HomeCharacterDoctor Strange 2 ထဲက America Chavez ရဲ့ Origin နဲ့ စွမ်းအားများ

Doctor Strange 2 ထဲက America Chavez ရဲ့ Origin နဲ့ စွမ်းအားများ

Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာတော့ Xochitl Gomez ဟာ ဇာတ်ကောင်အသစ် ဖြစ်တဲ့ America Chavez နေရာမှာ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ သူမရဲ့ ပွဲဦးထွက် ရုပ်ရှင်ပဲ ဖြစ်ပြီး ဒီဇာတ်လမ်းထဲက အဓိကနေရာမှာ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူမရဲ့ဘဝအကြောင်းကို သိပ်ပြီး မတွေ့ရသေးတာကြောင့် ကောမစ်ထဲက သူမရဲ့ Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

Origin

photo via screenrant

America Chavez ကတော့ Utopian Parallel လို့ခေါ်တဲ့ ဒိုင်မေးရှင်းတစ်ခုက လာတာဖြစ်ပြီး Multiverse တစ်ခုလုံးရဲ့ စွမ်းအားအကြီးဆုံး ချန်ပီယံတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ အဲဒီဒိုင်မေးရှင်းကို ဖန်ဆင်းရှင် God တစ်ယောက် ဖြစ်တဲ့ Demiurge က အုပ်စိုးထားပြီး America ကတော့ Demiurge အနားမှာ ကြီးပြင်းလာသူပဲ ဖြစ်ပါတယ်။ သူမဟာ တဖြည်းဖြည်းနဲ့ စွမ်းအားတွေကို စုပ်ယူပြီး နောက်ပိုင်းမှာတော့ Multiverse တစ်ခုလုံးရဲ့ စွမ်းအားအကြီးဆုံးသူတွေထဲက တစ်ယောက် ဖြစ်လာပါတော့တယ်။

သူမဟာ ဟီးရိုးတစ်ယောက် ဖြစ်ကြောင်း သက်သေပြဖို့အတွက် Universe တွေ တစ်ခုနဲ့တစ်ခု ခုန်ကူးခဲ့ပါတယ်။ ကောမစ်ထဲမှာ ဆိုရင်တော့ Multiverse နဲ့ ပတ်သက်တဲ့ ကောမစ်အများစုမှာ သူမ ပါဝင်နေပါတယ်။ တစ်ခါတုန်းကဆိုရင် Demiurge ဖြစ်လာမယ့် Young Avengers အဖွဲ့ဝင် Wiccan ကို ကာကွယ်ဖို့အတွက် အဲဒီအဖွဲ့ထဲကို ဝင်ရောက်ခဲ့ဖူးပြီး သူမကို အဲဒီအဖွဲ့ထဲကို ဝင်ရောက်စေဖို့အတွက် Loki က လှည့်စားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Marvel ရဲ့ မိန်း Universe ထဲက Teen Brigade အဖွဲ့ခေါင်းဆောင် Ultimate Nullifier နဲ့ ခဏတာ တွဲခဲ့ဖူးပါသေးတယ်။ အဲဒီနောက်မှာတော့ ဒါဟာ သူမအတွက် စမ်းသပ်မှုတစ်ခုပဲ ဖြစ်ပြီး သူမဟာ Bisexual ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

စွမ်းအားများ

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ သူမဟာ Multiverse ထဲက စွမ်းအားအကြီးဆုံး တစ်ယောက် ဖြစ်သလို Loki ကလည်း “လပေါ်ကိုတောင် တင့်ကားတွေ ပစ်လွှတ်နိုင်ပြီး အနိုင်ယူဖို့ အလွန်ခက်ခဲတဲ့ အမျိူးသမီးတစ်ဦး” လို့ သူမကို ပြောခဲ့ဖူးပါတယ်။ သူမဟာ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စွမ်းအင်တွေကို အသုံးပြုကာ သူမရဲ့ခွန်အားကို တိုးလာအောင် ပြုလုပ်နိုင်ပါတယ်။ ခွန်အားကို အဓိကအသုံးပြုရတဲ့ လက်ဗလာ တိုက်ခိုက်မှုမှာတောင် သူမဟာ Asgardian တွေနဲ့ အလွယ်တကူပဲ ယှဉ်နိုင်ခဲ့ဖူးပါတယ်။

photo via screenrant

သူမရဲ့ အဓိကစွမ်းအားကတော့ ကြယ်ပုံစံ ပေါ်တယ်လ် အပေါက်တွေ ဖွင့်ပြီး Multiverse ထဲမှာ ခရီးသွားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Marvel ရဲ့ Cosmic ဟီးရိုးအများစုလိုပဲ သူမမှာလည်း “Cosmic Awareness” ဆိုတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။ အဲဒါကတော့ Space နဲ့ Time မှာ နှောင့်ယှက်မှုတွေ ရှိလာတဲ့အချိန်နဲ့ Multiverse တစ်ခုလုံး ဒုက္ခရောက်စေမယ့် အရာတွေ ဖြစ်လာတဲ့အချိန်မှာ အဲဒီအရာတွေကို အလိုလို အာရုံခံစားမိတဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ “Cosmic Awareness” စွမ်းရည်ဟာ မြင့်မားနေတာကြောင့် သူမဟာ အဲဒီစွမ်းရည်ကို GPS လိုအသုံးပြုကာ Multiverse ထဲမှာ ခရီးသွားပါတယ်။ ဒါကြောင့်ပဲ သူမကိုယ်တိုင်က ဟာသအနေနဲ့ ဒီစွမ်းရည်ကို “Multiversal GPS” လို့ ခေါ်ဆိုပါတယ်။ ဒါကတော့ America Chavez ရဲ့ ကောမစ် origin နဲ့ စွမ်းအားတွေအကြောင်း ဖြစ်ပါတယ်။ အခုလို ဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular