HomeEntertainmentFilmDoctor Strange 2 ကို R-Rated ဖြစ်သင့်တယ်လို့ ငြင်းခုံနေကြတဲ့ ပရိသတ်များ

Doctor Strange 2 ကို R-Rated ဖြစ်သင့်တယ်လို့ ငြင်းခုံနေကြတဲ့ ပရိသတ်များ

Doctor Strange in the Multiverse of Madness ရုပ်ရှင်ကတော့ လက်ရှိမှာ ရုံတင်ပြသနေပြီး ကြည့်ရှုပြီးသွားတဲ့ ပရိသတ်တွေကတော့ ဒီရုပ်ရှင်ထဲက ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေကြောင့် rating မှာ PG-13 မဟုတ်ဘဲ R-Rated ဖြစ်သင့်တယ်လို့ ငြင်းခုံနေကြပါတယ်။ ဒီရုပ်ရှင်ကတော့ ပထမဆုံး ပိတ်ရက်မှာတင် ဝင်ငွေ ဒေါ်လာ(၁၈၅)သန်း ရရှိထားပြီး ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ကလေးသူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ကြောက်လန့်စရာကောင်းတဲ့ ပုံရိပ်တွေနဲ့ တချို့သော ဒိုင်ယာလော့ခ်တွေကြောင့် PG-13 အဖြစ် မသတ်မှတ်သင့်ဘဲ R-Rated အဖြစ် သတ်မှတ်သင့်တယ်လို့ ပရိသတ်တွေကြားမှာ ငြင်းခုံနေရတာ ဖြစ်ပါတယ်။ အင်္ဂလန်က ပရိသတ်တစ်ယောက်ကတော့ Violent တွေ များများစားစား မပါဝင်တဲ့ Venom နှစ်ကားဟာ Rating 15 ရရှိထားပြီး Doctor Strange 2 ကတော့ 12A ရရှိထားတာကို ထောက်ပြထားပါတယ်။

Rating 15 နဲ့ 12A တို့ကတော့ အင်္ဂလန်နိုင်ငံမှာ အသုံးပြုတဲ့ Rating တွေဖြစ်ပြီး 15 ဟာ R-Rated နဲ့ ညီမျှကာ 12A ကတော့ PG-13 နဲ့ ညီမျှပါတယ်။ Venom ရုပ်ရှင်နှစ်ကားနဲ့ Doctor Strange 2 တို့ကို ယှဉ်လိုက်မယ် ဆိုရင်တော့ Doctor Strange 2 က ပိုပြီး Violent ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီအချက်ကြောင့်ပဲ R-Rated အဖြစ် သတ်မှတ်သင့်တယ်လို့ ပရိသတ်တွေက ဆိုနေကြတာ ဖြစ်ပါတယ်။ အကြောင်းကတော့ ယခင် MCU ရုပ်ရှင်ကားတွေဟာ အသက်(၁၃)နှစ်နဲ့အထက် ကြည့်ရှုနိုင်တဲ့ တင်ဆက်မှုတွေ ရှိခဲ့ပေမယ့် Doctor Strange in the Multiverse of Madness ရုပ်ရှင်ကတော့ ဒီလိုအရွယ်ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်ဘူးလို့ ယူဆနေကြတာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း တခြားပရိသတ်တွေကတော့ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ The Ring နဲ့ Drag Me to Hell တို့လို ရုပ်ရှင်တွေတောင် PG-13 အဖြစ်ပဲ သတ်မှတ်ထားတာကြောင့် Doctor Strange 2 ကို PG-13 လို့ သတ်မှတ်တာဟာ လက်ခံနိုင်စရာ ရှိပါတယ်ဆိုပြီး ပြန်လည်ငြင်းခုံနေကြပါတယ်။ ဒီအချက်တွေကတော့ ပရိသတ်တွေကြားထဲမှာ ငြင်းခုံနေကြတာ ဖြစ်ပြီး စာဖတ်သူတွေရဲ့ အမြင်မှာရော ဒီရုပ်ရှင်က PG-13 ဖြစ်သင့်လား၊ R-Rated ဖြစ်သင့်လား ဆိုတာကို Comment မှာ ပြောပြခဲ့ပေးပါဦး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular