HomeCelebs Update NewsInternationalဦးနှောက်သွေးကြောရောဂါကြောင့် အရေးပေါ် ဆေးရုံတက်ခဲ့ရတဲ့ Dr. Dre 

ဦးနှောက်သွေးကြောရောဂါကြောင့် အရေးပေါ် ဆေးရုံတက်ခဲ့ရတဲ့ Dr. Dre 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဂန္ထဝင်ရက်ပ်ပါကြီး Dr. Dre ဟာ ဦးနှောက်သွေးကြောမှာ သွေးအိတ်တည်နေတဲ့အတွက် အရေးပေါ်ဆေးရုံတက်ခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။

TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက်(၅၅)နှစ်အရွယ် Dr. Dre ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က လော့စ်အိန်ဂျလိစ်မြို့က Cedars-Sinai ဆေးကုသစင်တာမှာ တက်ရောက်ပြီး ကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။ Dre ဟာ ဦးနှောက်သွေးကြောမှာ သွေးအိတ်တည်နေတာဖြစ်ပြီး အရေးပေါ် လူနာတင်ယာဉ်နဲ့ ဆေးရုံကို သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။

Photo: drdre/ Instagram

အဆိုပါသတင်းရဲ့ ဖော်ပြချက်အရ လက်ရှိမှာ Dre ရဲ့ အခြေအနေဟာ တည်ငြိမ်နေပြီး ရောဂါစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပြတဲ့ သတင်းအရလည်း နေကောင်းနေပြီး သတိလည်း ကောင်းကောင်းရှိတယ်လို့ ဆိုပါတယ်။

နာမည်ကျော် ရက်ပ်ပါ LL COOL J ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ညပိုင်းက Dre ရဲ့ အခြေအနေကို တွစ်တာစာမျက်နှာမှာ အသိပေးခဲ့ပါတယ်။ သူ့ရဲ့ပို့စ်အရ Dre ဟာ တော်တော်ကြီး နေကောင်းသက်သာလာပြီလို့ သိရပါတယ်။

Photo: drdre/ Instagram

အဲ့ဒီ့နောက် မရှေးမနှောင်းမှာပဲ Dre ရဲ့ တရားဝင် အင်စတာဂရမ်စာမျက်နှာကနေ ပရိသတ်တွေနဲ့ မိတ်ဆွေတွေကို စိတ်မပူဖို့ အသိပေးစကား ပြောကြားခဲ့ပါတယ်။ အဆိုပါပို့စ်မှာတော့ “ကျွန်တော့်ကို စိတ်ဝင်တစားနဲ့ စိတ်ပူပေးပြီး ဆုတောင်းမေတ္တာ ပို့သပေးကြတဲ့ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ဆေးကုသရေးအဖွဲ့က ဂရုစိုက် ပြုစုကုသမှုကြောင့် ကျွန်တော် နေကောင်းလာပါပြီ။ မကြာခင် ဆေးရုံကဆင်းပြီး အိမ်မှာ ပြန်နေတော့မှာပါ။ Cedars ဆေးရုံက ဆေးဝန်ထမ်းအားလုံးကို အထူးကျေးဇူးတင်ပါတယ်…. ” လို့ ရေးသားထားပါတယ်။

Dre ဟာ (၂၄)နှစ်ကြာ အိမ်ထောင်သက် ရှိခဲ့ပြီး လွန်ခဲ့တဲ့ ခြောက်လကမှ ဇနီးဖြစ်သူ Nicole Young နဲ့ ကွာရှင်းခဲ့ပြီးနောက် အခုလို ကျန်းမာရေးပြဿနာကို ကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ်။ Dre နဲ့ Nicole တို့ဟာ ၁၉၉၆ခုနှစ် မေလမှာ လက်ထပ်ခဲ့ကြပြီး (၂၃)နှစ်အရွယ် သားတစ်ယောက်နဲ့ (၁၉)နှစ်အရွယ် သမီးတစ်ယောက် ထွန်းကားထားပါတယ်။

Photo: drdre/ Instagram

Dre ဟာ အထင်ကရ ရက်ပ်အဖွဲ့တစ်ခုဖြစ်တဲ့ N.W.A အဖွဲ့ကနေ ထင်ရှားကျော်ကြားလာခဲ့သူဖြစ်ပြီး ဆိုလို အနေနဲ့ လှုပ်ရှားဖို့ ၁၉၉၁ခုနှစ်မှာ အဖွဲ့က ထွက်ခွာခဲ့ပါတယ်။ ဒီလိုနဲ့ ရက်ပ်ပါဘဝကနေ Hip-Hop လောကရဲ့ အကောင်းဆုံး ထုတ်လုပ်သူတစ်ယောက်အဖြစ် ကူးပြောင်းလာခဲ့ပါတယ်။

Dre ဟာ 2Pac ၊ Snoop Dogg ၊ The Game ၊ Kendrick Lamar တို့လို ရက်ပ်ပါတွေနဲ့လည်း တွဲဖက်အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာတော့ တေးသံသွင်းကုမ္ပဏီတစ်ခုက Jimmy Lovine နဲ့ ပူးပေါင်းပြီး Beats by Dr. Dre ဆိုတဲ့ audio product တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ Beats by Dr. Dre  ကုမ္ပဏီကိုတော့ ၂၀၁၄ခုနှစ်မှာ Apple ကုမ္ပဏီက ဒေါ်လာ သုံးဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။

Linda December

Source: people

(Zawgyi Version)

နာမည္ေက်ာ္ ဂႏၴဝင္ရက္ပ္ပါႀကီး Dr. Dre ဟာ ဦးေႏွာက္ေသြးေၾကာမွာ ေသြးအိတ္တည္ေနတဲ့အတြက္ အေရးေပၚေဆး႐ုံတက္ခဲ့ရၿပီး အထူးၾကပ္မတ္ကုသေဆာင္မွာ ကုသမႈ ခံယူခဲ့ရတယ္လို႔ သိရပါတယ္။

TMZ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အသက္(၅၅)ႏွစ္အ႐ြယ္ Dr. Dre ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔က ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က Cedars-Sinai ေဆးကုသစင္တာမွာ တက္ေရာက္ၿပီး ကုသမႈခံယူခဲ့ရတယ္လို႔ ဆိုပါတယ္။ Dre ဟာ ဦးေႏွာက္ေသြးေၾကာမွာ ေသြးအိတ္တည္ေနတာျဖစ္ၿပီး အေရးေပၚ လူနာတင္ယာဥ္နဲ႔ ေဆး႐ုံကို သြားေရာက္ခဲ့ရတယ္လို႔ သိရပါတယ္။

Photo: drdre/ Instagram

အဆိုပါသတင္းရဲ႕ ေဖာ္ျပခ်က္အရ လက္ရွိမွာ Dre ရဲ႕ အေျခအေနဟာ တည္ၿငိမ္ေနၿပီး ေရာဂါစစ္ေဆးမႈေတြ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ နီးစပ္တဲ့ အသိုင္းအဝိုင္းက ေျပာျပတဲ့ သတင္းအရလည္း ေနေကာင္းေနၿပီး သတိလည္း ေကာင္းေကာင္းရွိတယ္လို႔ ဆိုပါတယ္။

နာမည္ေက်ာ္ ရက္ပ္ပါ LL COOL J ကေတာ့ ၿပီးခဲ့တဲ့ အဂၤါေန႔ညပိုင္းက Dre ရဲ႕ အေျခအေနကို တြစ္တာစာမ်က္ႏွာမွာ အသိေပးခဲ့ပါတယ္။ သူ႔ရဲ႕ပို႔စ္အရ Dre ဟာ ေတာ္ေတာ္ႀကီး ေနေကာင္းသက္သာလာၿပီလို႔ သိရပါတယ္။

Photo: drdre/ Instagram

အဲ့ဒီ့ေနာက္ မေရွးမေႏွာင္းမွာပဲ Dre ရဲ႕ တရားဝင္ အင္စတာဂရမ္စာမ်က္ႏွာကေန ပရိသတ္ေတြနဲ႔ မိတ္ေဆြေတြကို စိတ္မပူဖို႔ အသိေပးစကား ေျပာၾကားခဲ့ပါတယ္။ အဆိုပါပို႔စ္မွာေတာ့ “ကြၽန္ေတာ့္ကို စိတ္ဝင္တစားနဲ႔ စိတ္ပူေပးၿပီး ဆုေတာင္းေမတၱာ ပို႔သေပးၾကတဲ့ မိသားစုေတြ၊ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔ ပရိသတ္ေတြအားလုံးကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ ေဆးကုသေရးအဖြဲ႕က ဂ႐ုစိုက္ ျပဳစုကုသမႈေၾကာင့္ ကြၽန္ေတာ္ ေနေကာင္းလာပါၿပီ။ မၾကာခင္ ေဆး႐ုံကဆင္းၿပီး အိမ္မွာ ျပန္ေနေတာ့မွာပါ။ Cedars ေဆး႐ုံက ေဆးဝန္ထမ္းအားလုံးကို အထူးေက်းဇူးတင္ပါတယ္…. ” လို႔ ေရးသားထားပါတယ္။

Dre ဟာ (၂၄)ႏွစ္ၾကာ အိမ္ေထာင္သက္ ရွိခဲ့ၿပီး လြန္ခဲ့တဲ့ ေျခာက္လကမွ ဇနီးျဖစ္သူ Nicole Young နဲ႔ ကြာရွင္းခဲ့ၿပီးေနာက္ အခုလို က်န္းမာေရးျပႆနာကို ႀကဳံေတြ႕လိုက္ရတာ ျဖစ္ပါတယ္။ Dre နဲ႔ Nicole တို႔ဟာ ၁၉၉၆ခုႏွစ္ ေမလမွာ လက္ထပ္ခဲ့ၾကၿပီး (၂၃)ႏွစ္အ႐ြယ္ သားတစ္ေယာက္နဲ႔ (၁၉)ႏွစ္အ႐ြယ္ သမီးတစ္ေယာက္ ထြန္းကားထားပါတယ္။

Photo: drdre/ Instagram

Dre ဟာ အထင္ကရ ရက္ပ္အဖြဲ႕တစ္ခုျဖစ္တဲ့ N.W.A အဖြဲ႕ကေန ထင္ရွားေက်ာ္ၾကားလာခဲ့သူျဖစ္ၿပီး ဆိုလို အေနနဲ႔ လႈပ္ရွားဖို႔ ၁၉၉၁ခုႏွစ္မွာ အဖြဲ႕က ထြက္ခြာခဲ့ပါတယ္။ ဒီလိုနဲ႔ ရက္ပ္ပါဘဝကေန Hip-Hop ေလာကရဲ႕ အေကာင္းဆုံး ထုတ္လုပ္သူတစ္ေယာက္အျဖစ္ ကူးေျပာင္းလာခဲ့ပါတယ္။

Dre ဟာ 2Pac ၊ Snoop Dogg ၊ The Game ၊ Kendrick Lamar တို႔လို ရက္ပ္ပါေတြနဲ႔လည္း တြဲဖက္အလုပ္လုပ္ခဲ့ပါတယ္။ ၂၀၀၆ခုႏွစ္မွာေတာ့ ေတးသံသြင္းကုမၸဏီတစ္ခုက Jimmy Lovine နဲ႔ ပူးေပါင္းၿပီး Beats by Dr. Dre ဆိုတဲ့ audio product ေတြ ထုတ္လုပ္တဲ့ ကုမၸဏီကို တည္ေထာင္ခဲ့ပါတယ္။ Beats by Dr. Dre  ကုမၸဏီကိုေတာ့ ၂၀၁၄ခုႏွစ္မွာ Apple ကုမၸဏီက ေဒၚလာ သုံးဘီလ်ံနဲ႔ ဝယ္ယူခဲ့ပါတယ္။

Linda December

Source: people

RELATED ARTICLES

Most Popular