HomeEntertainmentFilmDoctor Strange in the Multiverse of Madness ရုပ်ရှင်နောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Doctor Strange in the Multiverse of Madness ရုပ်ရှင်နောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Doctor Strange in the Multiverse of Madness ရုပ်ရှင်ကတော့ မေလ(၆)ရက်နေ့က စတင်ပြီး ရုံတင်ပြသနေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Doctor Strange နဲ့ Wanda တို့ရဲ့ Variant တွေကို မြင်တွေ့ခဲ့ရသလို MCU ထဲက Illuminati အဖွဲ့ကိုလည်း ပထမဆုံး မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဇာတ်ကောင်အသစ်ဖြစ်တဲ့ America Chavez ကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ ဒီအချက်တွေကြောင့်ပဲ ဒီရုပ်ရှင်ဟာ စိတ်ဝင်စားစရာ ဖြစ်နေပြီး ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာလည်း စိတ်ဝင်စားစရာ အချက်တွေ ရှိနေပါသေးတယ်။

ဒါရိုက်တာ Sam Raimi ဟာ Marvel ရုပ်ရှင်လေးကားပဲ ကြည့်ဖူးပါတယ်။

photo via screenrant

Marvel Cinematic Universe ဟာ ယခုအချိန်မှာတော့ ဟောလိဝုဒ်ရဲ့အကြီးမားဆုံး Franchise တစ်ခု ဖြစ်နေပြီး Box-Office မှာလည်း ဝင်ငွေအမြင့်ဆုံးနေရာတွေကို ရယူထားနိုင်ပါတယ်။ သို့ပေမယ့်လည်း Doctor Strange 2 ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Sam Raimi ကတော့ ဒီရုပ်ရှင်ကို မရိုက်ခင်မှာ Marvel ရုပ်ရှင်လေးကားပဲ ကြည့်ဖူးတယ်လို့ ဆိုပါတယ်။ သူကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေကတော့ Iron Man ၊ Captain America: The First Avenger ၊ Black Panther နဲ့ Doctor Strange တို့ပဲ ဖြစ်ပါတယ်။

Benedict Cumberbatch ဟာ ဒီရုပ်ရှင်က သူ့ရဲ့ရုပ်ရှင် မဟုတ်မှန်း သိခဲ့ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ Doctor Strange ရဲ့ Sequel ဆိုပေမယ့်လည်း သူ့ရဲ့ရုပ်ရှင်ဆိုတာထက် Wanda ရဲ့ရုပ်ရှင်လို့ပြောရင် ပိုပြီးတော့တောင် မှန်နေနိုင်ပါတယ်။ Benedict ဟာ ဒီရုပ်ရှင်ထဲမှာတော့ Wanda ၊ America Chavez တို့အပြင် တခြား Cameo ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့အတူ ပါဝင်ခဲ့ရပါတယ်။ သူဟာ ဒီရုပ်ရှင်က Doctor Strange ရဲ့အကြောင်းကို အဓိကဖန်တီးသွားမှာ မဟုတ်တဲ့အကြောင်း အစကတည်းက သိထားခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောပြထားပါတယ်။

Elizabeth Olsen နဲ့ Benedict Cumberbatch တို့ဟာ အကပညာတွေရဲ့ အကူအညီနဲ့ လက်ပုံသဏ္ဍာန်တွေကို ဖန်တီးခဲ့ပါတယ်။

photo via screenrant

Wanda ကတော့ အလွန်စွမ်းအားကြီးတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး သူမရဲ့ အဓိကစွမ်းအားကတော့ စိတ်စွမ်းအားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစွမ်းအားကို အသုံးပြုဖို့အတွက် သူမရဲ့လက်ကို အဓိက အသုံးချရပါတယ်။ Elizabeth ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Age of Ultron ထဲမှာ စတင်ပါဝင်ခဲ့ပြီး အဲဒီအချိန်ကနေ ယခုအထိ အကပညာရှင်တစ်ယောက်နဲ့အတူ ပူးပေါင်း ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ Elizabeth တင်မဟုတ်ဘဲ Benedict ဟာလည်း လက်ကွက်တွေကို ဖန်တီးဖို့အတွက် အကပညာရှင်တစ်ယောက်နဲ့ အတူတူ ပူးပေါင်း ဖန်တီးခဲ့ရတယ်လို့လည်း သိရပါတယ်။

Original Cut ဟာ သုံးနာရီနီးပါး ကြာမြင့်ပါတယ်။

photo via screenrant

Doctor Strange 2 နဲ့ No Way Home တို့ကတော့ Endgame ပြီးကတည်းက ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ရုပ်ရှင်တွေ ဖြစ်ခဲ့ကြပါတယ်။ Endgame ကတော့ သုံးနာရီနီးပါး ကြာမြင့်ခဲ့ပြီး Doctor Strange 2 ရဲ့ Original Cut ဟာလည်း အလားတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် ဇာတ်ဝင်ခန်းတွေကို ဖျက်ထုတ်ပစ်ရင်း ပြသချိန် (၂)နာရီနဲ့ (၆)မိနစ်ပဲ ကျန်ခဲ့တာ ဖြစ်ပါတယ်။

America Chavez ကို ငယ်ရွယ်အောင် ပြုလုပ်ထားတဲ့ Marvel

photo via screenrant

MCU ရဲ့ ပထမဆုံး Phase သုံးခုမှာတော့ ဆယ်ကျော်သက်အရွယ် စူပါဟီးရိုးတွေ သိပ်မပါဝင်ခဲ့ပေမယ့် Phase 4 ကို ရောက်လာတဲ့ အချိန်မှာတော့ ဆယ်ကျော်သက်အရွယ် စူပါဟီးရိုးတွေကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးလာပါတယ်။ America Chavez ကတော့ အသက် (၁၆)နှစ် ဖြစ်ပြီး လောလောဆယ်မှာတော့ MCU ရဲ့ အသက်အငယ်ဆုံး စူပါဟီးရိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ သူမဟာ အဲဒီလောက် မငယ်ရွယ်ပါဘူး။ America Chavez နေရာမှာ သရုပ်ဆောင်ထားတဲ့ Xochitl Gomez ဟာဆိုရင် ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ ရွေးချယ်ခံရတုန်းက အသက်(၁၄)နှစ်ပဲ ရှိပါသေးတယ်။

ဒါကတော့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာအချက်တချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အခုလိုရုပ်ရှင်ဆိုင်ရာ ဆောင်းပါးတွေနဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖတ်ရှုချင်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular