HomeEntertainmentFilmThe Batman ကို ကျော်တက်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်လာတဲ့ Doctor Strange 2

The Batman ကို ကျော်တက်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်လာတဲ့ Doctor Strange 2

Doctor Strange in the Multiverse of Madness ရုပ်ရှင်ကတော့ The Batman ရုပ်ရှင်ကို ကျော်တက်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင် ဖြစ်လာပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Sam Raimi က Horror ဆန်ဆန် ရိုက်ကူးထားပြီး Benedict Cumberbatch နဲ့ Elizabeth Olsen တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဇာတ်ကောင်အသစ်ဖြစ်တဲ့ America Chavez နေရာမှာလည်း Xochitl Gomez က ပါဝင်ထားပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ Spider-Man: No Way Home အပြီးမှာ ထွက်ရှိလာတာ ဖြစ်ပြီး America Chavez ဟာ Earth-616 ကို ရောက်ရှိလာရာက ဇာတ်လမ်းစတင်ပါတယ်။ ဇာတ်လမ်းအစကတည်းက မွန်းစတားတွေဟာ America နောက်ကို လိုက်နေကြပြီး Earth-616 ကို ရောက်တဲ့ အချိန်မှာတော့ Doctor Strange ဟာ သူမကို ကာကွယ်ဖို့ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ရန်သူနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ဟာ ရုံတင်ပြီး သုံးပတ်အကြာမှာ မြောက်အမေရိကမှာ ဒေါ်လာ(၃၄၂)သန်း ရရှိခဲ့သလို နိုင်ငံတကာဈေးကွက်မှာလည်း ဒေါ်လာ(၄၆၁)သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ပေါင်းလိုက်ရင်တော့ ဒီရုပ်ရှင်ဟာ ဒေါ်လာသန်း(၈၀၀)ကျော် ရရှိထားပြီး ၂၀၂၂ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင် ဖြစ်လာပါတယ်။ အစတုန်းကတော့ The Batman ရုပ်ရှင်ဟာ ဒေါ်လာသန်း(၇၀၀)ကျော်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ယခုအချိန်မှာတော့ Doctor Strange 2 က ကျော်တက်သွားတာ ဖြစ်ပါတယ်။

photo via screenrant

Marvel စတူဒီယိုဟာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခါစအချိန်ဖြစ်တဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း Eternals ၊ Black Widow ၊ Shang-Chi and the Legend of Ten Rings နဲ့ Spider-Man: No Way Home တို့ကို ရုံတင်ပြသခဲ့ပါတယ်။ ဒီရုပ်ရှင်တွေကလည်း ၂၀၂၁ ခုနှစ်ရဲ့ ဝင်ငွေအများဆုံးနေရာမှာ နံပါတ်(၆)၊ နံပါတ်(၄)၊ နံပါတ်(၂)နဲ့ နံပါတ်(၁)နေရာတို့ကို အသီးသီး ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယခုနှစ်အတွင်းမှာလည်း Thor: Love and Thunder နဲ့ Black Panther: Wakanda Forever တို့ ထွက်ရှိလာဦးမှာ ဖြစ်ပြီး ဘယ်လိုအံ့ဩစရာတွေ မြင်တွေ့ရမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular