HomeCelebs Update NewsInternationalBlack Adam နဲ့ တိုက်ခိုက်ဖို့ Simu Liu ရဲ့ Shang-Chi ကို စိန်ခေါ်လိုက်တဲ့ Dwayne Johnson

Black Adam နဲ့ တိုက်ခိုက်ဖို့ Simu Liu ရဲ့ Shang-Chi ကို စိန်ခေါ်လိုက်တဲ့ Dwayne Johnson

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Dwayne Johnson ဟာ မကြာသေးခင်ကပဲ Simu Liu ကို Shang-Chi နဲ့ Black Adam ချကြမလားဆိုပြီး နောက်နောက်ပြောင်ပြောင်နဲ့ စိန်ခေါ်လိုက်ပါတယ်။

Shang-Chi and the Legend of Ten Rings ရုပ်ရှင်ဟာ စက်တင်ဘာလတုန်းက ရုံတင်ခဲ့ပြီး ဝင်ငွေအနေနဲ့ ဒေါ်လာသန်းလေးရာကျော် ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင် ထွက်ရှိလာပြီး နောက်မှာတော့ Simu Liu ဟာလည်း အောင်မြင်မှုတွေ ရရှိလာပါတယ်။ Dwayne Johnson ရဲ့ Black Adam ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

photo via screenrant

Shang-Chi နဲ့ Black Adam တို့ကတော့ စူပါဟီးရိုးလောကမှာ အမြဲပြိုင်ဆိုင်မှုတွေ ဖြစ်နေတဲ့ Marvel နဲ့ DC တို့က ဇာတ်ကောင်တွေ ဖြစ်ကြပါတယ်။ Marvel နဲ့ DC တို့ဟာ အပြိုင်အဆိုင်တွေ ရှိနေပေမယ့်လည်း သူတို့ရဲ့ရုပ်ရှင်တွေထဲမှာတော့ တစ်ဘက်ကိုတစ်ဘက် စနောက်မှုတွေ ရှိခဲ့သလို အသစ်ထွက်ထားတဲ့ Eternals ရုပ်ရှင်ထဲမှာဆိုရင်လည်း Superman နဲ့ Batman တို့အကြောင်းကို ပြောခဲ့တဲ့ ဇာတ်ဝင်ခန်းလည်း ပါဝင်ခဲ့ပါတယ်။

Dwayne Johnson ကတော့ Simu Liu နဲ့ People’s Choice Awards ဆုပေးပွဲမှာ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ထားတာပါတယ်။ အဲဒီနောက် Action Movie Star of 2021 ဆုကို ရရှိသွားတဲ့ Simu Liu ကိုလည်း ဂုဏ်ပြုထားပြီး “Black Adam နဲ့ Shang-Chi တို့ ချကြမလား … ” ဆိုပြီး နောက်ပြောင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် “Black Adam နဲ့ ရင်ဆိုင်တွေ့ရင် Ten Rings လောက်နဲ့ မရဘူးနော် … ” လို့လည်း ပြောထားပါသေးတယ်။

photo via screenrant

Black Adam နဲ့ Shang-Chi တို့ရဲ့ Crossover ကို တကယ်မြင်ရဖို့ ဆိုတာကတော့ လောလောဆယ်မှာ တော်တော်လေးကို ဖြစ်နိုင်ချေနည်းပါတယ်။ Marvel နဲ့ DC တို့ဟာ အရင်တုန်းကတော့ ကောမစ်ထဲမှာ Crossover တွေ ပြုလုပ်ခဲ့ဖူးပေမယ့်လည်း Live Action ထဲမှာတော့ တစ်ကြိမ်မှ မပြုလုပ်ဖူးသေးပါဘူး။ Dwayne Johnson ကိုယ်တိုင်ကလည်း Marvel နဲ့ DC ကို Crossover လုပ်စေချင်သူတစ်ယောက် ဖြစ်ပြီး Guardians of the Galaxy ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Gunn ကလည်း Marvel နဲ့ DC ကို Crossover ပြုလုပ်စေချင်တယ်လို့ ပြောထားပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

Dwayne Johnson ဟာ မၾကာေသးခင္ကပဲ Simu Liu ကို Shang-Chi နဲ႔ Black Adam ခ်ၾကမလားဆိုၿပီး ေနာက္ေနာက္ေျပာင္ေျပာင္နဲ႔ စိန္ေခၚလိုက္ပါတယ္။

Shang-Chi and the Legend of Ten Rings ႐ုပ္ရွင္ဟာ စက္တင္ဘာလတုန္းက ႐ုံတင္ခဲ့ၿပီး ဝင္ေငြအေနနဲ႔ ေဒၚလာသန္းေလးရာေက်ာ္ ရရွိခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ ထြက္ရွိလာၿပီး ေနာက္မွာေတာ့ Simu Liu ဟာလည္း ေအာင္ျမင္မႈေတြ ရရွိလာပါတယ္။ Dwayne Johnson ရဲ႕ Black Adam ႐ုပ္ရွင္ကေတာ့ ၂၀၂၂ ခုႏွစ္ ဇူလိုင္လမွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

photo via screenrant

Shang-Chi နဲ႔ Black Adam တို႔ကေတာ့ စူပါဟီး႐ိုးေလာကမွာ အၿမဲၿပိဳင္ဆိုင္မႈေတြ ျဖစ္ေနတဲ့ Marvel နဲ႔ DC တို႔က ဇာတ္ေကာင္ေတြ ျဖစ္ၾကပါတယ္။ Marvel နဲ႔ DC တို႔ဟာ အၿပိဳင္အဆိုင္ေတြ ရွိေနေပမယ့္လည္း သူတို႔ရဲ႕႐ုပ္ရွင္ေတြထဲမွာေတာ့ တစ္ဘက္ကိုတစ္ဘက္ စေနာက္မႈေတြ ရွိခဲ့သလို အသစ္ထြက္ထားတဲ့ Eternals ႐ုပ္ရွင္ထဲမွာဆိုရင္လည္း Superman နဲ႔ Batman တို႔အေၾကာင္းကို ေျပာခဲ့တဲ့ ဇာတ္ဝင္ခန္းလည္း ပါဝင္ခဲ့ပါတယ္။

Dwayne Johnson ကေတာ့ Simu Liu နဲ႔ People’s Choice Awards ဆုေပးပြဲမွာ တြဲ႐ိုက္ထားတဲ့ ဓာတ္ပုံကို သူ႔ရဲ႕ အင္စတာဂရမ္ေပၚမွာ တင္ထားတာပါတယ္။ အဲဒီေနာက္ Action Movie Star of 2021 ဆုကို ရရွိသြားတဲ့ Simu Liu ကိုလည္း ဂုဏ္ျပဳထားၿပီး “Black Adam နဲ႔ Shang-Chi တို႔ ခ်ၾကမလား … ” ဆိုၿပီး ေနာက္ေျပာင္ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ “Black Adam နဲ႔ ရင္ဆိုင္ေတြ႕ရင္ Ten Rings ေလာက္နဲ႔ မရဘူးေနာ္ … ” လို႔လည္း ေျပာထားပါေသးတယ္။

photo via screenrant

Black Adam နဲ႔ Shang-Chi တို႔ရဲ႕ Crossover ကို တကယ္ျမင္ရဖို႔ ဆိုတာကေတာ့ ေလာေလာဆယ္မွာ ေတာ္ေတာ္ေလးကို ျဖစ္ႏိုင္ေခ်နည္းပါတယ္။ Marvel နဲ႔ DC တို႔ဟာ အရင္တုန္းကေတာ့ ေကာမစ္ထဲမွာ Crossover ေတြ ျပဳလုပ္ခဲ့ဖူးေပမယ့္လည္း Live Action ထဲမွာေတာ့ တစ္ႀကိမ္မွ မျပဳလုပ္ဖူးေသးပါဘူး။ Dwayne Johnson ကိုယ္တိုင္ကလည္း Marvel နဲ႔ DC ကို Crossover လုပ္ေစခ်င္သူတစ္ေယာက္ ျဖစ္ၿပီး Guardians of the Galaxy ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ James Gunn ကလည္း Marvel နဲ႔ DC ကို Crossover ျပဳလုပ္ေစခ်င္တယ္လို႔ ေျပာထားပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular