HomeEntertainmentFilmချစ်စဖွယ် ခွေးဇာတ်ကောင်များ ပါဝင်တဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားများ 

ချစ်စဖွယ် ခွေးဇာတ်ကောင်များ ပါဝင်တဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ခွေးလေးတွေဟာ လူတွေနဲ့ သိပ်ရင်းနှီးကြပါတယ်။ ရုပ်သံဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်တော်တော်များများမှာ ခွေးဇာတ်ကောင်လေးတွေဟာ အရေးပါတဲ့နေရာကနေ သရုပ်ဆောင်ထားတာတွေ ကြည့်ဖူးကြမှာပါ။ ဒါကြောင့် animated နဲ့ live action ရုပ်ရှင်တွေထဲက နာမည်ကြီး ခွေးဇာတ်ကောင်လေးတွေ ပါဝင်တဲ့ အကောင်းဆုံးဇာတ်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Scooby-Doo ဇာတ်ကားမှ ခွေးလေး Scooby-Doo
Photo Via screenrant

Scooby-Doo ဇာတ်ကားဟာ ကလေးပရိသတ်များစွာရဲ့ အသည်းစွဲ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ဇာတ်ကား ဖြစ်ပါတယ်။ Scooby-Doo ဟာ ၁၉၆၀ခုနှစ် နှောင်းပိုင်းများမှ စတင်ကာ ရုပ်ရှင်ဇာတ်ကားတွေအဖြစ်ရော၊ တီဗွီဇာတ်လမ်းတွဲတွေအဖြစ်နဲ့ပါ အောင်မြင်ကျော်ကြားခဲ့တာ ယနေ့အထိပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက Scooby-Doo ခွေးလေးဟာ ခွေးဇာတ်ကောင်တွေထဲမှာတော့ အရယ်ရဆုံးနဲ့ နာမည်အကြီးဆုံး ခွေးလေးတစ်ကောင် ဖြစ်ပါတယ်။

UP ဇာတ်ကားမှ ဖက်တီးခွေးလေး Dug
Photo Via screenrant

UP ကာတွန်းရုပ်ရှင်ဟာ အဓိပ္ပာယ်များစွာပါဝင်ပြီး ကြည့်ရှုသူတိုင်းကို မျက်ရည်ဝဲစေခဲ့တဲ့ ရုပ်ရှင်ကားလေးအဖြစ် လူသိများပါတယ်။ ဒီကားလေးထဲမှာ ဇာတ်ကောင်တိုင်းက အမှတ်ရစရာ ကောင်းလှပြီး အဲ့ဒီ့ထဲမှာ ချစ်စရာကောင်းတဲ့ ဖက်တီးခွေးလေးတစ်ကောင်လည်း ပါဝင်ပါတယ်။ Dug ဟာ ခွေးလေးတစ်ကောင် ဖြစ်ပေမယ့် လည်ပတ်က စက်ကလေးကြောင့် စက်ရုပ်အသံလေးနဲ့ စကားပြောတတ်တဲ့ ခွေးလေးအဖြစ် ဖန်တီးတင်ဆက်ထားတာဟာ အလွန်ပဲ ချစ်စရာကောင်းပါတယ်။

101 Dalmatians  မှ Pongo
Photo Via screenrant

ခွေးချစ်သူလည်း ဖြစ်မယ်၊ ကာတွန်းဇာတ်ကားလေးတွေကိုလည်း နှစ်သက်မယ်ဆိုရင် 101 Dalmatians ဇာတ်ကားလေးကို ကြည့်ဖူးကြမှာပါ။ ဒီကားထဲမှာတော့ ခွေးလေးတွေ အမြောက်အများ ပါဝင်တာကြောင့် ဘယ်ခွေးလေးကတော့ဖြင့် ချစ်စရာအကောင်းဆုံးလို့ ပြောရမှာ ခက်တော့ခက်ပါတယ်။ ခွေးလေးတွေ TV ကြည့်တဲ့ ဇာတ်ဝင်ခန်းကို မှတ်မိရင် ဒီခွေးလေးတွေ ဘယ်လောက်ချစ်ဖို့ကောင်းလည်းဆိုတာ သတိရမိမှာပါ။

သို့ပေမယ့် အတော်ဆုံးသော ခွေးလေးဆုကို ပေးမယ်ဆိုရင်တော့ Pongo လေးကို ရွေးချယ်ရမယ် ထင်ပါတယ်။ Pongo ဟာ ခွေးလေး(၁၅)ကောင်တို့ရဲ့ ဖခင်ရင်းဖြစ်ပြီး နောက်ထပ် ခွေးလေး(၈၄)ကောင်တို့ရဲ့ မွေးစားဖခင်လည်း ဖြစ်ပါတယ်။ Perdita ရဲ့ ခင်ပွန်းလည်းဖြစ်တဲ့ Pongo ဟာ သူ့ရဲ့ချစ်စဖွယ်အပြုံး၊ ဆော့ကစားတတ်တဲ့ သဘာဝနဲ့ သစ္စာရှိမှုတို့ကြောင့် အတော်ဆုံးခွေးလေးတစ်ကောင်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။

Hachi: A Dog’s Tale မှ ခွေးလေး Hachi
Photo Via screenrant

ခွေးလေး Hachi ရဲ့ ဇာတ်လမ်းကတော့ လူပြောအများဆုံးနဲ့ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ Hachi ရဲ့ဇာတ်လမ်းဟာ ဂျပန်နိုင်ငံက တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာပါ။ တကယ့်အဖြစ်အပျက်က ခွေးလေးရဲ့နာမည်ကတော့ Akita လို့ ခေါ်ပါတယ်။ Akita ဟာ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ သူ့ရဲ့သခင်ကိုတွေ့ဖို့ တိုကျိုမြို့က ဘူတာရုံတစ်ခုမှာ ဆယ်နှစ်တိတိ နေ့စဉ်မပြတ် သွားရောက်စောင့်ဆိုင်းခဲ့တဲ့ ခွေးလေး ဖြစ်ပါတယ်။

ရုပ်ရှင်ထဲမှာတော့ ခွေးလေး Hachi ဟာ သူ့အပေါ် ဘယ်လောက်ဂရုစိုက်ကြောင်း သခင်ဖြစ်တဲ့ Parker တစ်ယောက် မသိသွားခဲ့တာကတော့ ကြေကွဲစရာပါ။ သို့ပေမယ့် ဒီရုပ်ရှင်လေးဟာ မှန်ကန်တဲ့ ရှုထောင့်ကနေ ကြည့်မြင်မယ်ဆိုရင် စိတ်ခွန်အားတစ်ခုခု ရရှိစေမှာတော့ မလွဲပါဘူး။

Bolt ဇာတ်ကားမှ ခွေးလေး Bolt
Photo Via screenrant

‌animated ခွေးဇာတ်ကောင်များထဲမှာတော့ Bolt ဟာ ဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင်အဖြစ် နာမည်ကြီးတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အက်ရှင်မင်းသားကြီး John Travolta ဟာ Bolt နေရာမှာ အသံသရုပ်ဆောင်ထားပါတယ်။ Bolt ဟာ အောင်မြင်တဲ့ တီဗွီရှိုးတစ်ခုထဲမှာ စူပါ,ပါဝါရှိတဲ့ ခွေးလေးတစ်ကောင်အဖြစ် သရုပ်ဆောင်ရင်းကနေ သူ့ရဲ့ပါဝါတွေဟာ တကယ်အစွမ်းထက်နေတယ်လို့ သူ့ကိုယ်သူ ယုံကြည်လာတဲ့အခါမှာ မစ်ရှင်တစ်ခုကို လုပ်ဆောင်တာကလည်း တကယ် ကြည့်လို့ကောင်းစေတာ အမှန်ပါ။

Marley & Me မှ ခွေးလေး Marley
Photo Via screenrant

Marley & Me မှာတော့ ခွေးလေး Marley ဟာ အရေးပါတဲ့ဇာတ်ကောင် ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Marley ရဲ့ အရွယ်ရောက် ကြီးပြင်းလာပုံနဲ့ သူ့သခင်တွေအတွက် သူ့ရဲ့အရေးပါမှုတွေကို နစ်မျောပြီး ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်ဟာ ခွေးဇာတ်ကားအများစုလိုမျိုး ပျော်ပျော်ရွှင်ရွှင်နဲ့ ဟာသမြောက်‌အောင် ရိုက်ကူးထားတာ မဟုတ်ဘဲ ရင်နင့်အောင် ခံစားရမယ့် ဇာတ်ကား ဖြစ်ပါတယ်။

Togo မှ ခွေးလေး Togo
©Disney

ဒီဇာတ်ကားကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိထားပြီး IMDb 8 ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ခွေးလေး Togo ဟာ သခင်ပိုင်တဲ့ ခွေးအုပ်ထဲက အတော်ဆုံးနဲ့ အရဲရင့်ဆုံး ခွေးလေးဖြစ်ပြီး အသက်ကိုပင် ပဓာနမထားဘဲ သခင့်အတွက် စွန့်စားပေးတဲ့ သစ္စာရှိခွေးလေးတစ်ကောင်အဖြစ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူသားနဲ့ ခွေးလေးတို့ကြားက အမည်ဖော်ပြလို့မရတဲ့ သံယောဇဉ်နဲ့ ခွေးလေးရဲ့ သခင်အပေါ်ထားတဲ့ သံယောဇဉ်တို့ကို ဒီကားမှာ အထင်းသား ခံစားရမှာပါ။

Lady & The Tramp မှ Lady
Photo via screenrant

Lady နဲ့ Tramp ကို အကောင်းဆုံး ကာရိုက်တာအဖြစ် ရွေးမယ်ဆိုရင် တကယ်ကို ခက်ခဲတဲ့ကိစ္စပါ။ သို့ပေမယ့် ချစ်စရာကောင်းတဲ့ဘက်ကနေပဲ မျက်စိစုံမှိတ်ပြီး ရွေးလိုက်မယ်ဆိုရင်တော့ Lady ကို ရွေးလိုက်လို့ ရပါတယ်။ ခွေးဇာတ်ကောင်မို့လို့သာ တစ်ကောင်ကို ရွေးလိုက်ရပေမယ့် တကယ်တမ်းမှာတော့ Lady ရော Tramp ရောဟာ ခွဲခြားလို့မရအောင်ကို လိုက်ဖက်ညီပြီး ကြည့်ကောင်းကြတဲ့ ခွေးလေးတွေ ဖြစ်ပါတယ်။

ဒါတွေကတော့ နာမည်ကြီး ခွေးဇာတ်ကောင်လေးတွေ ပါဝင်ထားတဲ့ ရုပ်ရှင်တွေပဲဖြစ်ပါတယ်။ ပရိသတ်တွေရော ဘယ်ခွေးလေးတွေကို အချစ်ဆုံးပါလဲ။ ဘယ်ဇာတ်ကားကို အကြိုက်ဆုံး ဖြစ်ပါသလဲ။ ပြီးတော့ ဒီထဲမှာမပါတဲ့ ဇာတ်ကားကောင်းလေးတွေများ သိရင်လည်း ပြောပြခဲ့ကြပါဦးနော်။

C21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

( Zawgyi version )

ေခြးေလးေတြဟာ လူေတြနဲ႔ သိပ္ရင္းႏွီးၾကပါတယ္။ ႐ုပ္သံဇာတ္လမ္းတြဲမ်ားနဲ႔ ႐ုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာ ေခြးဇာတ္ေကာင္ေလးေတြဟာ အေရးပါတဲ့ေနရာကေန သ႐ုပ္ေဆာင္ထားတာေတြ ၾကည့္ဖူးၾကမွာပါ။ ဒါေၾကာင့္ animated နဲ႔ live action ႐ုပ္ရွင္ေတြထဲက နာမည္ႀကီး ေခြးဇာတ္ေကာင္ေလးေတြ ပါဝင္တဲ့ အေကာင္းဆုံးဇာတ္ကားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Scooby-Doo ဇာတ္ကားမွေခြးေလး Scooby-Doo
Photo Via screenrant

Scooby-Doo ဇာတ္ကားဟာ ကေလးပရိသတ္မ်ားစြာရဲ႕ အသည္းစြဲ အားေပးခ်စ္ခင္မႈကို ရရွိခဲ့တဲ့ဇာတ္ကား ျဖစ္ပါတယ္။ Scooby-Doo ဟာ ၁၉၆၀ခုႏွစ္ ေႏွာင္းပိုင္းမ်ားမွ စတင္ကာ ႐ုပ္ရွင္ဇာတ္ကားေတြအျဖစ္ေရာ၊ တီဗြီဇာတ္လမ္းတြဲေတြအျဖစ္နဲ႔ပါ ေအာင္ျမင္ေက်ာ္ၾကားခဲ့တာ ယေန႔အထိပဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲက Scooby-Doo ေခြးေလးဟာ ေခြးဇာတ္ေကာင္ေတြထဲမွာေတာ့ အရယ္ရဆုံးနဲ႔ နာမည္အႀကီးဆုံး ေခြးေလးတစ္ေကာင္ ျဖစ္ပါတယ္။

UP ဇာတ္ကားမွ ဖက္တီးေခြးေလး Dug
Photo Via screenrant

UP ကာတြန္း႐ုပ္ရွင္ဟာ အဓိပၸာယ္မ်ားစြာပါဝင္ၿပီး ၾကည့္ရႈသူတိုင္းကို မ်က္ရည္ဝဲေစခဲ့တဲ့ ႐ုပ္ရွင္ကားေလးအျဖစ္ လူသိမ်ားပါတယ္။ ဒီကားေလးထဲမွာ ဇာတ္ေကာင္တိုင္းက အမွတ္ရစရာ ေကာင္းလွၿပီး အဲ့ဒီ့ထဲမွာ ခ်စ္စရာေကာင္းတဲ့ ဖက္တီးေခြးေလးတစ္ေကာင္လည္း ပါဝင္ပါတယ္။ Dug ဟာ ေခြးေလးတစ္ေကာင္ ျဖစ္ေပမယ့္ လည္ပတ္က စက္ကေလးေၾကာင့္ စက္႐ုပ္အသံေလးနဲ႔ စကားေျပာတတ္တဲ့ ေခြးေလးအျဖစ္ ဖန္တီးတင္ဆက္ထားတာဟာ အလြန္ပဲ ခ်စ္စရာေကာင္းပါတယ္။

101 Dalmatians  မွ Pongo ေလး
Photo Via screenrant

ေခြးခ်စ္သူလည္း ျဖစ္မယ္၊ ကာတြန္းဇာတ္ကားေလးေတြကိုလည္း ႏွစ္သက္မယ္ဆိုရင္ 101 Dalmatians ဇာတ္ကားေလးကို ၾကည့္ဖူးၾကမွာပါ။ ဒီကားထဲမွာေတာ့ ေခြးေလးေတြ အေျမာက္အမ်ား ပါဝင္တာေၾကာင့္ ဘယ္ေခြးေလးကေတာ့ျဖင့္ ခ်စ္စရာအေကာင္းဆုံးလို႔ ေျပာရမွာ ခက္ေတာ့ခက္ပါတယ္။ ေခြးေလးေတြ TV ၾကည့္တဲ့ ဇာတ္ဝင္ခန္းကို မွတ္မိရင္ ဒီေခြးေလးေတြ ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလည္းဆိုတာ သတိရမိမွာပါ။

သို႔ေပမယ့္ အေတာ္ဆုံးေသာ ေခြးေလးဆုကို ေပးမယ္ဆိုရင္ေတာ့ Pongo ေလးကို ေ႐ြးခ်ယ္ရမယ္ ထင္ပါတယ္။ Pongo ဟာ ေခြးေလး(၁၅)ေကာင္တို႔ရဲ႕ ဖခင္ရင္းျဖစ္ၿပီး ေနာက္ထပ္ ေခြးေလး(၈၄)ေကာင္တို႔ရဲ႕ ေမြးစားဖခင္လည္း ျဖစ္ပါတယ္။ Perdita ရဲ႕ ခင္ပြန္းလည္းျဖစ္တဲ့ Pongo ဟာ သူ႔ရဲ႕ခ်စ္စဖြယ္အၿပဳံး၊ ေဆာ့ကစားတတ္တဲ့ သဘာဝနဲ႔ သစၥာရွိမႈတို႔ေၾကာင့္ အေတာ္ဆုံးေခြးေလးတစ္ေကာင္လို႔ ေျပာရင္လည္း မွားမယ္မထင္ပါဘူး။

Hachi: A Dog’s Tale မွ ေခြးေလး Hachi
Photo Via screenrant

ေခြးေလး Hachi ရဲ႕ ဇာတ္လမ္းကေတာ့ လူေျပာအမ်ားဆုံးနဲ႔ နာမည္အႀကီးဆုံး ျဖစ္ပါတယ္။ Hachi ရဲ႕ဇာတ္လမ္းဟာ ဂ်ပန္ႏိုင္ငံက တကယ့္အျဖစ္အပ်က္ကို အေျခခံၿပီး ျပန္လည္ဖန္တီးထားတာပါ။ တကယ့္အျဖစ္အပ်က္က ေခြးေလးရဲ႕နာမည္ကေတာ့ Akita လို႔ ေခၚပါတယ္။ Akita ဟာ ဘယ္ေတာ့မွ ျပန္မလာႏိုင္ေတာ့တဲ့ သူ႔ရဲ႕သခင္ကိုေတြ႕ဖို႔ တိုက်ိဳၿမိဳ႕က ဘူတာ႐ုံတစ္ခုမွာ ဆယ္ႏွစ္တိတိ ေန႔စဥ္မျပတ္ သြားေရာက္ေစာင့္ဆိုင္းခဲ့တဲ့ ေခြးေလး ျဖစ္ပါတယ္။

႐ုပ္ရွင္ထဲမွာေတာ့ ေခြးေလး Hachi ဟာ သူ႔အေပၚ ဘယ္ေလာက္ဂ႐ုစိုက္ေၾကာင္း သခင္ျဖစ္တဲ့ Parker တစ္ေယာက္ မသိသြားခဲ့တာကေတာ့ ေၾကကြဲစရာပါ။ သို႔ေပမယ့္ ဒီ႐ုပ္ရွင္ေလးဟာ မွန္ကန္တဲ့ ရႈေထာင့္ကေန ၾကည့္ျမင္မယ္ဆိုရင္ စိတ္ခြန္အားတစ္ခုခု ရရွိေစမွာေတာ့ မလြဲပါဘူး။

Bolt ဇာတ္ကားမွ ေခြးေလး Bolt
Photo Via screenrant

‌animated ေခြးဇာတ္ေကာင္မ်ားထဲမွာေတာ့ Bolt ဟာ ဇာတ္လမ္းရဲ႕ အဓိကသ႐ုပ္ေဆာင္အျဖစ္ နာမည္ႀကီးတာကို ေတြ႕ရပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ အက္ရွင္မင္းသားႀကီး John Travolta ဟာ Bolt ေနရာမွာ အသံသ႐ုပ္ေဆာင္ထားပါတယ္။ Bolt ဟာ ေအာင္ျမင္တဲ့ တီဗြီရႈိးတစ္ခုထဲမွာ စူပါ,ပါဝါရွိတဲ့ ေခြးေလးတစ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ရင္းကေန သူ႔ရဲ႕ပါဝါေတြဟာ တကယ္အစြမ္းထက္ေနတယ္လို႔ သူ႔ကိုယ္သူ ယုံၾကည္လာတဲ့အခါမွာ မစ္ရွင္တစ္ခုကို လုပ္ေဆာင္တာကလည္း တကယ္ ၾကည့္လို႔ေကာင္းေစတာ အမွန္ပါ။

Marley & Me မွ ေခြးေလး Marley
Photo Via screenrant

Marley & Me မွာေတာ့ ေခြးေလး Marley ဟာ အေရးပါတဲ့ဇာတ္ေကာင္ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ Marley ရဲ႕ အ႐ြယ္ေရာက္ ႀကီးျပင္းလာပုံနဲ႔ သူ႔သခင္ေတြအတြက္ သူ႔ရဲ႕အေရးပါမႈေတြကို နစ္ေမ်ာၿပီး ၾကည့္ရႈရမွာပါ။ ဒီ႐ုပ္ရွင္ဟာ ေခြးဇာတ္ကားအမ်ားစုလိုမ်ိဳး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ဟာသေျမာက္‌ေအာင္ ႐ိုက္ကူးထားတာ မဟုတ္ဘဲ ရင္နင့္ေအာင္ ခံစားရမယ့္ ဇာတ္ကား ျဖစ္ပါတယ္။

Togo မွ ေခြးေလး Togo
©Disney

ဒီဇာတ္ကားကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb 8 ရရွိထားတဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ေခြးေလး Togo ဟာ သခင္ပိုင္တဲ့ ေခြးအုပ္ထဲက အေတာ္ဆုံးနဲ႔ အရဲရင့္ဆုံး ေခြးေလးျဖစ္ၿပီး အသက္ကိုပင္ ပဓာနမထားဘဲ သခင့္အတြက္ စြန႔္စားေပးတဲ့ သစၥာရွိေခြးေလးတစ္ေကာင္အျဖစ္ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ လူသားနဲ႔ ေခြးေလးတို႔ၾကားက အမည္ေဖာ္ျပလို႔မရတဲ့ သံေယာဇဥ္နဲ႔ ေခြးေလးရဲ႕ သခင္အေပၚထားတဲ့ သံေယာဇဥ္တို႔ကို ဒီကားမွာ အထင္းသား ခံစားရမွာပါ။

Lady & The Tramp မွ Lady
Photo via screenrant

Lady နဲ႔ Tramp ကို အေကာင္းဆုံး ကာ႐ိုက္တာအျဖစ္ ေ႐ြးမယ္ဆိုရင္ တကယ္ကို ခက္ခဲတဲ့ကိစၥပါ။ သို႔ေပမယ့္ ခ်စ္စရာေကာင္းတဲ့ဘက္ကေနပဲ မ်က္စိစုံမွိတ္ၿပီး ေ႐ြးလိုက္မယ္ဆိုရင္ေတာ့ Lady ကို ေ႐ြးလိုက္လို႔ ရပါတယ္။ ေခြးဇာတ္ေကာင္မို႔လို႔သာ တစ္ေကာင္ကို ေ႐ြးလိုက္ရေပမယ့္ တကယ္တမ္းမွာေတာ့ Lady ေရာ Tramp ေရာဟာ ခြဲျခားလို႔မရေအာင္ကို လိုက္ဖက္ညီၿပီး ၾကည့္ေကာင္းၾကတဲ့ ေခြးေလးေတြ ျဖစ္ပါတယ္။

ဒါေတြကေတာ့ နာမည္ႀကီး ေခြးဇာတ္ေကာင္ေလးေတြ ပါဝင္ထားတဲ့ ႐ုပ္ရွင္ေတြပဲျဖစ္ပါတယ္။ ပရိသတ္ေတြေရာ ဘယ္ေခြးေလးေတြကို အခ်စ္ဆုံးပါလဲ။ ဘယ္ဇာတ္ကားကို အႀကိဳက္ဆုံး ျဖစ္ပါသလဲ။ ၿပီးေတာ့ ဒီထဲမွာမပါတဲ့ ဇာတ္ကားေကာင္းေလးေတြမ်ား သိရင္လည္း ေျပာျပခဲ့ၾကပါဦးေနာ္။

C21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular