HomeCelebs Update NewsInternationalခရစ်စမတ်အားလပ်ရက်မှာ သမီးလေးနဲ့ ဘာဘီအရုပ်မတိုင်း ကစားပေးနေတဲ့ Dwayne Johnson 

ခရစ်စမတ်အားလပ်ရက်မှာ သမီးလေးနဲ့ ဘာဘီအရုပ်မတိုင်း ကစားပေးနေတဲ့ Dwayne Johnson 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်မင်းသား Dwayne Johnson ဟာ ခရစ်စမတ်အားလပ်ရက် ကာလမှာ မိသားစုအတွက် အချိန်ပေးဖြစ်နေပြီး သူ့ရဲ့သမီးငယ်လေးနဲ့အတူ ဆော့ကစားပေးနေတဲ့ ပုံရိပ်လေးတွေကို အင်စတာဂရမ်မှာ မျှဝေပေးလိုက်ပါတယ်။

အသက်(၄၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Dwayne Johnson ဟာ စူပါဒယ်ဒီတစ်ယောက် ဖြစ်ကြောင်း သက်သေပြလိုက်ပြန်ပါပြီ။ အသက်နှစ်နှစ်သာ ရှိသေးတဲ့ Dwayne ရဲ့ အငယ်ဆုံးသမီးငယ်လေး Tia ဟာ ခရစ်စမတ်လက်ဆောင် ရရှိတဲ့ အရုပ်ဘူးတွေကို ဖွင့်ဖောက်နေပြီး ဖခင်ဖြစ်သူကတော့ ဘာဘီအရုပ်မလေးကို ကိုင်ကာ သူမနဲ့ ဝိုင်းဆော့ပေးနေတာ ဖြစ်ပါတယ်။

Photo: therock/ Instagram

“ခရစ်စမတ်အလွန်ကာလမှာပေါ့ဗျာ။ ဖေဖေရေ သမီးနဲ့အတူ လာကစားပေးပါတဲ့။ အဲ့ဒီ့စကားရဲ့ တကယ့်အဓိပ္ပာယ်ကတော့ ဆရာမလေး Tia က လုပ်ချင်တာ လုပ်နေပြီး ဒီက ဖေဖေက ဘာဘီအရုပ်မကို လေးဆယ့်ငါးမိနစ်လောက် တောက်လျှောက် ကိုင်ထားရတာမျိုးပေါ့ဗျာ။ သူ့ဘာဘီကို ကိုင်ခိုင်းထားပေမယ့် သူကတော့ အဲ့အရုပ်မကို တစ်ချက်တောင် ဂရုစိုက်တာ မဟုတ်ဘူးဗျ။ အားလုံးပဲ ပျော်ရွှင်စရာ ခရစ်စမတ်ကို ပိုင်ဆိုင်ကြမယ်လို့ မျှော်လင့်ပါတယ် … ” လို့ အဆိုပါ ပို့စ်ရဲ့ caption မှာ Dwayne က ရေးသားထားပါတယ်။

ကျန်တဲ့အချိန်တွေမှာ အားကစားတွေ အပြင်းအထန်လုပ်ပြီး အလုပ်တွေ ကြိုးစားနေရတဲ့ ဗလတောင့်တောင့်နဲ့ ဖေဖေကြီး Dwayne Johnson ဟာ သမီးငယ်လေး Tia နဲ့ အတွေ့မှာတော့ ဘာဘီအရုပ်မနဲ့ နှစ်ပါးသွားလိုက်ရပါတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ရယ်ရွှင်စရာလည်း ကောင်းသလို ဖခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကိုလည်း အတိုင်းသား မြင်နေရတာကြောင့် ပီတိဖြစ်စရာလည်း ကောင်းပါတယ်။

Photo: therock/ Instagram

ခရစ်စမတ်နဲ့ ပတ်သက်ပြီး အဲ့ဒီ့ပို့စ်တစ်ခုတည်းတင် မဟုတ်ဘဲ သူ့ကိုယ်သူ Dwanta လို့ အမည်တပ်ထားတဲ့ ဆန်တာ ဦးထုပ်နဲ့ ဗလတွေကို ပြနေတဲ့ Dwayne Jonson ကိုလည်း မြင်လိုက်ရပါသေးတယ်။ အဆိုပါပို့စ်မှာတော့ ခရစ်စမတ်သစ်ပင်ရဲ့ဘေး ခရစ်စမတ်လက်ဆောင်ထုပ်တွေ ကြားမှာ မားမားမတ်မတ်ကြီး ရပ်နေတဲ့ Dwayne ကို မြင်ရမှာ ဖြစ်ပါတယ်။

“Dwanta Claus က ယူလာပေးတယ်။ Dwanta Claus ကပဲ အမှိုက်တွေ ရှင်းပေးတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ဒီလိုပါပဲ … ” လို့ အဆိုပါပို့စ်မှာ ရေးသားထားပါသေးတယ်။

Photo: therock/ Instagram

Dwayne Johnson ဟာ လက်ရှိမှာ ကြေးအမြင့်ဆုံး မင်းသားတစ်ယောက် ဖြစ်ပြီး အလုပ်တွေ မအားလပ်အောင် ရှုပ်နေပေမယ့် သူ့ရဲ့သမီးလေးတွေဖြစ်တဲ့ Jasmine ၊ Tia တို့နဲ့ ပတ်သက်လာရင် အမြဲတမ်း အချိန်ပေးပြီး ဂရုစိုက်၊ ကြင်နာတတ်တဲ့ ဖခင်တစ်ယောက်ဆိုတာ သူ့ရဲ့ အင်စတာဂရမ် ဖော်လိုဝါတွေကတော့ သိပြီးသားပဲ ဖြစ်ပါလိမ့်မယ်။

Linda December

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္မင္းသား Dwayne Johnson ဟာ ခရစ္စမတ္အားလပ္ရက္ ကာလမွာ မိသားစုအတြက္ အခ်ိန္ေပးျဖစ္ေနၿပီး သူ႔ရဲ႕သမီးငယ္ေလးနဲ႔အတူ ေဆာ့ကစားေပးေနတဲ့ ပုံရိပ္ေလးေတြကို အင္စတာဂရမ္မွာ မွ်ေဝေပးလိုက္ပါတယ္။

အသက္(၄၈)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Dwayne Johnson ဟာ စူပါဒယ္ဒီတစ္ေယာက္ ျဖစ္ေၾကာင္း သက္ေသျပလိုက္ျပန္ပါၿပီ။ အသက္ႏွစ္ႏွစ္သာ ရွိေသးတဲ့ Dwayne ရဲ႕ အငယ္ဆုံးသမီးငယ္ေလး Tia ဟာ ခရစ္စမတ္လက္ေဆာင္ ရရွိတဲ့ အ႐ုပ္ဘူးေတြကို ဖြင့္ေဖာက္ေနၿပီး ဖခင္ျဖစ္သူကေတာ့ ဘာဘီအ႐ုပ္မေလးကို ကိုင္ကာ သူမနဲ႔ ဝိုင္းေဆာ့ေပးေနတာ ျဖစ္ပါတယ္။

Photo: therock/ Instagram

“ခရစ္စမတ္အလြန္ကာလမွာေပါ့ဗ်ာ။ ေဖေဖေရ သမီးနဲ႔အတူ လာကစားေပးပါတဲ့။ အဲ့ဒီ့စကားရဲ႕ တကယ့္အဓိပၸာယ္ကေတာ့ ဆရာမေလး Tia က လုပ္ခ်င္တာ လုပ္ေနၿပီး ဒီက ေဖေဖက ဘာဘီအ႐ုပ္မကို ေလးဆယ့္ငါးမိနစ္ေလာက္ ေတာက္ေလွ်ာက္ ကိုင္ထားရတာမ်ိဳးေပါ့ဗ်ာ။ သူ႔ဘာဘီကို ကိုင္ခိုင္းထားေပမယ့္ သူကေတာ့ အဲ့အ႐ုပ္မကို တစ္ခ်က္ေတာင္ ဂ႐ုစိုက္တာ မဟုတ္ဘူးဗ်။ အားလုံးပဲ ေပ်ာ္႐ႊင္စရာ ခရစ္စမတ္ကို ပိုင္ဆိုင္ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္ … ” လို႔ အဆိုပါ ပို႔စ္ရဲ႕ caption မွာ Dwayne က ေရးသားထားပါတယ္။

က်န္တဲ့အခ်ိန္ေတြမွာ အားကစားေတြ အျပင္းအထန္လုပ္ၿပီး အလုပ္ေတြ ႀကိဳးစားေနရတဲ့ ဗလေတာင့္ေတာင့္နဲ႔ ေဖေဖႀကီး Dwayne Johnson ဟာ သမီးငယ္ေလး Tia နဲ႔ အေတြ႕မွာေတာ့ ဘာဘီအ႐ုပ္မနဲ႔ ႏွစ္ပါးသြားလိုက္ရပါေတာ့တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒါဟာ ရယ္႐ႊင္စရာလည္း ေကာင္းသလို ဖခင္တစ္ေယာက္ရဲ႕ သားသမီးအေပၚထားတဲ့ ခ်စ္ျခင္းေမတၱာကိုလည္း အတိုင္းသား ျမင္ေနရတာေၾကာင့္ ပီတိျဖစ္စရာလည္း ေကာင္းပါတယ္။

Photo: therock/ Instagram

ခရစ္စမတ္နဲ႔ ပတ္သက္ၿပီး အဲ့ဒီ့ပို႔စ္တစ္ခုတည္းတင္ မဟုတ္ဘဲ သူ႔ကိုယ္သူ Dwanta လို႔ အမည္တပ္ထားတဲ့ ဆန္တာ ဦးထုပ္နဲ႔ ဗလေတြကို ျပေနတဲ့ Dwayne Jonson ကိုလည္း ျမင္လိုက္ရပါေသးတယ္။ အဆိုပါပို႔စ္မွာေတာ့ ခရစ္စမတ္သစ္ပင္ရဲ႕ေဘး ခရစ္စမတ္လက္ေဆာင္ထုပ္ေတြ ၾကားမွာ မားမားမတ္မတ္ႀကီး ရပ္ေနတဲ့ Dwayne ကို ျမင္ရမွာ ျဖစ္ပါတယ္။

“Dwanta Claus က ယူလာေပးတယ္။ Dwanta Claus ကပဲ အမႈိက္ေတြ ရွင္းေပးတယ္။ ခ်စ္ျခင္းေမတၱာဆိုတာ ဒီလိုပါပဲ … ” လို႔ အဆိုပါပို႔စ္မွာ ေရးသားထားပါေသးတယ္။

Photo: therock/ Instagram

Dwayne Johnson ဟာ လက္ရွိမွာ ေၾကးအျမင့္ဆုံး မင္းသားတစ္ေယာက္ ျဖစ္ၿပီး အလုပ္ေတြ မအားလပ္ေအာင္ ရႈပ္ေနေပမယ့္ သူ႔ရဲ႕သမီးေလးေတြျဖစ္တဲ့ Jasmine ၊ Tia တို႔နဲ႔ ပတ္သက္လာရင္ အၿမဲတမ္း အခ်ိန္ေပးၿပီး ဂ႐ုစိုက္၊ ၾကင္နာတတ္တဲ့ ဖခင္တစ္ေယာက္ဆိုတာ သူ႔ရဲ႕ အင္စတာဂရမ္ ေဖာ္လိုဝါေတြကေတာ့ သိၿပီးသားပဲ ျဖစ္ပါလိမ့္မယ္။

Linda December

Source: hollywood life

 

RELATED ARTICLES

Most Popular