HomeCharacterHawkeye ဟာ တိုက်ပွဲပြီးသွားရင် မြားတွေကို ပြန်လိုက်ကောက်ရသလား?

Hawkeye ဟာ တိုက်ပွဲပြီးသွားရင် မြားတွေကို ပြန်လိုက်ကောက်ရသလား?

She-Hulk ဇာတ်လမ်းတွဲထဲမှာတော့ MCU ထဲက ဇာတ်ကောင်တွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ ပတ်သက်တဲ့ Easter Egg တွေနဲ့ Reference တွေ ပါဝင်နေပါတယ်။ အပိုင်း(၂)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပြီး ဒီအပိုင်းထဲမှာတော့ Hawkeye နဲ့ ပတ်သက်ပြီး လူတိုင်းသိချင်နေကြတဲ့ မေးခွန်းတစ်ခုကို Jennifer Walters ရဲ့အဖေက မေးမြန်းခဲ့ပါတယ်။ အဲဒါကတော့ Hawkeye ဟာ တိုက်ပွဲအပြီးမှာ သူ့ရဲ့မြားတွေကို ပြန်ပြီးလိုက်ကောက်ရတာလား ဆိုတာပဲ ဖြစ်ပါတယ်။

photo via screenrant

တကယ်တော့ Hawkeye ဟာ တခါတရံမှသာ မြားတွေကို ပြန်လိုက်ကောက်တဲ့အကြောင်းကို MCU က အတည်ပြုထားပြီးသား ဖြစ်ပါတယ်။ MCU ရဲ့ တလျှောက်လုံးမှာ မြင်တွေ့ခဲ့ရတဲ့ Hawkeye ရဲ့ တိုက်ပွဲတိုင်းမှာ သူဟာ ပစ်ပြီးသား မြားတွေကို သိပ်ပြီးကောက်လေ့ မရှိတာကို တွေ့ရပါတယ်။ ပစ်ပြီးသား မြားတွေက သူနဲ့နီးနေရင်တော့ အဲဒီမြားတွေကို ပြန်လည်အသုံးပြုလေ့ရှိပြီး ဒီလိုဖြစ်ရပ်မျိူးကိုတော့ New York မြို့တိုက်ပွဲလိုမျိုးမှာ မြင်တွေ့နိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ Hawkeye ဟာ ပစ်ပြီးသား မြားတွေကို လိုက်မကောက်ပါဘူး။

Hawkeye ဟာ သူ့ရဲ့မြားတွေကို ပြန်လိုက်မယူဘူး ဆိုတာကတော့ Jennifer Walters ရဲ့အဖေလိုမျိူး သာမန်လူတွေအနေနဲ့ စဉ်းစားကြည့်ရင် အန္တရာယ်များတယ်လို့ ထင်ရပေမယ့်လည်း တကယ်တော့ ဒီအချက်ဟာလည်း သဘာဝကျပါတယ်။ တိုက်ပွဲတစ်ခုပြီးသွားတိုင်း မြားတွေအကုန်လုံးကို လိုက်ကောက်ဖို့ဆိုတာကသာ သဘာဝမကျတာပါ။ အကြောင်းကတော့ Hawkeye ရဲ့ မြားတွေဟာ အဝေးကြီးကို ပစ်လွှတ်ထားတာ ဖြစ်တာကြောင့် ဒီမြားတွေကို ပြန်ကောက်ဖို့အတွက် အချိန်အတော်လေး ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Hawkeye ရဲ့မြားတွေကလည်း Iron Man ရဲ့ နည်းပညာမြင့် လက်နက်တွေလို မဟုတ်ဘဲ သာမန်မြားတွေပဲ ဖြစ်ပါတယ်။ လေးမရှိတဲ့ မြားကတော့ ဘာမှသုံးမရဘဲ လူတိုင်းကလည်း Hawkeye လိုမျိူး လက်တည့်နေတာ မဟုတ်ပါဘူး။

photo via screenrant

Hawkeye ဟာ Trick Arrow တွေကို အသုံးပြုလေ့ ရှိပေမယ့်လည်း ဒီမြားတွေအများစုကတော့ တစ်ကြိမ်သာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Hawkeye အတွက်ကတော့ ပစ်ပြီးသား မြားတွေကို ပြန်လိုက်ကောက်ရတာထက် အသစ်ဖန်တီးလိုက်တာက ပိုပြီးတော့ လွယ်ကူပါတယ်။ ဒါတင်မကသေးဘဲ MCU ရဲ့ အစပိုင်းတွေမှာတော့ Avengers တွေရဲ့ တိုက်ပွဲပြီးသွားရင် Shield အဖွဲ့က ရှင်းလင်းရေးတွေ ပြုလုပ်တာကြောင့် အန္တရာယ်များတဲ့ လက်နက်တွေဟာလည်း Shield အဖွဲ့ဆီကို ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular