HomeCelebs Update NewsInternationalDwayne Johnson တစ်မိသားစုလုံး ကိုဗစ်အကူးခံရ

Dwayne Johnson တစ်မိသားစုလုံး ကိုဗစ်အကူးခံရ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ Dwayne The Rock Johnson ဟာ အခုချိန်မှာတော့ နာမည်ကြီးရုပ်ရှင်မင်းသား တစ်ယောက် ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့နာရီပိုင်းအတွင်းလေးမှာပဲ သူရဲ့ instagram မှာ ပရိသတ်တွေ စိတ်ပူသွားစေတဲ့ ဗီဒီယို တစ်ခု တက်လာခဲ့ပါတယ်။

အဲ့ဒါကတော့ Johnson အပါအဝင် သူ့ရဲ့မိသားစုတွေ အကုန်လုံးဟာ ကိုဗစ်ဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်တဲ့အချိန်မှာတော့ တစ်မိသားစုလုံးမှာ ပိုးတွေ့နေပါတယ်ဆိုတာကို Johnson ကိုယ်တိုင်က ပြောခဲ့တာပဲ ဖြစ်ပါတယ်။ အခုလိုမျိူး ကူးစက်ခံရတာဟာ သူတို့မိသားစုနဲ့ အရမ်းကိုရင်းနှီးတဲ့မိတ်ဆွေ တစ်ယောက်ဆီကနေ ကူးခဲ့တာပါ ဆိုပြီးလည်း ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့အကုန်လုံးဟာ ပြန်ပြီးကျန်းမာလာမှာ ဖြစ်တာကြောင့် ပရိသတ်တွေကို အရမ်းကြီးစိတ်မပူဖို့လည်း ပြောခဲ့ပါသေးတယ်။

photo via therock/instagram

သူ့အမျိူးသမီးရဲ့ နာမည်ကတော့ Lauren ဖြစ်ပြီး အသက် (၃၅) နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့သမီးတွေဖြစ်တဲ့ Jasmine နဲ့ Simone တို့ကတော့ အသက် (၄) နှစ်နဲ့ (၂) နှစ်ပဲ ရှိပါသေးတယ်။ ဒါ့အပြင် “စည်းကမ်း လိုက်နာကြပါ ၊ ကိုယ်ခံအား‌ ကောင်းအောင် နေထိုင်ကြပါ ၊ နေကောင်းအောင် နေပါ ၊ နှာခေါင်းစည်း တပ်ကြပါ ၊ ကိုယ့်ရဲ့ မိသားစုကို ကာကွယ်ပါ ၊ ကိုယ့်အိမ်ကို အပြင်လူတွေ သိပ်ပြီးမလာပါစေနဲ့ ၊ ကျန်းမာအောင် နေပြီး ဂရုစိုက်ကြပါလို့ တစ်ကမ္ဘာလုံးက လူတွေကို သတိပေးချင်ပါတယ်” ဆိုပြီးတော့ သူတင်ထားတဲ့ ဗီဒီယိုမှာ caption ရေးထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကြၽန္ေတာ္တို႔ ငယ္ငယ္ကတည္းက ႀကိဳက္ခဲ့ရတဲ့ Dwayne The Rock Johnson ဟာ အခုခ်ိန္မွာေတာ့ နာမည္ႀကီး႐ုပ္ရွင္မင္းသား တစ္ေယာက္ ျဖစ္ေနပါတယ္။ လြန္ခဲ့တဲ့နာရီပိုင္းအတြင္းေလးမွာပဲ သူရဲ႕ instagram မွာ ပရိသတ္ေတြ စိတ္ပူသြားေစတဲ့ ဗီဒီယို တစ္ခု တက္လာခဲ့ပါတယ္။

အဲ့ဒါကေတာ့ Johnson အပါအဝင္ သူ႔ရဲ႕မိသားစုေတြ အကုန္လုံးဟာ ကိုဗစ္ဗိုင္းရပ္စ္ ရွိမရွိ စမ္းသပ္တဲ့အခ်ိန္မွာေတာ့ တစ္မိသားစုလုံးမွာ ပိုးေတြ႕ေနပါတယ္ဆိုတာကို Johnson ကိုယ္တိုင္က ေျပာခဲ့တာပဲ ျဖစ္ပါတယ္။ အခုလိုမ်ိဴး ကူးစက္ခံရတာဟာ သူတို႔မိသားစုနဲ႔ အရမ္းကိုရင္းႏွီးတဲ့မိတ္ေဆြ တစ္ေယာက္ဆီကေန ကူးခဲ့တာပါ ဆိုၿပီးလည္း ရွင္းျပခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔အကုန္လုံးဟာ ျပန္ၿပီးက်န္းမာလာမွာ ျဖစ္တာေၾကာင့္ ပရိသတ္ေတြကို အရမ္းႀကီးစိတ္မပူဖို႔လည္း ေျပာခဲ့ပါေသးတယ္။

photo via therock/instagram

သူ႔အမ်ိဴးသမီးရဲ႕ နာမည္ကေတာ့ Lauren ျဖစ္ၿပီး အသက္ (၃၅) ႏွစ္ရွိၿပီျဖစ္ၿပီး သူ႔ရဲ႕သမီးေတြျဖစ္တဲ့ Jasmine နဲ႔ Simone တို႔ကေတာ့ အသက္ (၄) ႏွစ္နဲ႔ (၂) ႏွစ္ပဲ ရွိပါေသးတယ္။ ဒါ့အျပင္ “စည္းကမ္း လိုက္နာၾကပါ ၊ ကိုယ္ခံအား‌ ေကာင္းေအာင္ ေနထိုင္ၾကပါ ၊ ေနေကာင္းေအာင္ ေနပါ ၊ ႏွာေခါင္းစည္း တပ္ၾကပါ ၊ ကိုယ့္ရဲ႕ မိသားစုကို ကာကြယ္ပါ ၊ ကိုယ့္အိမ္ကို အျပင္လူေတြ သိပ္ၿပီးမလာပါေစနဲ႔ ၊ က်န္းမာေအာင္ ေနၿပီး ဂ႐ုစိုက္ၾကပါလို႔ တစ္ကမာၻလုံးက လူေတြကို သတိေပးခ်င္ပါတယ္” ဆိုၿပီးေတာ့ သူတင္ထားတဲ့ ဗီဒီယိုမွာ caption ေရးထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular