HomeCelebs Update NewsInternationalယူအက်စ်ရဲ့ အချမ်းသာဆုံးလူ(၄၀၀)စာရင်းထဲက ပြုတ်ကျသွားတဲ့ Donald Trump 

ယူအက်စ်ရဲ့ အချမ်းသာဆုံးလူ(၄၀၀)စာရင်းထဲက ပြုတ်ကျသွားတဲ့ Donald Trump 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း Donald Trump ဟာ ပထမဆုံးအကြိမ်အဖြစ် ယူအက်စ်ရဲ့ အချမ်းသာဆုံး လူ(၄၀၀)စာရင်းထဲမှာ မပါဝင်တော့ဘူးလို့ သိရပါတယ်။

ယူအက်စ်က ပြည်သူတွေကတော့ သူတို့နိုင်ငံရဲ့ အချမ်းသာဆုံး လူ(၄၀၀)စာရင်းထဲမှာ Donald Trump ကြီးကို အမြဲတမ်း မြင်တွေ့နေခဲ့ရတာ ဖြစ်ပေမယ့် ယခုအသစ်ထွက်ရှိလာတဲ့ စာရင်းဇယားတွေအရ နှစ်ပေါင်း (၂၅)နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြောင်းလဲမှုဖြစ်သွားတာပါ။

Photo: forbes/ Twitter

မကြာသေးခင်ကပဲ Forbes မဂ္ဂဇင်းဟာ ယူအက်စ်ရဲ့ အချမ်းသာဆုံး လူ(၄၀၀)စာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဆိုပါစာရင်းထဲမှာတော့ အမေရိကန်သမ္မတဟောင်း သူဌေးကြီး Donald Trump ရဲ့ အမည်ကို ရှာမတွေ့တော့တာ ဖြစ်ပါတယ်။ ဒီသတင်းဟာ ခဏလောက်တော့ လူတွေကို မှင်သက်သွားစေခဲ့ပါသေးတယ်။ အကြောင်းကတော့ သူဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတစ်ယောက်ဖြစ်ပြီး Forbes က ထုတ်ပြန်တဲ့ လူချမ်းသာစာရင်းမှာ (၂၅)နှစ်ကျော် တောက်လျှောက် ပါဝင်နေခဲ့လို့ပါပဲ။

သို့ပေမယ့်လည်း လူတွေဟာ ခဏလောက် ဇဝေဇဝါ ဖြစ်သွားခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာတော့ တောက်လျှောက် လှောင်ပြောင်သရော်ကြပါတော့တယ်။ အထင်ရှားဆုံးကတော့ Twitter လူမှုကွန်ရက်မှာ ဖြစ်ပြီး ပြည်သူတွေဟာ သမ္မတဟောင်းကြီးရဲ့ ယခုဖြစ်ရပ်ကို ဆက်တိုက် ထရိုးလ်နေကြတာ ဖြစ်ပါတယ်။

Photo: realdonaldtrump/ Instagram

ဒါဟာ သမ္မတအိမ်ဖြူတော်က ထွက်ခွာလာရပြီး တစ်နှစ်မပြည့်သေးခင်မှာ အခုလိုဖြစ်ရပ်နဲ့ ကြုံတွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရှိ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ(၂.၅)ဘီလျံ ရှိပေမယ့် ယူအက်စ်ရဲ့ အချမ်းသာဆုံး လူ(၄၀၀)စာရင်းထဲကို ဝင်နိုင်ဖို့ နောက်ထပ် ဒေါ်လာ သန်း(၄၀၀)လောက် လိုအပ်နေတာကြောင့် အခုလို စာရင်းက လျှောကျသွားရတာလည်း ဖြစ်ပါတယ်။

ဒါဟာ မနှစ်က ချမ်းသာကြွယ်ဝမှုနဲ့ အတူတူပဲ ဖြစ်ပေမယ့် သူ့ရဲ့ သမ္မတသက်တမ်းအစ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ရှိခဲ့တဲ့ ချမ်းသာမှုနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ တော်တော်လေး ကွာဟနေတာကို တွေ့ရမှာပါ။ Donald Trump ဟာ ၂၀၁၆ ခုနှစ်မှာတုန်းက ဒေါ်လာ(၃.၇)ဘီလျံ ချမ်းသာခဲ့ပြီး ၂၀၁၇ – ၂၀၁၉ အတွင်းမှာတော့ ဒေါ်လာ(၃.၁)ဘီလျံကို ကျဆင်းသွားတယ်လို့ Forbes ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Linda December

Source: hollywoodlife

(Zawgyi Version)

Forbes မဂၢဇင္းရဲ့ ေဖာ္ျပခ်က္အရ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္အတြင္း Donald Trump ဟာ ပထမဆုံးအႀကိမ္အျဖစ္ ယူအက္စ္ရဲ့ အခ်မ္းသာဆုံး လူ(၄၀၀)စာရင္းထဲမွာ မပါဝင္ေတာ့ဘူးလို႔ သိရပါတယ္။

ယူအက္စ္က ျပည္သူေတြကေတာ့ သူတို႔နိုင္ငံရဲ့ အခ်မ္းသာဆုံး လူ(၄၀၀)စာရင္းထဲမွာ Donald Trump ႀကီးကို အျမဲတမ္း ျမင္ေတြ႕ေနခဲ့ရတာ ျဖစ္ေပမယ့္ ယခုအသစ္ထြက္ရွိလာတဲ့ စာရင္းဇယားေတြအရ ႏွစ္ေပါင္း (၂၅)ႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ေျပာင္းလဲမွုျဖစ္သြားတာပါ။

Photo: forbes/ Twitter

မၾကာေသးခင္ကပဲ Forbes မဂၢဇင္းဟာ ယူအက္စ္ရဲ့ အခ်မ္းသာဆုံး လူ(၄၀၀)စာရင္းကို ထုတ္ျပန္ခဲ့တာ ျဖစ္ၿပီး အဆိုပါစာရင္းထဲမွာေတာ့ အေမရိကန္သမၼတေဟာင္း သူေဌးႀကီး Donald Trump ရဲ့ အမည္ကို ရွာမေတြ႕ေတာ့တာ ျဖစ္ပါတယ္။ ဒီသတင္းဟာ ခဏေလာက္ေတာ့ လူေတြကို မွင္သက္သြားေစခဲ့ပါေသးတယ္။ အေၾကာင္းကေတာ့ သူဟာ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္ သူေဌးႀကီးတစ္ေယာက္ျဖစ္ၿပီး Forbes က ထုတ္ျပန္တဲ့ လူခ်မ္းသာစာရင္းမွာ (၂၅)ႏွစ္ေက်ာ္ ေတာက္ေလၽွာက္ ပါဝင္ေနခဲ့လို႔ပါပဲ။

သို႔ေပမယ့္လည္း လူေတြဟာ ခဏေလာက္ ဇေဝဇဝါ ျဖစ္သြားခဲ့တာ ျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ ေတာက္ေလၽွာက္ ေလွာင္ေျပာင္သေရာ္ၾကပါေတာ့တယ္။ အထင္ရွားဆုံးကေတာ့ Twitter လူမွုကြန္ရက္မွာ ျဖစ္ၿပီး ျပည္သူေတြဟာ သမၼတေဟာင္းႀကီးရဲ့ ယခုျဖစ္ရပ္ကို ဆက္တိုက္ ထရိုးလ္ေနၾကတာ ျဖစ္ပါတယ္။

Photo: realdonaldtrump/ Instagram

ဒါဟာ သမၼတအိမ္ျဖဴေတာ္က ထြက္ခြာလာရၿပီး တစ္ႏွစ္မျပည့္ေသးခင္မွာ အခုလိုျဖစ္ရပ္နဲ႔ ၾကဳံေတြ႕လိုက္ရတာလည္း ျဖစ္ပါတယ္။ သူ႔ရဲ့ လက္ရွိ ခ်မ္းသာႂကြယ္ဝမွုဟာ ေဒၚလာ(၂.၅)ဘီလ်ံ ရွိေပမယ့္ ယူအက္စ္ရဲ့ အခ်မ္းသာဆုံး လူ(၄၀၀)စာရင္းထဲကို ဝင္နိုင္ဖို႔ ေနာက္ထပ္ ေဒၚလာ သန္း(၄၀၀)ေလာက္ လိုအပ္ေနတာေၾကာင့္ အခုလို စာရင္းက ေလၽွာက်သြားရတာလည္း ျဖစ္ပါတယ္။

ဒါဟာ မႏွစ္က ခ်မ္းသာႂကြယ္ဝမွုနဲ႔ အတူတူပဲ ျဖစ္ေပမယ့္ သူ႔ရဲ့ သမၼတသက္တမ္းအစ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွာ ရွိခဲ့တဲ့ ခ်မ္းသာမွုနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး ကြာဟေနတာကို ေတြ႕ရမွာပါ။ Donald Trump ဟာ ၂၀၁၆ ခုႏွစ္မွာတုန္းက ေဒၚလာ(၃.၇)ဘီလ်ံ ခ်မ္းသာခဲ့ၿပီး ၂၀၁၇ – ၂၀၁၉ အတြင္းမွာေတာ့ ေဒၚလာ(၃.၁)ဘီလ်ံကို က်ဆင္းသြားတယ္လို႔ Forbes ရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။

Linda December

Source: hollywoodlife

RELATED ARTICLES

Most Popular