဘူး။ ဒီဇာတ်ဝင်ခန်းကြောင့်ပဲ သီအိုရီတစ်ခု ပေါ်ထွက်လာပြီး Woody ဟာ Andy ရဲ့ အကြိုက်ဆုံးအရုပ် ဖြစ်နေတာကြောင့် Wheezy ဟာ Woody ကို ရှင်းထုတ်လိုက်တာပါလို့ ဆိုပါတယ်။

(3) Brave ထဲက စုန်းမကြီးနဲ့ Boo ဟာ တစ်ယောက်တည်း ဖြစ်ပါတယ်။
photo via screenrant

လူတိုင်းချစ်ကြတဲ့ Monsters, Inc. ထဲက ကလေးမလေး Boo ဟာ တဖြည်းဖြည်းနဲ့ အသက်ကြီးလာပြီး Brave ထဲက စုန်းမကြီး ဖြစ်လာတယ်လို့ သီအိုရီတစ်ခုက ဆိုပါတယ်။ အကြောင်းကတော့ အဲ့ဒီစုန်းမကြီး ထွင်းထုနေတဲ့ ရုပ်တုပုံစံကလည်း Sulley နဲ့ အတော်လေး ဆင်တူနေတာကြောင့် ဖြစ်ပါတယ်။

(4) Neverland ဟာ တမလွန်လောကပဲ ဖြစ်ပါတယ်။
photo via screenrant

သီအိုရီတစ်ခုအရ Peter Pan ထဲမှာ ပါဝင်ခဲ့တဲ့ Neverland ဆိုတဲ့ နေရာဟာ တကယ်တော့ တမလွန်လောကပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ Neverland မှာ နေထိုင်ကြသူတွေဟာ ဘယ်တော့မှ အသက်ကြီးလာတာကို မမြင်တွေ့ရတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပရိသတ်တွေဟာ Neverland မှာ နေထိုင်သူတွေက တကယ်ရှင်သန်နေသူတွေ မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ကြပါတယ်။ ဒါ့အပြင် Peter Pan ဇာတ်လမ်းကို ရေးခဲ့တဲ့ စာရေးဆရာမှာ ညီတစ်ယောက် ရှိခဲ့ပြီး သူ့ရဲ့ ညီလေးဟာ အသက် (၁၃)နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီစာရေးဆရာဟာ သူ့ ညီလေးရဲ့ တမလွန်ဘဝအကြောင်းကို စိတ်ကူးယဉ်ပြီး Neverland ကို ဖန်တီးခဲ့တာ ဖြစ်လိမ့်မယ်လို့ ပရိသတ်အများစုက ယုံကြည်နေကြတာ ဖြစ်ပါတယ်။

(5) Bambi ရဲ့ အမေကို သတ်ခဲ့သူက Gaston ပဲ ဖြစ်ပါတယ်။
photo via screenrant

The Beauty and the Beast ထဲက Gaston ဟာ Disney ရဲ့ Classic ဗီလိန်တစ်ယောက် ဖြစ်သလို ဒီသီအိုရီအရ ဆိုရင်တော့ Bambi ရဲ့ အမေကို သတ်ပစ်ခဲ့သူလည်း ဖြစ်ပါတယ်။ The Beauty and the Beast ထဲမှာတော့ Gaston ဟာ သူ့ရဲ့အရက်ဆိုင်ထဲမှာ Bambi ရဲ့ အမေနဲ့ဆင်တူတဲ့ သမင်မတစ်ကောင်ရဲ့ ခေါင်းကို ချိတ်ဆွဲထားတာ မြင်ခဲ့ရပြီး Bambi ရဲ့အမေကတော့ မုဆိုးတစ်ယောက်ရဲ့ လက်ချက်ကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကြောင့်ပဲ Gaston က Bambi ရဲ့ အမေကို သတ်ခဲ့တာပါဆိုတဲ့ သီအိုရီ ဖြစ်ပေါ်လာတာပါ။

(6) Aladdin ဇာတ်လမ်းဟာ ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့ပါဘူး။
photo via screenrant

Aladdin ဇာတ်လမ်းတလျှောက်မှာတော့ အံ့ဩစရာကောင်းတဲ့ အဖြစ်အပျက်တွေများစွာ ဖြစ်ခဲ့ပေမယ့်လည်း ပရိသတ်အများစု မေ့နေတဲ့ အချက်ကတော့ ဒီဇာတ်လမ်းဟာ ဈေးရောင်းသူတစ်ယောက်က Genie ရဲ့ မီးအိမ်ကို ရောင်းဖို့ကြိုးစားနေတဲ့ ဇာတ်ဝင်ခန်းနဲ့ စတင်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကို သတိထားမိခဲ့တဲ့ ပရိသတ်အချို့ကတော့ Aladdin ဇာတ်လမ်းဟာ တကယ်ရော ဖြစ်ပျက်ခဲ့ရဲ့လားဆိုပြီး မေးစရာ ဖြစ်လာပါတော့တယ်။ ဒါကြောင့်လည်း Aladdin ဇာတ်လမ်းဟာ ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့ဘဲ ဒီဇာတ်လမ်းတစ်ခုလုံးဟာ ဈေးရောင်းသူက သူ့ရဲ့ မီးခွက်ကို ရောင်းကောင်းအောင် ပြောပြတဲ့ ပုံပြင်တစ်ပုဒ် ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။

(7) Tarzan ထဲက Jane ဟာ Belle ရဲ့ မြေးမလေးပဲ ဖြစ်ပါတယ်။
photo via screenrant

Tarzan ထဲက Jane နဲ့ The Beauty and the Beast ထဲက Belle တို့ဟာ အတော်လေးဆင်တူကြသလို သူတို့နှစ်ယောက်ရဲ့ Costume ဟာလည်း ဆင်တူနေပါသေးတယ်။ Tarzan ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင် Terk ဟာ Tea Set တစ်ခုကို ဒရမ်တီးနေတာ မြင်တွေ့ခဲ့ရပြီး အဲ့ဒီ Tea Set ကတော့ The Beauty and the Beast ထဲက Tea Set တွေနဲ့လည်း အတော်လေးကို ဆင်တူနေပါတယ်။

ဒါကြောင့်ပဲ Belle ဟာ Jane ရဲ့ အဘွား ဖြစ်နေပြီး အဲ့ဒီ Tea Set တွေကို Belle က Jane ကို လက်ဆင့်ကမ်းပေးခဲ့တာလို့ ဆိုပါတယ်။ တချို့သီအိုရီတွေမှာတော့ Belle ဟာ Jane ရဲ့ Great-Great-Great Grandma လို့ ဆိုကြပြီး အဓိကအချက်ကတော့ သူတို့နှစ်ယောက် အမျိူးတော်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular