HomeCelebs Update NewsInternationalဆွဲဆောင်မှုအရှိဆုံးအမျိုးသားဘွဲ့ကို Michael B. Jordan ဆီ လွှဲမပေးချင်ဘူးလို့ စနောက်လာတဲ့ The Rock

ဆွဲဆောင်မှုအရှိဆုံးအမျိုးသားဘွဲ့ကို Michael B. Jordan ဆီ လွှဲမပေးချင်ဘူးလို့ စနောက်လာတဲ့ The Rock

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်မင်းသား Dwayne Johnson (ခေါ်) The Rock ဟာ ၂၀၁၆ခုနှစ်က သူပိုင်ဆိုင်ထားတဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားဘွဲ့အမည်ကို ယခုနှစ်မှာ ရရှိသွားတဲ့ မင်းသား Michael B. Jordan ဆီ လွှဲမပေးချင်ဘူးလို့ စနောက်လိုက်ပါတယ်။

ဒါဟာ အမေရိကန်သမ္မတ Donald Trump ကို မျက်နှာပြောင်ထားတာလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ Donald Trump ဟာ အမေရိကန်ရွေးကောက်ပွဲအပြီး ရှုံးနိမ့်ခဲ့ပေမယ့် အနိုင်ရရှိသွားတဲ့ သမ္မတလောင်း Joe Biden အတွက် သမ္မတရာထူးကနေ ဖယ်ပေးဖို့ ငြင်းဆန်နေတာကြောင့် ဖြစ်ပါတယ်။

Photo: therock/ Instagram

နာမည်ကျော် People မဂ္ဂဇင်းဟာ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တာအတွက် ဆွဲဆောင်မှုအရှိဆုံး အမျိုးသားတစ်ယောက်စီကို ရွေးချယ်ပေးလေ့ရှိရာ Dwayne Johnson ဟာ ၂၀၁၆ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ယခုနှစ် ၂၀၂၀ အတွက်ကိုတော့ မင်းသား Michael B. Jordan က ရွေးချယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ The Rock ဟာ Michael အတွက် ဝမ်းသာကြောင်း ဂုဏ်ပြုစကား ပြောထားတာဖြစ်ပြီး လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရ အရွှန်းလေးဖောက်လိုက်တာ ဖြစ်ပါတယ်။ The Rock ဟာ Michael ရဲ့ အောင်မြင်မှုအတွက် ဝမ်းမြောက်ကြောင်းကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ရှဲပေးထားတာ ဖြစ်ပါတယ်။

Photo: therock/ Instagram

Michael ကတော့ အခုလိုရွေးချယ်ခံရတဲ့အပေါ် ဝမ်းမြောက်ကြောင်း ပြောထားပါတယ်။ ဒီလိုဘွဲ့နာမည်မျိုးနဲ့ ပတ်သက်ပြီး သူ့ရဲ့မိတ်ဆွေတွေဆီက “မင်းကတော့ ဒီလိုဟာမျိုး ဘယ်တော့မှ ရမှာမဟုတ်ဘူး” လို့ စနောက်ခံရလေ့ ရှိခဲ့ပေမယ့် အခုလို ရွေးချယ်ခံလာရတဲ့အခါမှာတော့ ကိုယ်လူချောအသင်းဝင် ဖြစ်ရတာ ဂုဏ်ယူကြောင်း ပြောထားပါတယ်။

People မဂ္ဂဇင်းဟာ ၁၉၈၅ခုနှစ်က စတင်ပြီး တစ်နှစ်တာအတွက် ဆွဲဆောင်မှုအရှိဆုံး အမျိုးသားတွေကို ရွေးချယ်ပေးခဲ့တာ ယနေ့အထိပဲ ဖြစ်ပါတယ်။ ခေတ်အလိုက် ထိတ်ထိတ်ကြဲ နာမည်ကြီးနေတဲ့ သရုပ်ဆောင်၊ အဆိုတော်၊ အားကစားသမား အစရှိသူတွေထဲက ဆွဲဆောင်မှုအရှိဆုံးတွေကို ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo: michaelbjordan/ Instagram

၂၀၀၀ခုနှစ်ကစလို့ နှစ်စဉ် ရွေးချယ်ခံထားရတဲ့ အမျိုးသားတွေစာရင်းကို ဖော်ပြပေးရရင်တော့ Brad Pitt (2000) ၊ Pierce Brosnan (2001) ၊  Ben Affleck (2002) ၊ Johnny Depp (2003) ၊ Jude Law (2004) ၊ Matthew McConaughey (2005) ၊ George Clooney (2006) ၊ Matt Damon (2007) ၊ Hugh Jackman (2008) ၊ Johnny Depp (2009) ၊ Ryan Reynolds (2010) ၊ Bradley Cooper (2011) ၊ Channing Tatum (2012) ၊ Adam Levine (2013) ၊ Chris Hemsworth (2014) ၊ David Beckham (2015) ၊ Dwayne Johnson (2016) ၊ Blake Shelton (2017) ၊ Idris Elba (2018) ၊ John Legend (2019) နဲ့ Michael B. Jordan (2020) တို့ ဖြစ်ပါတယ်။

Glasgow

Source: hollywood life, wiki

(Zawgyi Version)

နာမည္ေက်ာ္မင္းသား Dwayne Johnson (ေခၚ) The Rock ဟာ ၂၀၁၆ခုႏွစ္က သူပိုင္ဆိုင္ထားတဲ့ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားဘြဲ႕အမည္ကို ယခုႏွစ္မွာ ရရွိသြားတဲ့ မင္းသား Michael B. Jordan ဆီ လႊဲမေပးခ်င္ဘူးလို႔ စေနာက္လိုက္ပါတယ္။

ဒါဟာ အေမရိကန္သမၼတ Donald Trump ကို မ်က္ႏွာေျပာင္ထားတာလည္း ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Donald Trump ဟာ အေမရိကန္ေ႐ြးေကာက္ပြဲအၿပီး ရႈံးနိမ့္ခဲ့ေပမယ့္ အႏိုင္ရရွိသြားတဲ့ သမၼတေလာင္း Joe Biden အတြက္ သမၼတရာထူးကေန ဖယ္ေပးဖို႔ ျငင္းဆန္ေနတာေၾကာင့္ ျဖစ္ပါတယ္။

Photo: therock/ Instagram

နာမည္ေက်ာ္ People မဂၢဇင္းဟာ ႏွစ္စဥ္ႏွစ္တိုင္း တစ္ႏွစ္တာအတြက္ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားတစ္ေယာက္စီကို ေ႐ြးခ်ယ္ေပးေလ့ရွိရာ Dwayne Johnson ဟာ ၂၀၁၆ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ယခုႏွစ္ ၂၀၂၀ အတြက္ကိုေတာ့ မင္းသား Michael B. Jordan က ေ႐ြးခ်ယ္ခံလိုက္ရတာ ျဖစ္ပါတယ္။

တကယ္တမ္းမွာေတာ့ The Rock ဟာ Michael အတြက္ ဝမ္းသာေၾကာင္း ဂုဏ္ျပဳစကား ေျပာထားတာျဖစ္ၿပီး လက္ရွိ ျဖစ္ပ်က္ေနတဲ့ ႏိုင္ငံေရးအေျခအေနေတြအရ အ႐ႊန္းေလးေဖာက္လိုက္တာ ျဖစ္ပါတယ္။ The Rock ဟာ Michael ရဲ႕ ေအာင္ျမင္မႈအတြက္ ဝမ္းေျမာက္ေၾကာင္းကို သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ ရွဲေပးထားတာ ျဖစ္ပါတယ္။

Photo: therock/ Instagram

Michael ကေတာ့ အခုလိုေ႐ြးခ်ယ္ခံရတဲ့အေပၚ ဝမ္းေျမာက္ေၾကာင္း ေျပာထားပါတယ္။ ဒီလိုဘြဲ႕နာမည္မ်ိဳးနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕မိတ္ေဆြေတြဆီက “မင္းကေတာ့ ဒီလိုဟာမ်ိဳး ဘယ္ေတာ့မွ ရမွာမဟုတ္ဘူး” လို႔ စေနာက္ခံရေလ့ ရွိခဲ့ေပမယ့္ အခုလို ေ႐ြးခ်ယ္ခံလာရတဲ့အခါမွာေတာ့ ကိုယ္လူေခ်ာအသင္းဝင္ ျဖစ္ရတာ ဂုဏ္ယူေၾကာင္း ေျပာထားပါတယ္။

People မဂၢဇင္းဟာ ၁၉၈၅ခုႏွစ္က စတင္ၿပီး တစ္ႏွစ္တာအတြက္ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားေတြကို ေ႐ြးခ်ယ္ေပးခဲ့တာ ယေန႔အထိပဲ ျဖစ္ပါတယ္။ ေခတ္အလိုက္ ထိတ္ထိတ္ႀကဲ နာမည္ႀကီးေနတဲ့ သ႐ုပ္ေဆာင္၊ အဆိုေတာ္၊ အားကစားသမား အစရွိသူေတြထဲက ဆြဲေဆာင္မႈအရွိဆုံးေတြကို ေ႐ြးခ်ယ္ေပးခဲ့တာ ျဖစ္ပါတယ္။

Photo: michaelbjordan/ Instagram

၂၀၀၀ခုႏွစ္ကစလို႔ ႏွစ္စဥ္ ေ႐ြးခ်ယ္ခံထားရတဲ့ အမ်ိဳးသားေတြစာရင္းကို ေဖာ္ျပေပးရရင္ေတာ့ Brad Pitt (2000) ၊ Pierce Brosnan (2001) ၊  Ben Affleck (2002) ၊ Johnny Depp (2003) ၊ Jude Law (2004) ၊ Matthew McConaughey (2005) ၊ George Clooney (2006) ၊ Matt Damon (2007) ၊ Hugh Jackman (2008) ၊ Johnny Depp (2009) ၊ Ryan Reynolds (2010) ၊ Bradley Cooper (2011) ၊ Channing Tatum (2012) ၊ Adam Levine (2013) ၊ Chris Hemsworth (2014) ၊ David Beckham (2015) ၊ Dwayne Johnson (2016) ၊ Blake Shelton (2017) ၊ Idris Elba (2018) ၊ John Legend (2019) နဲ႔ Michael B. Jordan (2020) တို႔ ျဖစ္ပါတယ္။

Glasgow

Source: hollywood life, wiki

 

RELATED ARTICLES

Most Popular