HomeEntertainmentFilmDoctor Strange in the Multiverse of Madness ထဲက Incursions ဆိုတာ ဘာလဲ?

Doctor Strange in the Multiverse of Madness ထဲက Incursions ဆိုတာ ဘာလဲ?

Doctor Strange in the Multiverse of Madness ရုပ်ရှင်ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပြီး ပရိသတ်တွေ စောင့်မျှော်နေတဲ့ Multiverse ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Incursions ဆိုတဲ့ Multiverse နဲ့ ပတ်သက်တဲ့ နောက်ထပ် ပြဿနာတစ်ခုကိုလည်း အရိပ်အမြွက် ဖော်ပြသွားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အဲဒီ Incursions ဆိုတဲ့ ဖြစ်ရပ်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Incursions ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ် ပြောသွားပါတယ်။ Doctor Strange ဟာ Earth-838 မှာ အဖမ်းခံရပြီးနောက်မှာ The Illuminati အဖွဲ့ဟာ သူတို့ရဲ့ Universe ကို Incursions အပါအဝင် များစွာသော အန္တရာယ်တွေက ကာကွယ်နေတယ်လို့ ဆိုပါတယ်။ MCU ထဲမှာတော့ Incursions ဆိုတာဟာ Universe နှစ်ခု တိုက်မိကြတဲ့ အဖြစ်အပျက်လို့ ပုံဖော်ထားပါတယ်။

photo via screenrant

Earth-838 ရဲ့ Doctor Strange ကတော့ Thanos ကို အနိုင်ယူဖို့ နည်းလမ်းကို ရှာဖွေဖို့အတွက် Darkhold ကို အသုံးပြုကာ တခြား Universe တွေမှာ လိုက်လံရှာဖွေခဲ့ပါတယ်။ Earth-838 ရဲ့ Doctor Strange ကတော့ တခြား Universe ကို နှောင့်ယှက်တာ များသွားတာကြောင့် Incursions ဖြစ်ရပ် ဖြစ်ပေါ်လာပြီး Universe တစ်ခု ပျက်စီးသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ The Illuminati အဖွဲ့ဟာ Thanos ကို အနိုင်ယူပြီးတဲ့ အချိန်မှာတော့ Earth-838 ရဲ့ Doctor Strange ကို အပြစ်ပေးတဲ့အနေနဲ့ သတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုလုပ်ရပ်တွေက Incursions ကို ဖြစ်စေပြီး ဘယ်လိုတားဆီးရမယ် ဆိုတာတွေကိုတော့ မဖော်ပြထားပါဘူး။

ကောမစ်ထဲက Incursions ဖြစ်ရပ်

photo via screenrant

Incursions ဆိုတဲ့ အဖြစ်အပျက်ကိုတော့ Writer Jonathan Hickman က Secret Wars ကောမစ်ကို ဖန်တီးဖို့ Setup အနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပြီး Marvel ကောမစ်ရဲ့ Multiverse ကို Reboot ဖြစ်သွားစေခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Incursions အဖြစ်အပျက်ဟာ Multiverse Timeline ရဲ့ တဖြည်းဖြည်း ကျုံ့ဝင်လာခြင်းကြောင့် ဖြစ်ပေါ်လာတယ်လို့ ဖော်ပြထားပါတယ်။

MCU ထဲမှာလိုပဲ ကောမစ်ထဲမှာလည်း မရေတွက်နိုင်တဲ့ Universe တွေ ရှိနေပြီး အဆုံးသတ်မှာတော့ Universe တစ်ခုစီတိုင်းရဲ့ ကံကြမ္မာဟာ သေဆုံးခြင်းနဲ့ ပျက်စီးခြင်းမှာ လမ်းဆုံးကြရတာကတော့ အတူတူပဲ ဖြစ်ပါတယ်။ Multiverse Timeline ဟာ အလွန်ရှုပ်ထွေးပြီး Universe တွေအားလုံးကလည်း တနည်းနည်းနဲ့ ချိတ်ဆက်မှုတွေ ရှိနေတာကြောင့် Universe တွေ ဖြစ်ပေါ်လာတာနဲ့ ပျက်စီးသွားတာဟာလည်း ဆက်စပ်နေပါတယ်။

ကောမစ်ထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက Fantastic Four အဖွဲ့ရဲ့ ဗီလိန်ဖြစ်သူ Molecule Man ကြောင့် Universe တစ်ခုဟာ အချိန်မတိုင်ခင် ပျက်စီးသွားပါတယ်။ Universe တစ်ခု ပျက်စီးသွားတာနဲ့ နောက်ဆက်တွဲအနေနဲ့ Multiverse ထဲက တခြား Universe တွေကလည်း တဖြည်းဖြည်းနဲ့ ဆက်လက်ပျက်စီးသွားမှာ ဖြစ်ပါတယ်။ Universe နှစ်ခု တိုက်မိကြတဲ့အချိန်မှာတော့ ကမ္ဘာဟာ Incursions ဖြစ်ရပ်ရဲ့ ဆုံမှတ် ဖြစ်နေပါတယ်။ Universe နှစ်ခု တိုက်မိကြတဲ့အခါမှာတော့ အချိန်(၈)နာရီရပြီး အဲဒီအချိန်ကို Incursions လို့ ခေါ်တာပဲ ဖြစ်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Incursions ကို တားဆီးဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေများစွာ ရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ Universe နှစ်ခု တိုက်မိကြတဲ့အချိန်မှာ Incursions ရဲ့ ဆုံမှတ်ဖြစ်တဲ့ ကမ္ဘာတစ်ခုကို ဖျက်ဆီးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် Universe နှစ်ခုနဲ့ ကမ္ဘာတစ်ခုရဲ့ ပျက်စီးမယ့် အန္တရာယ်က ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

တစ်ခါတုန်းကဆိုရင် Avengers တွေဟာ Infinity Gauntlet ကို အသုံးပြုကာ တိုက်မိခါနီးဖြစ်နေတဲ့ တခြားကမ္ဘာတစ်ခုကို တွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ Infinity Stone တွေလည်း ပျက်စီးသွားပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Incursions ဖြစ်ပြီဆိုရင် အချိန်(၈)နာရီရပြီး အဲဒီအချိန်အတွင်းမှာ မတားဆီးနိုင်ရင် Universe နှစ်ခုလုံး ပျက်စီးသွားမှာ ဖြစ်တဲ့အပြင် Multiverse Timeline ကို ပိုမိုသေးငယ်သွားစေကာ နောက်ထပ် Incursions အဖြစ်အပျက်တွေ ထပ်မံဖြစ်ပျက်လာမှာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Incursions အဖြစ်အပျက်ကြောင့် Secret Wars ဖြစ်ပေါ်လာစေပြီး Doctor Strange in the Multiverse of Madness ထဲမှာလည်း Incursions အဖြစ်အပျက်ကို Tease လုပ်သွားပါတယ်။ မကြာခင်က ပြုလုပ်ခဲ့တဲ့ Comic-Con ပွဲမှာလည်း Kevin Feige ဟာ Avengers: Secret Wars ထွက်ရှိလာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ နောက်နှစ်အနည်းငယ်အတွင်းမှာ ပရိသတ်တွေဟာ Endgame ထက် ကြီးမားတဲ့ Crossover တစ်ခုကို ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular