HomeEntertainmentFilmရိုက်ကူးရေး စတင်နေပြီ ဖြစ်တဲ့ Doom Patrol Season 3

ရိုက်ကူးရေး စတင်နေပြီ ဖြစ်တဲ့ Doom Patrol Season 3

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Doom Patrol ဟာ season 2 ထွက်ပြီး အတော်ကြာမှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ season 3 အတွက် ရိုက်ကူးရေး စတင်နေပြီ ဖြစ်ပါတယ်။ Doom Patrol ဟာ အစတုန်းကတော့ Titans ဇာတ်လမ်းတွဲရဲ့ spin off ပုံစံမျိူး ထွက်ရှိခဲ့ပေမယ့်လည်း အခုချိန်မှာတော့ သူ့ရဲ့ကိုယ်ပိုင် universe နဲ့ ဖြစ်နေပါပြီ။ Doom Patrol season 2 ကတော့ ၂၀၂၀ ဇွန်လမှာ စတင်ထုတ်လွှင့်ခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် season 2 ရဲ့ ဇာတ်သိမ်းကလည်း ဇာတ်ရှိန်အမြင့်ဆုံးနေရာရောက်မှ ပြီးဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း နောက်ထပ် အပိုင်းသစ် ထွက်လာဦးမှာလား ဆိုတာကိုလည်း သေချာမသိသေးတာကြောင့် ပရိသတ်တွေဟာ စောင့်မျှော်နေရပါတယ်။ စက်တင်ဘာလရောက်မှ HBO ဟာ ဒီဇာတ်လမ်းတွဲရဲ့ season 3 ထွက်လာမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Dorothy ဟာ Candlemaker ကို ဘယ်လိုမျိူး ရင်ဆိုင်သွားမလည်း ဆိုတာကို season 3 မှာ ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပေမယ့်လည်း ပရိသတ်တွေ စောင့်မျှော်နေတဲ့ သတင်းတွေကိုတော့ သိရခဲ့ပါပြီ။ ဒီဇာတ်လမ်းတွဲထဲက စတန့်သမား တစ်ယောက်ဖြစ်သူ Thom Williams ဟာ Doom Patrol season 3 ရိုက်ကူးရေး စတင်နေပြီဆိုတဲ့ အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ အသိပေးခဲ့ပုံကတော့ စတန့်အဖွဲ့ရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

photo via reactionstunts/instagram

Season 2 ဟာ ကိုဗစ်ကြောင့် ထွက်ရှိလာတဲ့ အပိုင်း နည်းသွားခဲ့ပြီး ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ season 3 ကတော့ ရိုက်ကူးရေး စတင်နေပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ကံကောင်းရင်တော့ season 3 ကို ဒီနှစ်ကုန်လောက်မှာ ကြည့်ရှုရနိုင်ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းရင်တော့ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ဖြစ်ပြီး ၂၀၂၂ ခုနှစ်လောက်အထိ စောင့်ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ရိုက်ကူးရေး စတင်နေပြီ ဆိုတာကတော့ ပရိသတ်တွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Doom Patrol ဟာ season 2 ထြက္ၿပီး အေတာ္ၾကာမွာေတာ့ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ season 3 အတြက္ ႐ိုက္ကူးေရး စတင္ေနၿပီ ျဖစ္ပါတယ္။ Doom Patrol ဟာ အစတုန္းကေတာ့ Titans ဇာတ္လမ္းတြဲရဲ႕ spin off ပုံစံမ်ိဴး ထြက္ရွိခဲ့ေပမယ့္လည္း အခုခ်ိန္မွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ universe နဲ႔ ျဖစ္ေနပါၿပီ။ Doom Patrol season 2 ကေတာ့ ၂၀၂၀ ဇြန္လမွာ စတင္ထုတ္လႊင့္ခဲ့ပါတယ္။

photo via screenrant

ဒါ့အျပင္ season 2 ရဲ႕ ဇာတ္သိမ္းကလည္း ဇာတ္ရွိန္အျမင့္ဆုံးေနရာေရာက္မွ ၿပီးဆုံးသြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းကလည္း ေနာက္ထပ္ အပိုင္းသစ္ ထြက္လာဦးမွာလား ဆိုတာကိုလည္း ေသခ်ာမသိေသးတာေၾကာင့္ ပရိသတ္ေတြဟာ ေစာင့္ေမွ်ာ္ေနရပါတယ္။ စက္တင္ဘာလေရာက္မွ HBO ဟာ ဒီဇာတ္လမ္းတြဲရဲ႕ season 3 ထြက္လာမယ္ဆိုၿပီး ေၾကညာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Dorothy ဟာ Candlemaker ကို ဘယ္လိုမ်ိဴး ရင္ဆိုင္သြားမလည္း ဆိုတာကို season 3 မွာ ဆက္လက္ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးေပမယ့္လည္း ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ သတင္းေတြကိုေတာ့ သိရခဲ့ပါၿပီ။ ဒီဇာတ္လမ္းတြဲထဲက စတန႔္သမား တစ္ေယာက္ျဖစ္သူ Thom Williams ဟာ Doom Patrol season 3 ႐ိုက္ကူးေရး စတင္ေနၿပီဆိုတဲ့ အေၾကာင္းကို ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ အသိေပးခဲ့ပုံကေတာ့ စတန႔္အဖြဲ႕ရဲ႕ ႐ိုက္ကြင္းေပၚက ဓာတ္ပုံကို အင္စတာဂရမ္ေပၚမွာ တင္ခဲ့တာ ျဖစ္ပါတယ္။

photo via reactionstunts/instagram

Season 2 ဟာ ကိုဗစ္ေၾကာင့္ ထြက္ရွိလာတဲ့ အပိုင္း နည္းသြားခဲ့ၿပီး ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ season 3 ကေတာ့ ႐ိုက္ကူးေရး စတင္ေနၿပီ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ကံေကာင္းရင္ေတာ့ season 3 ကို ဒီႏွစ္ကုန္ေလာက္မွာ ၾကည့္ရႈရႏိုင္ပါတယ္။ ဒါေပမယ့္လည္း ကံမေကာင္းရင္ေတာ့ ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြ ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ေလာက္အထိ ေစာင့္ရႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အခုခ်ိန္မွာ ႐ိုက္ကူးေရး စတင္ေနၿပီ ဆိုတာကေတာ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular