HomeEntertainmentFilmGOTG 3 က Drax အတွက် Perfect Ending ပါပဲ ဆိုတဲ့ Dave Bautista

GOTG 3 က Drax အတွက် Perfect Ending ပါပဲ ဆိုတဲ့ Dave Bautista

Guardians of the Galaxy Vol.3 ကတော့ Drax အတွက် Perfect ဖြစ်တဲ့ Ending ပါပဲလို့ သရုပ်ဆောင် Dave Bautista ကိုယ်တိုင်က ပြောထားပါတယ်။ Guardians of the Galaxy Vol.3 ကတော့ Dave Bautista ရဲ့ Drax အဖြစ် သရုပ်ဆောင်ထားတဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်သလို GOTG Trilogy ရဲ့ အဆုံးသတ်လည်း ဖြစ်ပါတယ်။ ဒါရိုက်တာ James Gunn ကိုယ်တိုင်ကလည်း ဒီရုပ်ရှင်အပြီးမှာ GOTG မူလအဖွဲ့ဝင်တွေ အားလုံးကို တစုတစည်းတည်း မြင်တွေ့ရတော့မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

photo via screenrant

သရုပ်ဆောင် Dave Bautista ကတော့ The Tonight Show နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ သူ့ရဲ့ရုပ်ရှင်အသစ်ဖြစ်တဲ့ Knock at the Cabin ကို ပရိုမိုးရှင်းဆင်းနေရင်း GOTG 3 နဲ့ ပတ်သတ်တဲ့ အချက်အနည်းငယ်ကိုလည်း ပြောပြခဲ့ပါတယ်။ သူကတော့ GOTG 3 ဟာ Drax အတွက် စိတ်ကျေနပ်ဖို့ကောင်းတဲ့ Ending တခုပါလို့ ဆိုပါတယ်။

“ကျွန်တော်တို့အားလုံး ဒီလိုမျိူး Perfect ဖြစ်တဲ့ Character Arc တွေနဲ့ ပြီးပြည့်စုံတဲ့ Ending တွေ ရှိခဲ့ပါတယ်။ ဒါက ကျွန်တော်ရဲ့ နပမ်းသမားဘဝက အနားယူခဲ့သလိုပါပဲ။ ပြီးပြည့်စုံတဲ့ Ending နဲ့ ကျွန်တော် အဆုံးသတ်ခဲ့တာလေ။ ပြီးတော့ ကျွန်တော် ဘယ်တော့မှ အဲဒီကို ပြန်သွားပြီး ဒီ Ending ကို ဖျက်ဆီးလိုက်မှာ မဟုတ်ပါဘူး။ Drax နဲ့လည်း တူတူပါပဲ။ ပိုက်ဆံရဖို့သက်သက်နဲ့တော့ Drax အနေနဲ့ ပြန်လာမှာမဟုတ်ပါဘူး။ အဲလိုလုပ်လိုက်ရင် ပြီးပြည့်စုံနေတဲ့ Ending ကို ဖျက်ဆီးသလို ဖြစ်သွားမှာပေါ့။”

photo via screenrant

Drax နဲ့ ပတ်သက်ပြီး လူပြောအများဆုံး သီအိုရီကတော့ ဒီရုပ်ရှင်ထဲမှာ Drax သေဆုံးသွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ James Gunn ကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ဟာ Trilogy ရဲ့ အဆုံးသတ် ဖြစ်တာကြောင့် တယောက်ယောက်တော့ သေချာပေါက် သေဆုံးသွားမှာပါလို့ ပြောခဲ့ပါသေးတယ်။ Drax ရဲ့ မိန်းမနဲ့ သမီးတို့က အတိတ်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် သူဟာ ယခုအချိန်မှာတော့ သူရဲ့မိသားစုအသစ်ဖြစ်တဲ့ GOTG အဖွဲ့ဝင်တွေကို ကာကွယ်ဖို့အတွက် အသက်စွန့်သွားပြီး သူ့ရဲ့မိသားစုနဲ့ တမလွန်မှာ ပြန်လည်ဆုံတွေ့တာမျိူး ဖန်တီးသွားနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular