HomeEntertainmentFilmDoctor Strange 2 ရဲ့ဇာတ်လမ်းကို လွန်ခဲ့တဲ့ (၇)နှစ်တည်းက ခန့်မှန်းခဲ့တဲ့ Elizabeth Olsen

Doctor Strange 2 ရဲ့ဇာတ်လမ်းကို လွန်ခဲ့တဲ့ (၇)နှစ်တည်းက ခန့်မှန်းခဲ့တဲ့ Elizabeth Olsen

*** Spoiler Alert ***

Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာတော့ Scarlet Witch ဟာ အဓိကကျတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ Elizabeth Olsen ကတော့ ဒီဇာတ်လမ်းကို လွန်ခဲ့တဲ့ (၇)နှစ်ကတည်းက ခန့်မှန်းခဲ့တယ်လို့ သိရပါတယ်။ စူပါဟီးရိုးတွေကတော့ သာမန်လူတွေရဲ့ဘဝနဲ့ ယှဉ်လိုက်ရင် သူတို့ဘဝမှာ ပိုမိုခက်ခဲ ကြမ်းတမ်းလေ့ရှိပြီး Wanda ဟာ တခြားစူပါဟီးရိုးတွေနဲ့ ယှဉ်လိုက်ရင်တောင် ပျော်စရာကောင်းတဲ့ အခိုက်အတန့်တွေက အလွန်နည်းပါးခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဟာ နောက်ဆုံးမှာတော့ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Doctor Strange ဟာ Multiverse နဲ့ ပတ်သတ်တဲ့ ပြဿနာတွေကြောင့် Wanda ကို အကူအညီသွားတောင်းခဲ့ပေမယ့်လည်း Wanda ကတော့ Doctor Strange ကို ကူညီရမယ့်အစား သူ့ရဲ့ကလေးနှစ်ယောက်ကို ပြန်လည် ရရှိဖို့အတွက် Doctor Strange တို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် Wanda ဟာ သူမ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် လူတွေ သတ်ဖြတ်ခဲ့ပြီး ဒီရုပ်ရှင်ထဲမှာတော့ အလွန်စွမ်းအားကြီးတဲ့ Scarlet Witch ကို မြင်တွေ့ခဲ့ရပါတယ်။

လွန်ခဲ့တဲ့(၇)နှစ်ကာလ Avengers: Age of Ultron ထွက်မလာခင်တုန်းကတော့ Elizabeth Olsen ဟာ သူမရဲ့ MCU ထဲက အနာဂတ်ကို ဘယ်လိုဖြစ်စေချင်တယ် ဆိုတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အဲဒါကတော့ House of M ဇာတ်လမ်းထဲမှာ ပါဝင်ချင်တာပဲ ဖြစ်ပြီး Elizabeth Olsen ဟာ “သူ့မှာ အတုအယောင် ကလေးနှစ်ယောက် ရှိခဲ့ပြီး လူတိုင်းက အဲဒီကလေးတွေ တကယ်မရှိပါဘူးလို့ ပြောနေရင်တော့ သူလည်း စိတ်ဖောက်ပြန်သွားမှာပဲလေ …” ဆိုပြီးတော့တောင် ပြောခဲ့ပါသေးတယ်။

Photo Credit: Marvel Studios/ Disney Studios

Elizabeth Olsen ပြောပြခဲ့တဲ့ စကားထဲမှာ “အတုအယောင် ကလေးနှစ်ယောက် ရှိခဲ့ပြီး” ဆိုတာကတော့ WandaVision ရဲ့ ဇာတ်လမ်းအကျဉ်းချုပ် ဖြစ်နေပါတယ်။ WandaVision ထဲမှာတော့ သူမဟာ ပျော်ရွှင်စရာ မိသားစုလေးတစ်ခု လိုချင်တာကြောင့် West View မြို့တစ်မြို့လုံးရဲ့ Reality ကို ပြောင်းလဲပစ်ခဲ့ပြီး Billy နဲ့ Tommy တို့ကိုလည်း ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ ကလေးတွေကို ဆုံးရှုံးလိုက်ရတာကြောင့် Doctor Strange 2 ထဲမှာ အဲဒီကလေးနှစ်ယောက်ကို ပြန်လည်ရယူဖို့ ကြိုးစားတာကို မြင်တွေ့ခဲ့ရပါတယ်။ “စိတ်ဖောက်ပြန်သွားမှာပဲ” ဆိုတဲ့ စကားကတော့ Doctor Strange 2 ထဲမှာ မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular