HomeCelebs Update NewsInternationalAmerican Pie ရဲ့ စံချိန်ကိုချိုးသွားတဲ့ Taylor Swift ကို ချီးကျူးထားတဲ့ ဂန္ထဝင်Artistကြီး Don McLean 

American Pie ရဲ့ စံချိန်ကိုချိုးသွားတဲ့ Taylor Swift ကို ချီးကျူးထားတဲ့ ဂန္ထဝင်Artistကြီး Don McLean 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ Taylor Swift ရဲ့ (၁၀)မိနစ်စာ All Too Well (Taylor’s Version)ဟာ Billboard’s Hot 100 Chart ရဲ့သမိုင်းမှာ နံပါတ်(၁)ချိတ်နိုင်တဲ့ အရှည်လျားဆုံး သီချင်းအဖြစ် စံချိန်တင်သွားပါတယ်။

ယခုတစ်ပတ် အစောပိုင်းကပဲ Taylor Swift ရဲ့ (၁၀)မိနစ်စာ ရှည်လျားတဲ့ All Too Well (Taylor’s Version)ဟာ ဂန္ထဝင် Artist ကြီး Don McLean ရဲ့ အထင်ကရ နာမည်ကြီးသီချင်း American Pie ကို စံချိန်ချိုးသွားပြီး Billboard မှာ နံပါတ်(၁) ချိတ်ထားတဲ့ အရှည်ဆုံးသီချင်း ဖြစ်သွားတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

Photo: donmclean/ Twittwer

ယခုလို စံချိန်ချိုးသွားတာနဲ့ ပတ်သက်ပြီး Don McLean ကတော့ သူ့ရဲ့ တွစ်တာစာမျက်နှာကနေတဆင့် ချီးကျူးစကား ပြောထားတာ တွေ့ရပါတယ်။

“အရှိအတိုင်း ပြောကြည့်ရအောင်။ နံပါတ်(၁)နေရာကို ဘယ်သူမှ အဆုံးရှုံး မခံချင်ကြပါဘူး။ ဒါပေမယ့် ကျုပ်အနေနဲ့ တစုံတယောက်ဆီမှာ ဒီနေရာကို ဆုံးရှုံးသွားရမယ်ဆိုရင် Taylor လို တကယ့် အဆိုကောင်း၊ အရေးကောင်းလူမျိုးဆီမှာပဲ ဝမ်းမြောက်စွာနဲ့ အဆုံးရှုံးခံလိုက်ပါမယ်။ ဂုဏ်ယူပါတယ် Taylor ရေ … ” လို့ Don McLean က တွစ်တာမှာ တွိထားပြီး Taylor ကိုပါ တခါတည်း မန်းရှင်းခေါ်ပြီး ပြောထားပါတယ်။

American Pie ကတော့ ၁၉၇၁ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး No. 1 hit နေရာကို ရရှိထားခဲ့တာ ရာစုနှစ်တစ်ဝက်လောက် ရှိနေပြီ ဖြစ်ပါတယ်။ American Pie ကတော့ (၈)မိနစ်နဲ့ (၄၂)စက္ကန့် ရှည်လျားပါတယ်။ ယခု စံချိန်ချိုးသွားတဲ့ Taylor Swift ရဲ့ All Too Well (Taylor’s Version) ကတော့ (၁၀)မိနစ်နဲ့ (၁၃)စက္ကန့် ရှည်လျားပါတယ်။

Photo: thedonmclean/ Instagram

“စွမ်းအားတစ်ခု ရှိနေတဲ့ သီချင်းကောင်းတစ်ပုဒ်နဲ့ ပတ်သက်ပြီး ပြောစရာ ရှိပါတယ်။ American Pie ဟာ နံပါတ်(၁)နေရာမှာ ရှိနေခဲ့တာ နှစ်ပေါင်း ငါးဆယ်ကျော်ကြာခဲ့ပါပြီ။ အခုကတော့ Taylor Swift က ဒီနေရာကို အရယူလိုက်နိုင်တဲ့အတွက် တကယ့် သမိုင်းတွင်မယ့် အနုပညာလက်ရာတစ်ခုပါပဲ … ” လို့ Billboard ကတဆင့် ထုတ်ပြန်တဲ့ ကြေညာချက်မှာ musician ကြီး Don McLean က ပြောကြားထားပါတယ်။

All Too Well (Taylor’s Version) ကတော့ နိုဝင်ဘာလ(၁၂)ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး Red (Taylor’s Version) အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်တဲ့ All Too Well သီချင်းနဲ့ Red Album နှစ်ခုစလုံးဟာ စတင်ထွက်ရှိတဲ့ နေ့မှာတင် စံချိန်သစ်တွေ တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

Red (Taylor’s Version) အယ်လ်ဘမ်ဟာ Billboard charts မှာ နံပါတ်(၁)ချိတ်ခဲ့ပြီး Billboard 200 နဲ့ Billboard Hot 100 charts နှစ်ခုစလုံးမှာ ဗိုလ်စွဲထားပါတယ်။ ဒါဟာ charts နှစ်ခုစလုံးမှာ တတိယအကြိမ်မြောက် ပြိုင်တူ ထိပ်ဆုံးရောက်ရှိထားတဲ့ ပထမဆုံး Artist အဖြစ် စံချိန်တင်သွားတာလည်း ဖြစ်ပါတယ်။

ယခုလို စံချိန်သစ်တွေ တင်သွားနိုင်တဲ့အပေါ် Taylor ကတော့ သူမရဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုထားပါတယ်။

Glasgow

Source: people

(Zawgyi Version)

မၾကာေသးခင္ကမွ ထြက္ရွိလာတဲ့ Taylor Swift ရဲ့ (၁၀)မိနစ္စာ All Too Well (Taylor’s Version)ဟာ Billboard’s Hot 100 Chart ရဲ့သမိုင္းမွာ နံပါတ္(၁)ခ်ိတ္နိုင္တဲ့ အရွည္လ်ားဆုံး သီခ်င္းအျဖစ္ စံခ်ိန္တင္သြားပါတယ္။

ယခုတစ္ပတ္ အေစာပိုင္းကပဲ Taylor Swift ရဲ့ (၁၀)မိနစ္စာ ရွည္လ်ားတဲ့ All Too Well (Taylor’s Version)ဟာ ဂႏၴဝင္ Artist ႀကီး Don McLean ရဲ့ အထင္ကရ နာမည္ႀကီးသီခ်င္း American Pie ကို စံခ်ိန္ခ်ိဳးသြားၿပီး Billboard မွာ နံပါတ္(၁) ခ်ိတ္ထားတဲ့ အရွည္ဆုံးသီခ်င္း ျဖစ္သြားတယ္လို႔ သတင္းေတြမွာ ေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္။

Photo: donmclean/ Twittwer

ယခုလို စံခ်ိန္ခ်ိဳးသြားတာနဲ႔ ပတ္သက္ၿပီး Don McLean ကေတာ့ သူ႔ရဲ့ တြစ္တာစာမ်က္ႏွာကေနတဆင့္ ခ်ီးက်ဴးစကား ေျပာထားတာ ေတြ႕ရပါတယ္။

“အရွိအတိုင္း ေျပာၾကည့္ရေအာင္။ နံပါတ္(၁)ေနရာကို ဘယ္သူမွ အဆုံးရွုံး မခံခ်င္ၾကပါဘူး။ ဒါေပမယ့္ က်ဳပ္အေနနဲ႔ တစုံတေယာက္ဆီမွာ ဒီေနရာကို ဆုံးရွုံးသြားရမယ္ဆိုရင္ Taylor လို တကယ့္ အဆိုေကာင္း၊ အေရးေကာင္းလူမ်ိဳးဆီမွာပဲ ဝမ္းေျမာက္စြာနဲ႔ အဆုံးရွုံးခံလိုက္ပါမယ္။ ဂုဏ္ယူပါတယ္ Taylor ေရ … ” လို႔ Don McLean က တြစ္တာမွာ တြိထားၿပီး Taylor ကိုပါ တခါတည္း မန္းရွင္းေခၚၿပီး ေျပာထားပါတယ္။

American Pie ကေတာ့ ၁၉၇၁ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး No. 1 hit ေနရာကို ရရွိထားခဲ့တာ ရာစုႏွစ္တစ္ဝက္ေလာက္ ရွိေနၿပီ ျဖစ္ပါတယ္။ American Pie ကေတာ့ (၈)မိနစ္နဲ႔ (၄၂)စကၠန႔္ ရွည္လ်ားပါတယ္။ ယခု စံခ်ိန္ခ်ိဳးသြားတဲ့ Taylor Swift ရဲ့ All Too Well (Taylor’s Version) ကေတာ့ (၁၀)မိနစ္နဲ႔ (၁၃)စကၠန႔္ ရွည္လ်ားပါတယ္။

Photo: thedonmclean/ Instagram

“စြမ္းအားတစ္ခု ရွိေနတဲ့ သီခ်င္းေကာင္းတစ္ပုဒ္နဲ႔ ပတ္သက္ၿပီး ေျပာစရာ ရွိပါတယ္။ American Pie ဟာ နံပါတ္(၁)ေနရာမွာ ရွိေနခဲ့တာ ႏွစ္ေပါင္း ငါးဆယ္ေက်ာ္ၾကာခဲ့ပါၿပီ။ အခုကေတာ့ Taylor Swift က ဒီေနရာကို အရယူလိုက္နိုင္တဲ့အတြက္ တကယ့္ သမိုင္းတြင္မယ့္ အႏုပညာလက္ရာတစ္ခုပါပဲ … ” လို႔ Billboard ကတဆင့္ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ musician ႀကီး Don McLean က ေျပာၾကားထားပါတယ္။

All Too Well (Taylor’s Version) ကေတာ့ နိုဝင္ဘာလ(၁၂)ရက္ေန႔မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး Red (Taylor’s Version) အယ္လ္ဘမ္ထဲက သီခ်င္းတစ္ပုဒ္လည္း ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ့ အသည္းစြဲျဖစ္တဲ့ All Too Well သီခ်င္းနဲ႔ Red Album ႏွစ္ခုစလုံးဟာ စတင္ထြက္ရွိတဲ့ ေန႔မွာတင္ စံခ်ိန္သစ္ေတြ တင္နိုင္ခဲ့တာ ျဖစ္ပါတယ္။

Photo: taylorswift/ Instagram

Red (Taylor’s Version) အယ္လ္ဘမ္ဟာ Billboard charts မွာ နံပါတ္(၁)ခ်ိတ္ခဲ့ၿပီး Billboard 200 နဲ႔ Billboard Hot 100 charts ႏွစ္ခုစလုံးမွာ ဗိုလ္စြဲထားပါတယ္။ ဒါဟာ charts ႏွစ္ခုစလုံးမွာ တတိယအႀကိမ္ေျမာက္ ၿပိဳင္တူ ထိပ္ဆုံးေရာက္ရွိထားတဲ့ ပထမဆုံး Artist အျဖစ္ စံခ်ိန္တင္သြားတာလည္း ျဖစ္ပါတယ္။

ယခုလို စံခ်ိန္သစ္ေတြ တင္သြားနိုင္တဲ့အေပၚ Taylor ကေတာ့ သူမရဲ့ ပရိသတ္ေတြကို ေက်းဇူးတင္စကားဆိုထားပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular