HomeEntertainmentFilmDoctor Strange 2 ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ Sylvie နဲ့ Mobius

Doctor Strange 2 ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ Sylvie နဲ့ Mobius

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရှေ့နှစ်မှာ ထွက်ရှိလာမယ့် Doctor Strange in the Multiverse of Madness ထဲမှာတော့ Loki ဇာတ်လမ်းတွဲထဲက Sylvie နဲ့ Mobius တို့ ပါဝင်လာဦးမယ်လို့ သတင်းထွက်နေပါတယ်။ လောလောဆယ်မှာတော့ MCU Phase 4 ရဲ့ ပရိသတ် စိတ်ဝင်အစားဆုံးဖြစ်နေတဲ့ ရုပ်ရှင်ထဲမှာတော့ Spider-Man: No Way Home နဲ့ Doctor Strange in the Multiverse of Madness တို့က ထိပ်ဆုံးမှာ တည်ရှိနေပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ WandaVision နဲ့ တိုက်ရိုက်သွားဆက်မှာ ဖြစ်တာကြောင့် Scarlet Witch လည်း ပါဝင်လာမယ်လို့ အတည်ပြုပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ WandaVision တစ်ခုတည်းနဲ့ ဆက်စပ်နေမှာ မဟုတ်ဘဲ Loki ဇာတ်လမ်းတွဲနဲ့ပါ ဆက်စပ်နေမယ်လို့ သတင်းထွက်နေပါတယ်။ ဒါကြောင့်ပဲ မကြာသေးခင်က Doctor Strange 2 ထဲမှာတော့ Loki လည်း ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။

The DisInsider Show မှာ ဖော်ပြသွားတဲ့အတိုင်း ဆိုရင်တော့ Loki ဇာတ်လမ်းတွဲထဲက ပရိသတ်တွေရဲ့ အကြိုက်ဆုံးဇာတ်ကောင်တွေ ဖြစ်တဲ့ Mobius နဲ့ Sylvie တို့လည်း Doctor Strange in the Multiverse of Madness ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။ လောလောဆယ်အထိတော့ ဒီလောက်ပဲ သိရထားပြီး ဘယ်လိုနေရာတွေမှာ ပါဝင်လာမယ် ဆိုတာ မသိရသေးပါဘူး။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Loki အပါအဝင် ဒီဇာတ်ကောင်နှစ်ယောက် ပါဝင်လာမယ်ဆိုတာ အခုချိန်ထိတော့ ကောလာဟလအဆင့်ပဲ ရှိသေးပြီး Marvel က တရားဝင်မကြေညာသေးပါဘူး။

photo via screenrant

အကယ်၍ ဒီရုပ်ရှင်ထဲမှာ Loki ပါဝင်လာမယ် ဆိုရင်တော့ Sylvie ကလည်း သေချာပေါက်နီးပါး ပါဝင်လာနိုင်ပါတယ်။ Loki Season 2 ဟာ ၂၀၂၃ ခုနှစ်လောက်အထိ ထွက်လာဦးမှာ မဟုတ်ဘူးလို့ Kevin Feige ကိုယ်တိုင်က ပြောခဲ့ပါတယ်။ Season 1 နဲ့ 2 ကြားထဲမှာ အချိန်က အနည်းဆုံး (၂) နှစ်လောက် ကွာဟနေမှာ ဖြစ်တာကြောင့် Loki နဲ့ Sylvie တို့ရဲ့ ဇာတ်လမ်းဟာ Doctor Strange 2 မှာ သွားပြီး ဆက်နေမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းက အမှန်ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

ေရွ႕ႏွစ္မွာ ထြက္ရွိလာမယ့္ Doctor Strange in the Multiverse of Madness ထဲမွာေတာ့ Loki ဇာတ္လမ္းတြဲထဲက Sylvie နဲ႔ Mobius တို႔ ပါဝင္လာဦးမယ္လို႔ သတင္းထြက္ေနပါတယ္။ ေလာေလာဆယ္မွာေတာ့ MCU Phase 4 ရဲ႕ ပရိသတ္ စိတ္ဝင္အစားဆုံးျဖစ္ေနတဲ့ ႐ုပ္ရွင္ထဲမွာေတာ့ Spider-Man: No Way Home နဲ႔ Doctor Strange in the Multiverse of Madness တို႔က ထိပ္ဆုံးမွာ တည္ရွိေနပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ WandaVision နဲ႔ တိုက္႐ိုက္သြားဆက္မွာ ျဖစ္တာေၾကာင့္ Scarlet Witch လည္း ပါဝင္လာမယ္လို႔ အတည္ျပဳၿပီးသား ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ဟာ WandaVision တစ္ခုတည္းနဲ႔ ဆက္စပ္ေနမွာ မဟုတ္ဘဲ Loki ဇာတ္လမ္းတြဲနဲ႔ပါ ဆက္စပ္ေနမယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါေၾကာင့္ပဲ မၾကာေသးခင္က Doctor Strange 2 ထဲမွာေတာ့ Loki လည္း ပါဝင္လာမယ္လို႔ သတင္းထြက္ေနပါတယ္။

The DisInsider Show မွာ ေဖာ္ျပသြားတဲ့အတိုင္း ဆိုရင္ေတာ့ Loki ဇာတ္လမ္းတြဲထဲက ပရိသတ္ေတြရဲ႕ အႀကိဳက္ဆုံးဇာတ္ေကာင္ေတြ ျဖစ္တဲ့ Mobius နဲ႔ Sylvie တို႔လည္း Doctor Strange in the Multiverse of Madness ထဲမွာ ပါဝင္လာမယ္လို႔ သတင္းထြက္ေနပါတယ္။ ေလာေလာဆယ္အထိေတာ့ ဒီေလာက္ပဲ သိရထားၿပီး ဘယ္လိုေနရာေတြမွာ ပါဝင္လာမယ္ ဆိုတာ မသိရေသးပါဘူး။ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Loki အပါအဝင္ ဒီဇာတ္ေကာင္ႏွစ္ေယာက္ ပါဝင္လာမယ္ဆိုတာ အခုခ်ိန္ထိေတာ့ ေကာလာဟလအဆင့္ပဲ ရွိေသးၿပီး Marvel က တရားဝင္မေၾကညာေသးပါဘူး။

photo via screenrant

အကယ္၍ ဒီ႐ုပ္ရွင္ထဲမွာ Loki ပါဝင္လာမယ္ ဆိုရင္ေတာ့ Sylvie ကလည္း ေသခ်ာေပါက္နီးပါး ပါဝင္လာႏိုင္ပါတယ္။ Loki Season 2 ဟာ ၂၀၂၃ ခုႏွစ္ေလာက္အထိ ထြက္လာဦးမွာ မဟုတ္ဘူးလို႔ Kevin Feige ကိုယ္တိုင္က ေျပာခဲ့ပါတယ္။ Season 1 နဲ႔ 2 ၾကားထဲမွာ အခ်ိန္က အနည္းဆုံး (၂) ႏွစ္ေလာက္ ကြာဟေနမွာ ျဖစ္တာေၾကာင့္ Loki နဲ႔ Sylvie တို႔ရဲ႕ ဇာတ္လမ္းဟာ Doctor Strange 2 မွာ သြားၿပီး ဆက္ေနမယ္ဆိုတာ ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီသတင္းက အမွန္ျဖစ္လာမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular