HomeEntertainmentFilmDracula ရုပ်ရှင် ရိုက်ကူးခဲ့ချိန်တုန်းက ညတိုင်းအခေါင်းထဲမှာ ဝင်အိပ်ခဲ့တဲ့ Gary Oldman
Dracula ရုပ်ရှင် ရိုက်ကူးခဲ့ချိန်တုန်းက ညတိုင်းအခေါင်းထဲမှာ ဝင်အိပ်ခဲ့တဲ့ Gary Oldman
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
ဝါရင့်သရုပ်ဆောင် Gary Oldman ဟာ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dracula ရုပ်ရှင်ကို ရိုက်ကူးနေတဲ့ အချိန်အတွင်း ညတိုင်း အခေါင်းထဲမှာ ဝင်အိပ်လေ့ရှိတယ်လို့ သရုပ်ဆောင် Cary Elwes က ပြောပြလာပါတယ်။
ဒီရုပ်ရှင်ကတော့ Dracula ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Elisabeta တစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားပြီးတဲ့နောက်မှာ နှစ်ချို့နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးက သူမရဲ့ သေဆုံးမှုအတွက် လက်စားချေဖို့ ကျိန်းဝါးလိုက်ပါတယ်။ အဲဒီနောက်မှာ‌ပဲ Mina ဆိုတဲ့ အမျိုးသမီးလေးနဲ့ တွေ့ဆုံတဲ့အခါမှာတော့ အဖြစ်အပျက်တွေဟာ ရှုပ်ထွေးလာပါတော့တယ်။
photo via screenrant
ဒီရုပ်ရှင်ထဲမှာတော့ Gary Oldman ဟာ Dracula အဖြစ် ပါဝင်ထားပြီး Mina အနေနဲ့ Winona Ryder ၊ Jonathan အနေနဲ့ Keanu Reeves ၊ Abraham Van Helsing အနေနဲ့ Anthony Hopkins တို့က ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၉၂ ခုနှစ်နှောင်းပိုင်းမှာ ရုံတင်ခဲ့ပြီး ပရိသတ်တွေကြားမှာ လူကြိုက်များသလို ကောင်းမွန်တဲ့ ဝေဖန်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း Jonathan အနေနဲ့ သရုပ်ဆောင်ထားတဲ့ Keanu Reeves ရဲ့ British Accent က သိပ်မပီပြင်တာကြောင့် ဝေဖန်ခံခဲ့ရတာမျိူးတော့ ရှိပါတယ်။
The Hollywood Reporter သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Dracula ရုပ်ရှင်ထဲက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Cary Elwes ဟာ သူ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေထဲက အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့ Dracula ရုပ်ရှင်အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့အတွေ့အကြုံကို ဝေမျှထားပါတယ်။
photo via screenrant
“သရုပ်ဆောင်တွေအချင်းချင်း အရမ်းရင်းနှီးသွားရင် ရုပ်ရှင်ထဲမှာပါ အဲ့ဒီစိတ်တွေက ပေါ်လာလိမ့်မယ်လို့ ဒါရိုက်တာ Francis က ထင်တယ်လေ။ အဲ့ဒါကြောင့် Vampire Hunter နေရာမှာ သရုပ်ဆောင်တဲ့သူတွေကို တစ်နေရာမှာ ခွဲထားပြီး Gary Oldman ကတော့ တစ်ယောက်တည်း နေရတယ်။
သူက ဒီဇာတ်ကောင်ကို ဘယ်လောက်အရေးထားလည်းဆိုရင် ညတိုင်းအခေါင်းထဲမှာ ဝင်အိပ်တဲ့အထိပါပဲ။ ဒါရိုက်တာကြောင့်တင် မဟုတ်ဘဲ Gary ကိုယ်တိုင်ကိုက သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့ကို ကျန်တဲ့သရုပ်ဆောင်တွေနဲ့ နီးစပ်အောင် မနေဘဲ ဒီဇာတ်ကောင်အတွက် လေ့ကျင့်ခဲ့တာပါ … “
photo via screenrant
Gary Oldman ကတော့ Method Actor တစ်ယောက် ဖြစ်ပြီး သူ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်တွေအတိုင်း အပြင်မှာ ပြုမူနေထိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူဟာ နာမည်ကြီးရုပ်ရှင်ကားများစွာရဲ့ အရေးပါတဲ့ ဇာတ်ရုပ်တွေမှာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ Dracula ရုပ်ရှင်ဆိုရင်လည်း IMDb (7.4) ရရှိထားပြီး အော်စကာသုံးဆု ရရှိထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ မကြည့်ရသေးရင် ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
Legos
Source: Screenrant
(Zawgyi Version)
photo via screenrant
photo via screenrant
photo via screenrant
Legos
Source: Screenrant
RELATED ARTICLES
Most Popular