HomeEntertainmentFilmDisney+ မှာ လူကြည့်အများဆုံး MCU ဇာတ်လမ်းတွဲ ဖြစ်နေတဲ့ Loki

Disney+ မှာ လူကြည့်အများဆုံး MCU ဇာတ်လမ်းတွဲ ဖြစ်နေတဲ့ Loki

လောလောဆယ်မှာတော့ Loki ဇာတ်လမ်းတွဲဟာ Disney+ မှာ လူကြည့်အများဆုံး MCU ဇာတ်လမ်းတွဲ ဖြစ်နေတယ်လို့ သိရပါတယ်။ Disney ဟာ ၂၀၂၀ ခုနှစ်မှာပဲ Disney+ streaming service ကို စတင်မိတ်ဆက်ခဲ့ပြီး ပထမဆုံး MCU ဇာတ်လမ်းတွဲ ဖြစ်တဲ့ WandaVision ကို စတင်ပြသခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ The Falcon and the Winter Soldier နဲ့ Loki တို့ ထပ်မံ ထွက်ရှိခဲ့ပါတယ်။

photo via screenrant

Loki ဇာတ်လမ်းတွဲထဲမှာတော့ Avengers: Endgame ထဲမှာ လွတ်မြောက်သွားတဲ့ Loki ဟာ MCU ရဲ့ ပင်မ Timeline ကနေ လွဲချော်သွားတာကြောင့် Time Variant Authority(TVA) က လာရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ထုံးစံအတိုင်းပဲ Loki ဟာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ သူ့ရဲ့ Variant တွေမျိူးစုံနဲ့ တွေ့ဆုံကာ နောက်ဆုံးမှာတော့ Timeline တွေကို ထိန်းသိမ်းပေးနေတဲ့ He Who Remains နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ Loki ဇာတ်လမ်းတွဲဟာ Disney+ ရဲ့ လူကြည့်အများဆုံး MCU ဇာတ်လမ်းတွဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ကြည့်ရှုချိန် မိနစ်ပေါင်း (၅.၂၃)ဘီလျံ ရှိနေပြီး WandaVision ကတော့ မိနစ် (၄.၈)ဘီလျံနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ The Falcon and the Winter Soldier ကတော့ (၄.၁၅)ဘီလျံ မိနစ်၊ Hawkeye ကတော့ (၃.၄၅)ဘီလျံ မိနစ်တို့ အသီးသီး ရရှိထားပါတယ်။ Disney+ ရဲ့ နံပါတ်တစ် လူကြည့်အများဆုံး ဇာတ်လမ်းတွဲကတော့ The Mandalorian ဖြစ်ပြီး ကြည့်ရှုချိန် မိနစ်ပေါင်း (၁၄.၅)ဘီလျံ ရှိပါတယ်။

photo via screenrant

Loki ကတော့ MCU ရဲ့ ဇာတ်လမ်းတွဲတွေထဲမှာ Season 2 ထွက်ရှိလာမယ်လို့ အတည်ပြုထားတဲ့ တစ်ခုတည်းသော ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ Season 1 ရဲ့ ဇာတ်သိမ်းပိုင်းမှာတော့ Cliffhanger နဲ့ အဆုံးသတ်ထားပါတယ်။ Sylvie ဟာ He Who Remains ကို ရင်ဆိုင်ပြီးနောက် Loki ကလည်း တခြား Timeline တစ်ခုကို ရောက်ရှိသွားပါတယ်။ Season 2 ကတော့ ယခုနှစ်ရဲ့ နှစ်လယ်ပိုင်းလောက်မှာ စတင်ရိုက်ကူးသွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ထွက်ရှိလာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular