HomeEntertainmentFilmDr. Fate ပြန်လည်ပါဝင်ဦးမယ်လို့ အတည်ပြုလိုက်တဲ့ Dwayne Johnson

Dr. Fate ပြန်လည်ပါဝင်ဦးမယ်လို့ အတည်ပြုလိုက်တဲ့ Dwayne Johnson

*** Spoiler Alert ***

မကြာသေးခင်ကပဲ Dwayne Johnson ဟာ Dr. Fate ဇာတ်ကောင် ပြန်လည်ပါဝင်လာဦးမယ်လို့ အတည်ပြုလိုက်ပါတယ်။ Black Adam ရုပ်ရှင်ကတော့ မကြာခင်ရက်ပိုင်းကပဲ ရုံတင်ခဲ့ပြီး ပရိသတ်တွေနဲ့ သတင်းဌာနတွေရဲ့ အာရုံစိုက်မှုကိုလည်း ရရှိထားပါတယ်။ ဒီရုပ်ရှင်ကတော့ Box Office မှာ အခြေအနေကောင်းနေပေမယ့်လည်း ပရိသတ်တွေကြားမှာတော့ အမြင်တွေ ကွဲပြားနေကြပါတယ်။

ဒီရုပ်ရှင်ကိုတော့ Kahndaq နိုင်ငံမှာ ဇာတ်အိမ်တည်ထားပြီး Black Adam ဟာ နှစ်ပေါင်း (၅၀၀၀)အကြာမှာ ပြန်လည်နိုးထလာကာ အဲဒီနိုင်ငံကို အာဏာသိမ်းထားတဲ့ Intergang ကို တိုက်ခိုက်နေတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း Black Adam ရဲ့ ရက်စက်မှုတွေကြောင့် Justice Society of America ဟာ သူ့ကိုတားဆီးဖို့ ရောက်လာခဲ့ကြပါတယ်။ JSA အဖွဲ့ထဲက ဇာတ်ကောင်ဖြစ်တဲ့ Dr. Fate ကတော့ ဒီဇာတ်လမ်းထဲမှာ တမူထူးခြားနေပြီး ပရိသတ်တွေအကြိုက် ဖြစ်ခဲ့ပါတယ်။

photo via screenrant

Dr. Fate ဟာ ဒီဇာတ်လမ်းထဲမှာ Sabbac ကို တားဆီးဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံသွားပါတယ်။ သို့သော်လည်း မကြာသေးခင်ကပဲ Dwayne Johnson ဟာ သူ့ရဲ့တွစ်တာစာမျက်နှာမှာ Dr. Fate ရဲ့ ဇာတ်လမ်းဟာ မပြီးဆုံးသေးဘဲ ပြန်လည်ပါဝင်လာဦးမှာပါလို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်ကလည်း Dr. Fate ကို ကြိုက်နှစ်သက်တယ်လို့ ပြောထားပါသေးတယ်။

ဒီရုပ်ရှင်ဟာ Black Adam ကို မိတ်ဆက်ရုံတင် မဟုတ်ဘဲ JSA အဖွဲ့ကိုပါ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Black Adam ရုပ်ရှင် ထွက်မလာခင်ကတည်းက DCEU ထဲက JSA အဖွဲ့ဝင်တွေရဲ့ ဇာတ်လမ်းတွေကို ထပ်မံမြင်တွေ့ရနိုင်တယ်လို့ Dwayne Johnson က ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ Dr. Fate ရဲ့ Spin-Off သို့မဟုတ် JSA အဖွဲ့အကြောင်းကို ဖန်တီးထားတဲ့ ဇာတ်လမ်းတွေကို မြင်တွေ့ရနိုင်ချေ ရှိပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular