HomeEntertainmentFilmDwayne Johnson ရဲ့ Black Adam ကို ပထမဆုံးမြင်တွေ့ရမယ့် Teaser ထွေလာ

Dwayne Johnson ရဲ့ Black Adam ကို ပထမဆုံးမြင်တွေ့ရမယ့် Teaser ထွေလာ

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Black Adam ရဲ့ teaser ထွေလာ ထွက်ရှိလာပြီ ဖြစ်ပြီး Dwayne Johnson သရုပ်ဆောင်ထားတဲ့ DC ဟီးရိုး Black Adam ရဲ့ first look နဲ့ သူ့ရဲ့ စွမ်းအားတွေကို မြင်တွေ့လိုက်ရပြီ ဖြစ်ပါတယ်။

မူလကတော့ Dwayne Johnson ဟာ ပထမဆုံး Shazam ရုပ်ရှင်မှာတည်းက Black Adam အဖြစ် ပါဝင်ဖို့ စီစဉ်ထားခဲ့တာပါ။ သို့သော်လည်း အစပိုင်း ပြင်ဆင်မှုတွေ ပြုလုပ်ရာကနေ ကာရိုက်တာနှစ်ခုကို မပေါင်းတော့ဘဲ ကိုယ်ပိုင်ဇာတ်လမ်းတစ်ခုစီနဲ့ သပ်သပ်စီ ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Photo via IMDb

Zachary Levi နဲ့ Asher Angel တို့ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဆုံး Shazam! ရုပ်ရှင်နဲ့ ပွဲဦးထွက်ခဲ့ပြီးပြီ ဖြစ်ပေမယ့် Dwayne Johnson သရုပ်ဆောင်ထားတဲ့ Black Adam ကတော့ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ယခု Black Adam ဇာတ်ကားကိုတော့ The Rock နဲ့အတူ Jungle Cruise ရုပ်ရှင်မှာ လက်တွဲခဲ့ဖူးတဲ့ ဒါရိုက်တာ Jaume Collet-Serra က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ Black Adam နဲ့အတူ ပါဝင်လာမယ့် ဇာတ်ကောင်တွေကတော့ Justice Society of America (JSA) အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Black Adam အဖြစ် The Rock ၊ Atom Smasher အဖြစ် Noah Centineo ၊ Hawkman အဖြစ် Aldis Hodge ၊ Cyclone အဖြစ် Quintessa Swindell ၊ Adriana Tomaz အဖြစ် Sarah Shahi နဲ့ Doctor Fate အဖြစ် Pierce Brosnan တို့က ပါဝင်ထားပါတယ်။

Photo Credit: Warner Bros/ DC Studios

Black Adam ရဲ့ teaser ထွေလာကိုတော့ 2021 DC FanDome event အတွင်းမှာ ထွက်ရှိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပြနေကျ teaser ၊ ထွေလာတွေလို မဟုတ်ပေမယ့်လည်း ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေနဲ့အတူ ရုပ်ရှင်ရဲ့ စိတ်ဝင်စားစရာ ပြကွက်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားပါတယ်။

ဝတ်ရုံကြီး ခြုံထားတဲ့ Black Adam ရဲ့ first look ကို မြင်တွေ့လိုက်ရသလို JSA အဖွဲ့ဝင်တွေရဲ့ suit တွေကိုလည်း မြင်တွေ့လိုက်ရပါတယ်။ ဗွီဒီယိုထဲမှာ ပြသသွားပုံအရ ယနေ့မျက်မှောက်ခေတ်က Black Adam ရဲ့ origin ကို ပြသမယ်လို့ ခန့်မှန်းရသလို သူ့ရဲ့ စွမ်းအား(၄)မျိုးကိုလည်း ပြသသွားတာ တွေ့ရပါတယ်။

အဲဒါကတော့ သူ့ရဲ့ မိုးကြိုးလျှပ်စီး စွမ်းအားနဲ့ လူတစ်ယောက်ကို ပြာချပစ်လိုက်တာ တွေ့ရသလို လေထဲက ကျည်ဆန်ကို ဖမ်းပြပြီး super speed ကို ပြသွားတာလည်း တွေ့ရပါတယ်။ နောက်ထပ် စွမ်းအားနှစ်မျိုးကတော့ လေပေါ် ပျံနိုင်တာနဲ့ ကျည်ဆန်တွေကိုတောင် ခံနိုင်ရည်ရှိတဲ့ သာလွန်အင်အားတွေပဲ ဖြစ်ပါတယ်။

The Rock တစ်ယောက် တလျှောက်လုံး အရိပ်အမြွက် ပြောလာတဲ့အတိုင်းပဲ Black Adam ဟာ DCEU ထဲက ပါဝါဆက်ခံမှုကို ပြောင်းလဲစေမယ်လို့ ယူဆနိုင်ပါတယ်။ အဲဒါကတော့ သူ့ရဲ့ ကာရိုက်တာဟာ Superman ၊ Shazam တို့နဲ့အပြိုင် ဖြစ်လာမယ်ဆိုတာပါပဲ။

ထပ်ပြီးသိချင်စရာကောင်းတာတွေကတော့ JSA အဖွဲ့ဝင်တွေရဲ့ စွမ်းအားတွေနဲ့ ဒီဇာတ်လမ်းထဲမှာ သူတို့က ဘယ်လိုနေရာမှာ ပါဝင်လာမလည်းဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေ မျှော်လင့်နေကြတဲ့ မင်းသားကြီး Pierce Brosnan ရဲ့ Doctor Fate ဇာတ်ကောင်ဟာလည်း ဘယ်လိုစွမ်းအားတွေနဲ့ တွေ့မြင်ရမယ်ဆိုတာပါပဲ။ ဒီမေးခွန်းတွေကို ဖြေရှင်းဖို့အတွက်ကတော့ main trailer အဖြစ်နဲ့ နောက်ထပ် ထွေလာ ထပ်ထွက်လာတဲ့အခါမှသာ ပိုပြီးရှင်းလင်းလာမယ်လို့ မျှော်လင့်ရပါတယ်။

Linda December

Source: screenrant

 

RELATED ARTICLES

Most Popular