HomeEntertainmentFilmနောက်ဆုံးထွေလာ ထွက်ရှိလာတဲ့ Doctor Strange in the Multiverse of Madness

နောက်ဆုံးထွေလာ ထွက်ရှိလာတဲ့ Doctor Strange in the Multiverse of Madness

Doctor Strange in the Multiverse of Madness ကတော့ မနက်ဖြန် (၆)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး ရုံမတင်ခင် တစ်ရက်အလိုမှာတော့ နောက်ဆုံးထွေလာ ထွက်ရှိလာပါတယ်။ ဒီရုပ်ရှင်ကတော့ Loki Season 1 ၊ Spider-Man: No Way Home နဲ့ WandaVision တို့ရဲ့ ဇာတ်လမ်းတွေနဲ့ ဆက်စပ်သွားမှာ ဖြစ်ပြီး Doctor Strange နဲ့ Wanda တို့ကို အဓိကမြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

သရုပ်ဆောင်တွေကတော့ Benedict Cumberbatch ၊ Elizabeth Olsen ၊ Chiwetel Ejiofor ၊ Benedict Wong နဲ့ Rachel McAdams တို့ ပါဝင်မယ့်အပြင် Xochitl Gomez ကတော့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ America Chavez နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

ယခုထွက်ရှိလာတဲ့ နောက်ဆုံးထွေလာထဲမှာတော့ Doctor Strange ရုပ်ရှင်နဲ့ Infinity War ရုပ်ရှင်တို့က ဇာတ်ဝင်ခန်းတွေကို ပြန်လည်ပြသခဲ့ပြီး Wanda ရဲ့ ဗားရှင်းတစ်မျိူးက Illuminati အဖွဲ့ဝင်တွေဖြစ်တဲ့ Captain Carter ၊ Captain Marvel Variant တို့လိုဇာတ်ကောင်တွေနဲ့ တိုက်ခိုက်နေတာကို ပိုမိုမြင်တွေ့ခဲ့ရပါတယ်။ ဒီထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ယခုအချိန်ထိ Captain Carter ရဲ့ မျက်နှာကို သေချာ မပြသခဲ့ပေမယ့်လည်း အထူးပွဲမှာတော့ Peggy Carter နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Hayley Atwell ကို မြင်တွေ့ခဲ့ရတာကြောင့် သူမကပဲ ပြန်လည် သရုပ်ဆောင်သွားမယ်ဆိုတာ သေချာသလောက် ရှိပါတယ်။ ထူးခြားတာ တစ်ခုကတော့ သူမရဲ့ ကျောကုန်းမှာ Jet Pack တပ်ဆင်ထားတာပဲ ဖြစ်ပြီး ဒီရုပ်ရှင်ဟာ ဘယ်လိုအံ့ဩစရာတွေ မြင်တွေ့ရမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular