HomeCelebs Update NewsInternationalအချစ်ဟောင်းတွေကိုပေးမယ့် စိန်လက်စွပ်တွေကို လည်ဆွဲလုပ်ဝတ်လိုက်တဲ့ Drake

အချစ်ဟောင်းတွေကိုပေးမယ့် စိန်လက်စွပ်တွေကို လည်ဆွဲလုပ်ဝတ်လိုက်တဲ့ Drake

နာမည်ကျော်ရက်ပ်ပါ Drake ကတော့ သူ့အချစ်ဟောင်းတွေကို အောက်မေ့သတိရတဲ့အနေနဲ့ ရတနာအသစ်တစ်ခုကို ဝတ်ဆင်လာပါတယ်။ “Previous Engagement”လို့ နာမည်ပေးထားတဲ့ ဒီစိန်လည်ဆွဲကတော့ (၃၅၁.၃၈)ကာရတ် ရှိတယ်လို့ သိရပါတယ်။

အသက်(၄၂)နှစ်အရွယ် Drake ကတော့ သူ့ရဲ့အချစ်ဟောင်းတွေကို ပေးဖို့ ကြံရွယ်ခဲ့ဖူးတဲ့ စေ့စပ်လက်စွပ် (၄၂)ကွင်းဆီက စိန်တွေကို ပြန်လည်ဖြုတ်ယူပြီး စိန်လည်ဆွဲအဖြစ် ပြောင်းလဲဖန်တီးထားတာလို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ ကျောက်မျက်ရတနာပညာရှင် Alex Moss က သူ့ရဲ့အင်စတာဂရမ်မှာ တင်ထားတာ ဖြစ်ပါတယ်။

Photo: champagnepapi/ Instagram

ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဒီစိန်လည်ဆွဲကြီးကို ဖန်တီးခဲ့တဲ့ ကျောက်မျက်ပညာရှင် Alex Moss ကတော့ Drake ရဲ့ ဒီလည်ဆွဲကို ပြုလုပ်ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့အင်စတာဂရမ်မှာ တင်ထားတဲ့ ဗွီဒီယိုမှာတော့ လည်ဆွဲကို အနီးကပ် သေချာစွာ ရိုက်ပြထားပြီး လည်ဆွဲရဲ့ နောက်ခံဇာတ်ကြောင်းကိုလည်း နောက်ခံအသံနဲ့ ရှင်းပြထားပါတယ်။

အဆိုပါစိန်လည်ဆွဲကိုတော့ (၁၄)လကြာ ဖန်တီးခဲ့ရတာဖြစ်ပြီး စိန်တစ်ပွင့်ချင်းဆီကို သေချာစွာ ရွေးချယ်ထားခဲ့တာလို့ သိရပါတယ်။ တလက်လက် လှပလွန်းတဲ့ စိန်ပွင့် (၄၂)ပွင့်ကိုလည်း အနီးကပ် ရိုက်ပြထားပြီး စုစုပေါင်း (၃၅၁.၃၈)ကာရတ် အလေးချိန်ရှိကာ 18k ရွှေဖြူနဲ့ ပြုလုပ်ထားတာလို့ ဆိုပါတယ်။

 

View this post on Instagram

 

A post shared by AMNY (@alexmoss)

စိန်တစ်ပွင့်ချင်းဆီတိုင်းဟာ Drake ရဲ့ လက်ထပ်ခွင့်မပန်ဖြစ်လိုက်တဲ့ အချစ်ဟောင်းတစ်ယောက်စီကို ရည်ရွယ်ထားပြီး စုစုပေါင်း စိန်ပွင့်(၄၂)ပွင့် ရှိတာကြောင့် အချစ်ဟောင်းဟာလည်း (၄၂)ယောက်ရှိတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ Alex Moss ကတော့ ဒီလည်ဆွဲဟာ ရတနာလောကရဲ့ အံ့မခန်းလက်ရာတစ်ခုဖြစ်ပြီး Drake အတွက် သီးသန့်ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။

Drake ကတော့ Rihanna ၊ Jennifer Lopez ၊ Nicki Minaj ၊ Bella Hadid အစရှိတဲ့ နာမည်ကျော်အမျိုးသမီးများစွာနဲ့ သတင်းထွက်ဖူးသူ ဖြစ်ပြီး ရည်းစားတွေလည်း တော်တော်များများ ထားခဲ့ဖူးသူ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular