HomeCharacterJason Todd ရဲ့သေဆုံးမှုကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ Deadman

Jason Todd ရဲ့သေဆုံးမှုကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ Deadman

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jason Todd ဟာ ဒုတိယမြောက် Robin ဖြစ်ပြီး တစ်ရက်မှာတော့ Joker ဟာ သံတူရွင်းနဲ့ ရက်ရက်စက်စက် ရိုက်သတ်လိုက်တာကို ခံလိုက်ရသူ တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူဟာ အသက်ပြန်ရှင်လာပြီးတော့ Red Hood ဖြစ်လာခဲ့ပါတယ်။ Jason Todd ရဲ့ သေဆုံးမှုဟာ Batman ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုလို့ ပြောလို့ရပြီးတော့ DC ပရိသတ်တွေ တော်တော်များများလည်း ဒီအဖြစ်အပျက်ကို သိကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း အဲ့လိုမျိူး Jason Todd ဟာ သေဘေးကို ကြုံနေရတဲ့အချိန်မှာတော့ သူဟာ လုံးဝကို အကူအညီမဲ့နေတာ မဟုတ်ဘဲ ဟီးရိုးတစ်ယောက်ဖြစ်တဲ့ Deadman ဟာ သူ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အခုဖော်ပြသွားမှာကတော့ Deadman ဟာ ဘယ်လိုမျိူး ကယ်တင်ဖို့ ကြိုးစားသွားလည်းဆိုတာပဲ ဖြစ်ပြီး အရင်တုန်းက ဘာလို့ အခုဖော်ပြမယ့် ဇာတ်လမ်းကို မသိရတာလည်း ဆိုတာကိုပါ ရှင်းပြသွားမှာ ဖြစ်ပါတယ်။

Deadman ဟာ DC ရဲ့ထူးခြားတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့် ပထမဆုံး သူ့ရဲ့အကြောင်းကို အနည်းငယ် ရှင်းပြသွားမှာဖြစ်ပါတယ်။ အစတုန်းကတော့ သူဟာ စက်ကပ်တစ်ခုမှာ ဂျွမ်းဘားကစားသူ တစ်ယောက် ဖြစ်ပြီး တစ်နေ့မှာတော့ အသတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သရဲဖြစ်သွားပြီး သက်ရှိတွေကို ဝင်ရောက်ပူးကပ်နိုင်တဲ့ အစွမ်းကို ရရှိသွားခဲ့ပါတယ်။ သူ့ရဲ့နာမည်အရင်းဟာ Boston Brand ဖြစ်ပေမယ့်လည်း အဲ့ဒီနောက်မှာတော့ သူစက်ကပ်ကစားတုန်းက နာမည်ဖြစ်တဲ့ Deadman ကိုပဲ အသုံးပြုပါတယ်။

Boston ဟာ သရဲဖြစ်သွားကြောင့် သူ့ကို ဘယ်သူ့မှမမြင်ရဘဲ ပူးကပ်လို့ရတဲ့ စွမ်းအားကို အသုံးပြုပြီးတော့ လူတွေကို နောက်ကွယ်ကနေ ကယ်တင်နေခဲ့ပါတယ်။ သူဟာ DC universe အရေးကြီးတဲ့ ဖြစ်ရပ်တေွ တော်တော်များများမှာ ပါဝင်နေခဲ့ပေမယ့်လည်း သူ့ကို ဘယ်သူမှ မမြင်ရတာကြောင့် သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကို ဘယ်သူကမှ မသိကြတာ ဖြစ်ပါတယ်။ ဒါကတော့ Jason Todd ရဲ့သေဆုံးမှုကို သူကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဘယ်သူကမှ မသိရတဲ့ အကြောင်းအရင်းကို ရှင်းပြထားတာ ဖြစ်ပြီးတော့ ဘယ်လိုမျိူး ကြိုးစားခဲ့လည်းဆိုတာကိုတော့ အောက်မှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Deadman ရဲ့အကြောင်းကို ရေးသားထားတဲ့ Dead Again ဆိုတဲ့ မီနီကောမစ်ထဲမှာတော့ အခုအဖြစ်အပျက်အကြောင်းကို ဖော်ပြခဲ့ပါတယ်။ တစ်ရက်မှာတော့ Boston က စွန့်ပစ်ထားတဲ့ ဂိုထောင်ကြီးတစ်ခုနားကို ရောက်သွားပြီး Joker ဟာ သံတူရွင်းကို လက်မှာကိုင်ပြီး Jason ကို ရက်စက်စွာ ရိုက်နှိက်နေတာကို တွေ့လိုက်ရပါတယ်။ သူဟာ Jason ကို မသေစေချင်တာကြောင့် Joker ရဲ့ခန္ဓာကိုယ်ကို ဝင်ပူးကပ်ပြီးတော့ တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း Joker ရဲ့ရူးသွပ်မှုကြောင့် Boston ဟာ သူ့ကိုထိန်းချုပ်ဖို့အတွက် အခက်အခဲတွေ့ခဲ့ပေမယ့်လည်း သူ့ရဲ့လက်ထဲက သံတူရွင်းကိုတော့ လွှတ်ကျသွားအောင်တော့ ပြုလုပ်နိုင်ခဲ့ပါတယ်။

photo via screenrant

အဲ့ဒီနောက်မှာတော့ Joker ဟာ ထွက်သွားပြီးတော့ Jason နဲ့ သူ့အမေကို ထားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Boston ဟာ သူတို့ကယ်ဖို့အတွက် ဝင်ပူးစရာ ခန္ဓာကိုယ်နှစ်ခုပဲ ရှိပါတော့တယ်။ ပထမဆုံးတော့ သူဟာ သတိလစ်နေတဲ့ Jason ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ပူးလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်မှာ ရှိတဲ့အရိုးတွေအကုန်လုံး ကျိူးကြေနေတာကို သိလိုက်ရပါတော့တယ်။ အဲ့ဒါကြောင့်ပဲ သူဟာ နာကျင်မှုကို သည်းခံပြီးတော့ Jason ရဲ့အမေကို ကြိုးဖြည်ပေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ သူဟာ Jason ရဲ့အမေကို ဝင်ပူးကပ်ခဲ့ပေမယ့်လည်း သူ့ကိုယ်သူ ကြိုးမဖြည်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Jason ဟာ အဲ့ဒီအချိန်မှာ ထလာပြီးတော့ သူ့ရဲ့အမေကို ကြိုးဖြည်ပေးနိုင်ခဲ့ပေမယ့်လည်း ဗုံးကိုတော့ အချိန်မီမဖြုတ်နိုင်ခဲ့ပါဘူး။

အဲ့ဒါကြောင့်ပဲ Jason နဲ့ သူ့ရဲ့အမေဟာ သေဆုံးသွားကြပြီးတော့ Jason ရဲ့ဝိဉာဉ်ဟာ Boston နဲ့တွေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Jason က သူ့ရဲ့သေဆုံးသွားတဲ့အမေကို ကန်တော့ခဲ့ပြီးတော့ တစ်ချိန်တည်းမှာပဲ Batman ဟာ ရောက်လာခဲ့ပါတယ်။ Boston ဟာ အခုလိုမျိူး ကလေးတစ်ယောက်ကို Joker နဲ့ရင်ဆိုင်ဖို့အတွက် ခွင့်ပြုပေးခဲ့လို့ Batman ကိုဒေါသထွက်ခဲ့ပေမယ့်လည်း Jason ကတော့ “သူ့ရဲ့သေဆုံးမှုဟာ Batman ရဲ့အမှားမဟုတ်ဘဲ Batman ရဲ့အမိန့်ကို မလိုက်နာခဲ့တဲ့ သူကိုယ်တိုင်ရဲ့အမှားပါ” လို့ Batman ဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Boston ဟာ Jason ကို တမလွန်ဘဝကို လမ်းပြခဲ့ပေမယ့်လည်း Boston ရဲ့ရန်သူတစ်ယောက် ဖြစ်တဲ့ မှော်ပညာရှင် Darius Caldera ဟာ Jason ရဲ့ဝိဉာဉ်ကို ဖမ်းချုပ်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Jason ဟာ Lazarus ရေကန်ကြောင့် အသက်ပြန်လည်ရှင်သန်လာပြီး ပုံမှန်လူတစ်ယောက် ပြန်ဖြစ်လာပေမယ့်လည်း သူ့ရဲ့စိတ်ဓာတ်ကတော့ ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Anti-hero ဖြစ်တဲ့ Red Hood ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Boston ကူညီခဲ့တဲ့လူတွေ တော်တော်များများလိုပဲ Boston ဟာ သူ့ကိုကယ်တင်ဖို့အတွက် ကြိုးစားခဲ့တယ်ဆိုတာကို မေ့သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Boston ရဲ့ကူညီမှုဟာ  Jason ရဲ့သေဆုံးမှုကို မတားဆီးနိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့နောက်ဆုံးအချိန်မှာ အကူအညီမဲ့နေတာမဟုတ်ခဲ့ဘူးဆိုတာကိုတော့ ပရိသတ်တွေဟာ သိခဲ့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Jason Todd ဟာ ဒုတိယေျမာက္ Robin ျဖစ္ၿပီး တစ္ရက္မွာေတာ့ Joker ဟာ သံတူ႐ြင္းနဲ႔ ရက္ရက္စက္စက္ ႐ိုက္သတ္လိုက္တာကို ခံလိုက္ရသူ တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူဟာ အသက္ျပန္ရွင္လာၿပီးေတာ့ Red Hood ျဖစ္လာခဲ့ပါတယ္။ Jason Todd ရဲ႕ ေသဆုံးမႈဟာ Batman ရဲ႕ အႀကီးမားဆုံး ဆုံးရႈံးမႈတစ္ခုလို႔ ေျပာလို႔ရၿပီးေတာ့ DC ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားလည္း ဒီအျဖစ္အပ်က္ကို သိၾကမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္လည္း အဲ့လိုမ်ိဴး Jason Todd ဟာ ေသေဘးကို ႀကဳံေနရတဲ့အခ်ိန္မွာေတာ့ သူဟာ လုံးဝကို အကူအညီမဲ့ေနတာ မဟုတ္ဘဲ ဟီး႐ိုးတစ္ေယာက္ျဖစ္တဲ့ Deadman ဟာ သူ႔ကို ကယ္တင္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ အခုေဖာ္ျပသြားမွာကေတာ့ Deadman ဟာ ဘယ္လိုမ်ိဴး ကယ္တင္ဖို႔ ႀကိဳးစားသြားလည္းဆိုတာပဲ ျဖစ္ၿပီး အရင္တုန္းက ဘာလို႔ အခုေဖာ္ျပမယ့္ ဇာတ္လမ္းကို မသိရတာလည္း ဆိုတာကိုပါ ရွင္းျပသြားမွာ ျဖစ္ပါတယ္။

Deadman ဟာ DC ရဲ႕ထူးျခားတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တာေၾကာင့္ ပထမဆုံး သူ႔ရဲ႕အေၾကာင္းကို အနည္းငယ္ ရွင္းျပသြားမွာျဖစ္ပါတယ္။ အစတုန္းကေတာ့ သူဟာ စက္ကပ္တစ္ခုမွာ ဂြၽမ္းဘားကစားသူ တစ္ေယာက္ ျဖစ္ၿပီး တစ္ေန႔မွာေတာ့ အသတ္ခံလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ သရဲျဖစ္သြားၿပီး သက္ရွိေတြကို ဝင္ေရာက္ပူးကပ္ႏိုင္တဲ့ အစြမ္းကို ရရွိသြားခဲ့ပါတယ္။ သူ႔ရဲ႕နာမည္အရင္းဟာ Boston Brand ျဖစ္ေပမယ့္လည္း အဲ့ဒီေနာက္မွာေတာ့ သူစက္ကပ္ကစားတုန္းက နာမည္ျဖစ္တဲ့ Deadman ကိုပဲ အသုံးျပဳပါတယ္။

Boston ဟာ သရဲျဖစ္သြားေၾကာင့္ သူ႔ကို ဘယ္သူ႔မွမျမင္ရဘဲ ပူးကပ္လို႔ရတဲ့ စြမ္းအားကို အသုံးျပဳၿပီးေတာ့ လူေတြကို ေနာက္ကြယ္ကေန ကယ္တင္ေနခဲ့ပါတယ္။ သူဟာ DC universe အေရးႀကီးတဲ့ ျဖစ္ရပ္ေတြ ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ေနခဲ့ေပမယ့္လည္း သူ႔ကို ဘယ္သူမွ မျမင္ရတာေၾကာင့္ သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈေတြကို ဘယ္သူကမွ မသိၾကတာ ျဖစ္ပါတယ္။ ဒါကေတာ့ Jason Todd ရဲ႕ေသဆုံးမႈကို သူကယ္တင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ဘယ္သူကမွ မသိရတဲ့ အေၾကာင္းအရင္းကို ရွင္းျပထားတာ ျဖစ္ၿပီးေတာ့ ဘယ္လိုမ်ိဴး ႀကိဳးစားခဲ့လည္းဆိုတာကိုေတာ့ ေအာက္မွာ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

Deadman ရဲ႕အေၾကာင္းကို ေရးသားထားတဲ့ Dead Again ဆိုတဲ့ မီနီေကာမစ္ထဲမွာေတာ့ အခုအျဖစ္အပ်က္အေၾကာင္းကို ေဖာ္ျပခဲ့ပါတယ္။ တစ္ရက္မွာေတာ့ Boston က စြန႔္ပစ္ထားတဲ့ ဂိုေထာင္ႀကီးတစ္ခုနားကို ေရာက္သြားၿပီး Joker ဟာ သံတူ႐ြင္းကို လက္မွာကိုင္ၿပီး Jason ကို ရက္စက္စြာ ႐ိုက္ႏွိက္ေနတာကို ေတြ႕လိုက္ရပါတယ္။ သူဟာ Jason ကို မေသေစခ်င္တာေၾကာင့္ Joker ရဲ႕ခႏၶာကိုယ္ကို ဝင္ပူးကပ္ၿပီးေတာ့ တားဆီးဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း Joker ရဲ႕႐ူးသြပ္မႈေၾကာင့္ Boston ဟာ သူ႔ကိုထိန္းခ်ဳပ္ဖို႔အတြက္ အခက္အခဲေတြ႕ခဲ့ေပမယ့္လည္း သူ႔ရဲ႕လက္ထဲက သံတူ႐ြင္းကိုေတာ့ လႊတ္က်သြားေအာင္ေတာ့ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

photo via screenrant

အဲ့ဒီေနာက္မွာေတာ့ Joker ဟာ ထြက္သြားၿပီးေတာ့ Jason နဲ႔ သူ႔အေမကို ထားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Boston ဟာ သူတို႔ကယ္ဖို႔အတြက္ ဝင္ပူးစရာ ခႏၶာကိုယ္ႏွစ္ခုပဲ ရွိပါေတာ့တယ္။ ပထမဆုံးေတာ့ သူဟာ သတိလစ္ေနတဲ့ Jason ရဲ႕ခႏၶာကိုယ္ထဲကို ဝင္ပူးလိုက္ၿပီး သူ႔ရဲ႕ခႏၶာကိုယ္မွာ ရွိတဲ့အ႐ိုးေတြအကုန္လုံး က်ိဴးေၾကေနတာကို သိလိုက္ရပါေတာ့တယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ နာက်င္မႈကို သည္းခံၿပီးေတာ့ Jason ရဲ႕အေမကို ႀကိဳးျဖည္ေပးဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ပါဘူး။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Jason ရဲ႕အေမကို ဝင္ပူးကပ္ခဲ့ေပမယ့္လည္း သူ႔ကိုယ္သူ ႀကိဳးမျဖည္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း Jason ဟာ အဲ့ဒီအခ်ိန္မွာ ထလာၿပီးေတာ့ သူ႔ရဲ႕အေမကို ႀကိဳးျဖည္ေပးႏိုင္ခဲ့ေပမယ့္လည္း ဗုံးကိုေတာ့ အခ်ိန္မီမျဖဳတ္ႏိုင္ခဲ့ပါဘူး။

အဲ့ဒါေၾကာင့္ပဲ Jason နဲ႔ သူ႔ရဲ႕အေမဟာ ေသဆုံးသြားၾကၿပီးေတာ့ Jason ရဲ႕ဝိဉာဥ္ဟာ Boston နဲ႔ေတြ႕ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Jason က သူ႔ရဲ႕ေသဆုံးသြားတဲ့အေမကို ကန္ေတာ့ခဲ့ၿပီးေတာ့ တစ္ခ်ိန္တည္းမွာပဲ Batman ဟာ ေရာက္လာခဲ့ပါတယ္။ Boston ဟာ အခုလိုမ်ိဴး ကေလးတစ္ေယာက္ကို Joker နဲ႔ရင္ဆိုင္ဖို႔အတြက္ ခြင့္ျပဳေပးခဲ့လို႔ Batman ကိုေဒါသထြက္ခဲ့ေပမယ့္လည္း Jason ကေတာ့ “သူ႔ရဲ႕ေသဆုံးမႈဟာ Batman ရဲ႕အမွားမဟုတ္ဘဲ Batman ရဲ႕အမိန႔္ကို မလိုက္နာခဲ့တဲ့ သူကိုယ္တိုင္ရဲ႕အမွားပါ” လို႔ Batman ဘက္ကေန ကာကြယ္ေျပာဆိုခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Boston ဟာ Jason ကို တမလြန္ဘဝကို လမ္းျပခဲ့ေပမယ့္လည္း Boston ရဲ႕ရန္သူတစ္ေယာက္ ျဖစ္တဲ့ ေမွာ္ပညာရွင္ Darius Caldera ဟာ Jason ရဲ႕ဝိဉာဥ္ကို ဖမ္းခ်ဳပ္ထားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Jason ဟာ Lazarus ေရကန္ေၾကာင့္ အသက္ျပန္လည္ရွင္သန္လာၿပီး ပုံမွန္လူတစ္ေယာက္ ျပန္ျဖစ္လာေပမယ့္လည္း သူ႔ရဲ႕စိတ္ဓာတ္ကေတာ့ ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Anti-hero ျဖစ္တဲ့ Red Hood ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Boston ကူညီခဲ့တဲ့လူေတြ ေတာ္ေတာ္မ်ားမ်ားလိုပဲ Boston ဟာ သူ႔ကိုကယ္တင္ဖို႔အတြက္ ႀကိဳးစားခဲ့တယ္ဆိုတာကို ေမ့သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း Boston ရဲ႕ကူညီမႈဟာ  Jason ရဲ႕ေသဆုံးမႈကို မတားဆီးႏိုင္ခဲ့ေပမယ့္လည္း သူ႔ရဲ႕ေနာက္ဆုံးအခ်ိန္မွာ အကူအညီမဲ့ေနတာမဟုတ္ခဲ့ဘူးဆိုတာကိုေတာ့ ပရိသတ္ေတြဟာ သိခဲ့ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular