HomeCharacterမှော်ပညာကို အသုံးပြုဖို့အတွက် အဆိပ်တွေကို စားသုံးနေရတဲ့ Doctor Strange

မှော်ပညာကို အသုံးပြုဖို့အတွက် အဆိပ်တွေကို စားသုံးနေရတဲ့ Doctor Strange

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Doctor Strange ဟာ Sorcerer Supreme ဖြစ်တာ‌ကြောင့် အများအမြင်မှာတော့ သူဟာ အဆုံးအစမရှိတဲ့ စွမ်းအားတွေကို အသုံးပြုနိုင်တယ်လို့ ထင်ကြပါလိမ့်မယ်။ Doctor Strange ဟာ သူ့ရဲ့ဝတ်ရုံကို အသုံးပြုပြီးတော့ ပျံသန်းနိုင်သလို ခန္ဓာကိုယ်ကနေလည်း ဝိဉာဉ် ခွဲထွက်နိုင်ပြီး ရူပဗေဒကို ဆန့်ကျင်နိုင်တဲ့ မန္တန်တွေလည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သူဟာ Sanctum Sanctorum ဆိုတဲ့ မှော်အိမ်ကြီးထဲမှာ နေထိုင်ပြီးတော့ အဲ့ဒီအိမ်ထဲမှာလည်း မှော်ပစ္စည်းတွေနဲ့ လက်နက်တွေ အများကြီး ရှိပါတယ်။

ဒါပေမယ့်လည်း မှော်ပညာကို အသုံးပြုခြင်းဟာ ပေးဆပ်မှုကြီးကြီးတွေ ပေးဆပ်ရလေ့ရှိပါတယ်။ Doctor Strange ကတော့ သူ အသုံးပြုနေတဲ့ မှော်စွမ်းအင်တွေကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကိုပါ ပြန်ပြင်လို့မရတော့ဘဲ ကြီးမားလွန်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်သွားစေခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့အစာအိမ်ဟာ သာမန်အစားအစာတွေကို အစာချေနိုင်ခြင်း မရှိတော့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဘယ်လိုမျိူး အသက်ရှင်သန်နေရလည်း ဆိုတာကို ၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Doctor Strange ကောမစ်စီးရီးထဲမှာ ပြသသွားခဲ့ပါတယ်။

photo via screenrant

အဲ့ဒီကောမစ်ထဲမှာတော့ Zelma လို့ ခေါ်တဲ့ စာကြည့်တိုက်မှူး ကောင်မလေးတစ်ယောက်ဟာ Doctor Strange ဆီမှာ အကူအညီတောင်းဖို့ ရောက်လာပါတယ်။ သူမဟာ မှော်ဆန်တဲ့ ရောဂါတစ်ခုကို ခံစားနေရတာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ သူမရဲ့ ခေါင်းကနေ မကောင်းဆိုးဝါး ပါးစပ်ကြီးတစ်ခုက သက်သက် ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ Doctor Strange ကလည်း မှော်ပညာနဲ့ ပက်သတ်ပြီးတော့ အရေးပေါ် အခြေအနေတွေ ကြုံတွေ့နေရတာကြောင့် သူမကို မကူညီနိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာပဲ Doctor Strange ရဲ့ အကူလည်းဖြစ်၊ သိုင်းပညာရှင်နဲ့ စားဖိုမှူးလည်း ဖြစ်တဲ့ Wong ဟာ မီးဖိုချောင်ထဲကို ပြေးဝင်သွားပြီး Doctor Strange အတွက် ဟင်းတစ်ပွဲကို ပြင်ဆင်ပေးခဲ့ပါတယ်။

ဒီလို ယောက်ယက်ခတ်နေတဲ့ အခြေအနေတွေကြောင့်ပဲ Zelma ဟာ လျှောက်ကြည့်ရင်းနဲ့  မီးဖိုချောင်ထဲကို ရောက်သွားပြီး ကြောက်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါတယ်။ အဲ့ဒါကတော့ Doctor Strange ရဲ့ ရေခဲသေတ္တာထဲမှာရှိနေတဲ့ အရာအများစုဟာ အရှင်လတ်လတ် သတ္တဝါတွေ ဖြစ်နေတာပါပဲ။ Wong ကတော့ သူလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ရေခဲသေတ္တာထဲကနေ ခပ်မြန်မြန် ရယူစုစည်းနေပါတယ်။ အဲ့ဒီပါဝင်ပစ္စည်းတွေကတော့ ဂြိုဟ်သားမျက်လုံးတွေ၊ ဖားပြုတ်တွေ၊ ကြွက်တွေနဲ့ တွန့်လိမ်နေတဲ့ ရေဘဝဲလက်တံတွေပဲ ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒီ့နောက်မှာတော့ ပါဝင်ပစ္စည်းတွေ အကုန်လုံးကို ဒယ်အိုးထဲ ပစ်ထည့်ပြီး ချက်ပြုတ်လိုက်ပါတယ်။ အခုလို အံ့အားသင့်စရာ ဟင်းတွေကို ချက်ပြုတ်ပြီးတော့မှ Wong ဟာ Zelma ကို နေ့လယ်စာ စားသွားဖို့ ယဉ်ကျေးစွာနဲ့ ဖိတ်ခေါ်လိုက်ပါတယ်။ Zelma ကတော့ Wong ရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုနဲ့ ခဏနေတော့ အဲ့ဒီဟင်းတွေနဲ့ နေ့လယ်စာစားနေတဲ့ Doctor Strange ကို Zelma တစ်ယောက် တွေ့လိုက်ရပါတော့တယ်။ Doctor Strange ကတော့ သာမန်လူတွေအနေနဲ့ သူ စားသောက်နေတဲ့ပုံကို ကြည့်ရ၊မြင်ရတာ အဆင်ပြေမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

Doctor Strange က အဲ့ဒီ့လှုပ်ရွနေတဲ့ စားစရာတွေကို စားသောက်နေတဲ့ အချိန်မှာတော့ ဘာကြောင့် ဒါတွေကို စားနေလည်းဆိုတဲ့ အကြောင်းရင်းကို Wong ဟာ Zelma ကို ရှင်းပြခဲ့ပါတယ်။ အဲ့ဒါကတော့ မှော်ပညာကို နှစ်တွေအကြာကြီး အသုံးပြုပြီးသွားတဲ့နောက်မှာ Doctor Strange ရဲ့ အစာချေစနစ်ဟာ လုံးဝကို ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့အစာအိမ်ဟာ ပုံမှန်အစားအစာတွေကို လက်မခံတော့ဘဲ အဲ့ဒီဂြိုဟ်သားအစားအစာတွေကိုပဲ စားလို့ရတော့တာ ဖြစ်ပါတယ်။ အဲ့ဒီအစားအစာတွေဟာ သာမန်လူတွေ စားသုံးမယ်ဆိုရင် ချက်ချင်းသေဆုံးသွားစေနိုင်ပြီး Doctor Strange ကိုလည်း တဖြည်းဖြည်းနဲ့ သေသွားစေမှာ ဖြစ်တယ်လို့ Wong က ဆိုပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအစားအစာနဲ့ အသက်ဆက်နေရတဲ့အချိန်မှာတော့ Doctor Strange အတွက် မှော်ပညာတွေကို ထပ်မံအသုံးပြုဖို့အတွက် အားအင်ပြည့်ဝစေတယ်လို့လည်း ရှင်းပြလိုက်ပါသေးတယ်။

photo via screenrant

အဲ့ဒီကောမစ်ရဲ့ နောက်ပိုင်းအတွဲတွေထဲမှာ တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေအရ Wong ဟာ အမှန်တွေချည်းပဲ ပြောခဲ့တာ မဟုတ်ဘဲ ပိုပိုသာသာလေး ပြောခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ အကြောင်းကတော့ Doctor Strange ဟာ Wizard Bar မှာ ကော့တေးသောက်ပြီး ပန်းသီးစားနေတာကိုတောင် တွေ့ခဲ့ရတာကြောင့်ပါပဲ။ သို့သော်ငြားလည်း Doctor Strange ကိုယ်တိုင်က ပီဇာတွေ စားလို့မရတော့ဘူး ဆိုပြီးတော့ ဝမ်းနည်းစွာနဲ့ ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် သူသောက်ခဲ့တဲ့ ကော့တေးကိုလည်း သာမန်အရက်ထက် ပိုပြီးပြင်းတဲ့အရာကို ထည့်ခိုင်းပြီးတော့ သောက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် Doctor Strange ဟာ သူ့ရဲ့မှော်ပညာတွေကို အသုံးပြုပြီး တစ်ခြားလူတွေကို ကာကွယ်ပေးခဲ့ပေမယ့်လည်း အဲ့ဒီလုပ်ရပ်တွေကြောင့်ပဲ သူကိုယ်တိုင်ဟာ လူတစ်ယောက်လိုတောင် စားသောက်လို့ မရတော့တာကတော့ စိတ်မကောင်းစရာပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Doctor Strange ဟာ Sorcerer Supreme ျဖစ္တာ‌ေၾကာင့္ အမ်ားအျမင္မွာေတာ့ သူဟာ အဆုံးအစမရွိတဲ့ စြမ္းအားေတြကို အသုံးျပဳႏိုင္တယ္လို႔ ထင္ၾကပါလိမ့္မယ္။ Doctor Strange ဟာ သူ႔ရဲ႕ဝတ္႐ုံကို အသုံးျပဳၿပီးေတာ့ ပ်ံသန္းႏိုင္သလို ခႏၶာကိုယ္ကေနလည္း ဝိဉာဥ္ ခြဲထြက္ႏိုင္ၿပီး ႐ူပေဗဒကို ဆန႔္က်င္ႏိုင္တဲ့ မႏၲန္ေတြလည္း အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ သူဟာ Sanctum Sanctorum ဆိုတဲ့ ေမွာ္အိမ္ႀကီးထဲမွာ ေနထိုင္ၿပီးေတာ့ အဲ့ဒီအိမ္ထဲမွာလည္း ေမွာ္ပစၥည္းေတြနဲ႔ လက္နက္ေတြ အမ်ားႀကီး ရွိပါတယ္။

ဒါေပမယ့္လည္း ေမွာ္ပညာကို အသုံးျပဳျခင္းဟာ ေပးဆပ္မႈႀကီးႀကီးေတြ ေပးဆပ္ရေလ့ရွိပါတယ္။ Doctor Strange ကေတာ့ သူ အသုံးျပဳေနတဲ့ ေမွာ္စြမ္းအင္ေတြေၾကာင့္ သူ႔ရဲ႕ခႏၶာကိုယ္ကိုပါ ျပန္ျပင္လို႔မရေတာ့ဘဲ ႀကီးမားလြန္းတဲ့ ေျပာင္းလဲမႈေတြ ျဖစ္သြားေစခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူ႔ရဲ႕အစာအိမ္ဟာ သာမန္အစားအစာေတြကို အစာေခ်ႏိုင္ျခင္း မရွိေတာ့တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ ဘယ္လိုမ်ိဴး အသက္ရွင္သန္ေနရလည္း ဆိုတာကို ၂၀၁၅ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Doctor Strange ေကာမစ္စီးရီးထဲမွာ ျပသသြားခဲ့ပါတယ္။

photo via screenrant

အဲ့ဒီေကာမစ္ထဲမွာေတာ့ Zelma လို႔ ေခၚတဲ့ စာၾကည့္တိုက္မႉး ေကာင္မေလးတစ္ေယာက္ဟာ Doctor Strange ဆီမွာ အကူအညီေတာင္းဖို႔ ေရာက္လာပါတယ္။ သူမဟာ ေမွာ္ဆန္တဲ့ ေရာဂါတစ္ခုကို ခံစားေနရတာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ သူမရဲ႕ ေခါင္းကေန မေကာင္းဆိုးဝါး ပါးစပ္ႀကီးတစ္ခုက သက္သက္ ထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ Doctor Strange ကလည္း ေမွာ္ပညာနဲ႔ ပက္သတ္ၿပီးေတာ့ အေရးေပၚ အေျခအေနေတြ ႀကဳံေတြ႕ေနရတာေၾကာင့္ သူမကို မကူညီႏိုင္ခဲ့ပါဘူး။ အဲ့ဒီအခ်ိန္မွာပဲ Doctor Strange ရဲ႕ အကူလည္းျဖစ္၊ သိုင္းပညာရွင္နဲ႔ စားဖိုမႉးလည္း ျဖစ္တဲ့ Wong ဟာ မီးဖိုေခ်ာင္ထဲကို ေျပးဝင္သြားၿပီး Doctor Strange အတြက္ ဟင္းတစ္ပြဲကို ျပင္ဆင္ေပးခဲ့ပါတယ္။

ဒီလို ေယာက္ယက္ခတ္ေနတဲ့ အေျခအေနေတြေၾကာင့္ပဲ Zelma ဟာ ေလွ်ာက္ၾကည့္ရင္းနဲ႔  မီးဖိုေခ်ာင္ထဲကို ေရာက္သြားၿပီး ေၾကာက္စရာ ျမင္ကြင္းတစ္ခုကို ျမင္လိုက္ရပါတယ္။ အဲ့ဒါကေတာ့ Doctor Strange ရဲ႕ ေရခဲေသတၱာထဲမွာရွိေနတဲ့ အရာအမ်ားစုဟာ အရွင္လတ္လတ္ သတၱဝါေတြ ျဖစ္ေနတာပါပဲ။ Wong ကေတာ့ သူလိုအပ္တဲ့ ပါဝင္ပစၥည္းေတြကို ေရခဲေသတၱာထဲကေန ခပ္ျမန္ျမန္ ရယူစုစည္းေနပါတယ္။ အဲ့ဒီပါဝင္ပစၥည္းေတြကေတာ့ ၿဂိဳဟ္သားမ်က္လုံးေတြ၊ ဖားျပဳတ္ေတြ၊ ႂကြက္ေတြနဲ႔ တြန႔္လိမ္ေနတဲ့ ေရဘဝဲလက္တံေတြပဲ ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒီ့ေနာက္မွာေတာ့ ပါဝင္ပစၥည္းေတြ အကုန္လုံးကို ဒယ္အိုးထဲ ပစ္ထည့္ၿပီး ခ်က္ျပဳတ္လိုက္ပါတယ္။ အခုလို အံ့အားသင့္စရာ ဟင္းေတြကို ခ်က္ျပဳတ္ၿပီးေတာ့မွ Wong ဟာ Zelma ကို ေန႔လယ္စာ စားသြားဖို႔ ယဥ္ေက်းစြာနဲ႔ ဖိတ္ေခၚလိုက္ပါတယ္။ Zelma ကေတာ့ Wong ရဲ႕ ဖိတ္ေခၚမႈကို ျငင္းဆန္ခဲ့ပါတယ္။ ဒီလိုနဲ႔ ခဏေနေတာ့ အဲ့ဒီဟင္းေတြနဲ႔ ေန႔လယ္စာစားေနတဲ့ Doctor Strange ကို Zelma တစ္ေယာက္ ေတြ႕လိုက္ရပါေတာ့တယ္။ Doctor Strange ကေတာ့ သာမန္လူေတြအေနနဲ႔ သူ စားေသာက္ေနတဲ့ပုံကို ၾကည့္ရ၊ျမင္ရတာ အဆင္ေျပမွာ မဟုတ္ဘူးလို႔ သတိေပးခဲ့ပါတယ္။

Doctor Strange က အဲ့ဒီ့လႈပ္႐ြေနတဲ့ စားစရာေတြကို စားေသာက္ေနတဲ့ အခ်ိန္မွာေတာ့ ဘာေၾကာင့္ ဒါေတြကို စားေနလည္းဆိုတဲ့ အေၾကာင္းရင္းကို Wong ဟာ Zelma ကို ရွင္းျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ ေမွာ္ပညာကို ႏွစ္ေတြအၾကာႀကီး အသုံးျပဳၿပီးသြားတဲ့ေနာက္မွာ Doctor Strange ရဲ႕ အစာေခ်စနစ္ဟာ လုံးဝကို ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူ႔ရဲ႕အစာအိမ္ဟာ ပုံမွန္အစားအစာေတြကို လက္မခံေတာ့ဘဲ အဲ့ဒီၿဂိဳဟ္သားအစားအစာေတြကိုပဲ စားလို႔ရေတာ့တာ ျဖစ္ပါတယ္။ အဲ့ဒီအစားအစာေတြဟာ သာမန္လူေတြ စားသုံးမယ္ဆိုရင္ ခ်က္ခ်င္းေသဆုံးသြားေစႏိုင္ၿပီး Doctor Strange ကိုလည္း တျဖည္းျဖည္းနဲ႔ ေသသြားေစမွာ ျဖစ္တယ္လို႔ Wong က ဆိုပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအစားအစာနဲ႔ အသက္ဆက္ေနရတဲ့အခ်ိန္မွာေတာ့ Doctor Strange အတြက္ ေမွာ္ပညာေတြကို ထပ္မံအသုံးျပဳဖို႔အတြက္ အားအင္ျပည့္ဝေစတယ္လို႔လည္း ရွင္းျပလိုက္ပါေသးတယ္။

photo via screenrant

အဲ့ဒီေကာမစ္ရဲ႕ ေနာက္ပိုင္းအတြဲေတြထဲမွာ ေတြ႕ခဲ့ရတဲ့ ျမင္ကြင္းေတြအရ Wong ဟာ အမွန္ေတြခ်ည္းပဲ ေျပာခဲ့တာ မဟုတ္ဘဲ ပိုပိုသာသာေလး ေျပာခဲ့တယ္ဆိုတာ ေတြ႕ရပါတယ္။ အေၾကာင္းကေတာ့ Doctor Strange ဟာ Wizard Bar မွာ ေကာ့ေတးေသာက္ၿပီး ပန္းသီးစားေနတာကိုေတာင္ ေတြ႕ခဲ့ရတာေၾကာင့္ပါပဲ။ သို႔ေသာ္ျငားလည္း Doctor Strange ကိုယ္တိုင္က ပီဇာေတြ စားလို႔မရေတာ့ဘူး ဆိုၿပီးေတာ့ ဝမ္းနည္းစြာနဲ႔ ေျပာခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူေသာက္ခဲ့တဲ့ ေကာ့ေတးကိုလည္း သာမန္အရက္ထက္ ပိုၿပီးျပင္းတဲ့အရာကို ထည့္ခိုင္းၿပီးေတာ့ ေသာက္ခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။

ဒီအခ်က္ေတြကို ၾကည့္ျခင္းအားျဖင့္ Doctor Strange ဟာ သူ႔ရဲ႕ေမွာ္ပညာေတြကို အသုံးျပဳၿပီး တစ္ျခားလူေတြကို ကာကြယ္ေပးခဲ့ေပမယ့္လည္း အဲ့ဒီလုပ္ရပ္ေတြေၾကာင့္ပဲ သူကိုယ္တိုင္ဟာ လူတစ္ေယာက္လိုေတာင္ စားေသာက္လို႔ မရေတာ့တာကေတာ့ စိတ္မေကာင္းစရာပါပဲ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular