HomeCharacterDoctor Strange 2 ထဲမှာ ပါဝင်လာမယ့် America Chavez ရဲ့ စွမ်းအားများ

Doctor Strange 2 ထဲမှာ ပါဝင်လာမယ့် America Chavez ရဲ့ စွမ်းအားများ

Doctor Strange in the Multiverse of Madness ရုပ်ရှင်ကတော့ လာမယ့် မေလထဲမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ America Chavez လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ သူမကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Vengeance ကောမစ်စီးရီးမှာ စတင်ပါဝင်လာတာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ထုတ်လုပ်သူ Richie Palmer က သူမရဲ့ စွမ်းအားတွေအကြောင်းကို ပြောပြထားပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ သူမဟာ Superhuman Strength ၊ Speed ၊ လေပေါ်ပျံခြင်းနဲ့ အချိန်ခရီးသွားခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သူမဟာ Multiverse တွေကို ကူးဖြတ်သွားလာနိုင်တဲ့ ကြယ်ပုံစံ ပေါ်တယ်လ် အပေါက်တွေကိုလည်း ဖန်တီးနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း MCU ဟာ ကောမစ်ထဲက ပုံစံတွေကို Live Action မှာ ပြုပြင်ပြောင်းလဲလေ့ ရှိတာကြောင့် သူမကို ဘယ်လိုပုံစံနဲ့ မြင်တွေ့ရမလည်းဆိုတာ ရင်ခုန်စရာပါပဲ။

D23 မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ထုတ်လုပ်သူ Richie Palmer က America Chavez အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။

photo via screenrant

“ကျွန်တော်တို့က America chavez ကို MCU ထဲ ထည့်သွင်းဖို့ ကြိုးစားနေတာ ကြာပါပြီ။ ဒီရုပ်ရှင်ရဲ့ နာမည်ကလည်း Multiverse ဖြစ်နေပြီး သူမရဲ့ စွမ်းအားကလည်း Multiverse နဲ့ သက်ဆိုင်နေပါတယ်။ သူမရဲ့ စွမ်းအားက universe တွေ တစ်ခုပြီးတစ်ခုကို တံခါးပေါက်တွေ ဖွင့်နိုင်တာပေါ့။ ဒီအစွမ်းက ကျွန်တော်တို့ရဲ့ ရုပ်ရှင်တွေထဲမှာ အခုထိ မမြင်ရသေးဘူးလေ။ Chavez က universe တွေ တစ်ခုပြီးတစ်ခု သွားလာနိုင်တာကြောင့် Multiverse ကြီးကို ကာကွယ်ဖို့ ဆုံးဖြတ်ထားတဲ့ Doctor Strange တို့၊ Wong တို့နဲ့လည်း ပြဿနာတွေ ဖြစ်လာနိုင်ပါတယ် … “

မူလကတော့ သူမကို Spider-Man: No Way Home ထဲမှာ ထည့်သွင်းဖို့ စီစဉ်ထားပေမယ့်လည်း ဇာတ်ညွှန်းဆရာတွေက ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို သုံးခါတောင် ပြန်လည် ပြင်ဆင်ခဲ့တာကြောင့် သူမရဲ့ အခန်းကဏ္ဍက ပယ်ဖျက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မကြာခင် ရုံတင်ပြသတော့မယ့် Doctor Strange in the Multiverse of Madness ထဲမှာတော့ သူမကို သေသေချာချာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular