HomeCelebs Update NewsInternationalချစ်သူ Dylan Meyer နဲ့ စေ့စပ်သွားပြီဖြစ်တဲ့ Kristen Stewart

ချစ်သူ Dylan Meyer နဲ့ စေ့စပ်သွားပြီဖြစ်တဲ့ Kristen Stewart

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Twilight မင်းသမီး Kristen Stewart ကတော့ သူမရဲ့ ချစ်သူ Dylan Meyer ရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို ခေါင်းညိတ်လိုက်ပြီး အခုဆိုရင် နှစ်ဦးသား စေ့စပ်ပြီးကြပြီလို့ သိရပါတယ်။

ဒီအကြောင်းကိုတော့ Kristen ဟာ နိုဝင်ဘာလ(၂)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Howard Stern နဲ့ အင်တာဗျူးမှာ ပြောသွားတာ ဖြစ်ပါတယ်။ Kristen နဲ့ Dylan တို့ဟာ နှစ်နှစ်ကြာ ချစ်သူတွေဖြစ်လာခဲ့ပြီးမှ အခုလို စေ့စပ်သွားတာ ဖြစ်ပြီး မကြာခင်မှာ မင်္ဂလာပွဲကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။

Photo: kristexnstewart/ Instagram

“ကျွန်မတို့ လက်ထပ်တော့မှာပါ။ တကယ်ကို လက်ထပ်ကြတော့မှာပါ … ” လို့ Kristen က အဆိုပါအင်တာဗျူးမှာ သူမရဲ့ချစ်သူ ဇာတ်ညွှန်းရေးဆရာမ Dylan နဲ့ လက်ထပ်တော့မယ့်အကြောင်းကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောသွားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ဟာ ၂၀၁၉ ခုနှစ်မှာ စတင်ပြီး အတူတွဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ Kristen တစ်ယောက် သူမရဲ့ ချစ်သူဟောင်း Stella Maxwell နဲ့ လမ်းခွဲပြီးတဲ့အချိန်လည်း ဖြစ်ပါတယ်။ Dylan ဟာ သူမ လိုချင်တဲ့ပုံစံမျိုးလေးအတိုင်း လက်ထပ်ခွင့် တောင်းခံခဲ့တာဖြစ်ပြီး အဲဒါကလည်း သူမအတွက်တော့ အပြည့်စုံဆုံးပါပဲလို့ Kristen က ဆိုထားပါတယ်။

Photo: kristexnstewart/ Instagram

“လက်ထပ်ခွင့်တောင်းတဲ့ပုံစံဆိုရင် ကျွန်မလိုချင်တဲ့ပုံစံ သပ်သပ်ရှိတယ်ပေါ့နော်။ ကျွန်မ ထင်တာ ကျွန်မက အဲဒီအတိုင်း သိသိသာသာကြီး ဖြစ်လာအောင် လုပ်လိုက်မိတယ်ထင်တယ်။ သူကလည်း တကယ်ကို ကွက်တိ လုပ်နိုင်ခဲ့ပါတယ် … ” လို့ Kristen က ချစ်သူ Dylan ရဲ့ လက်ထပ်ခွင့်တောင်းခံပုံကို သဘောကျကြောင်း ဆိုထားပါတယ်။

တကယ်တော့ Dylan ဘက်က လက်ထပ်ခွင့်မတောင်းခင်တည်းက Kristen ဟာ သူမကို လက်ထပ်ခွင့်တောင်းချင်ကြောင်း အရင်ဆုံး ပြောထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကိုလည်း Howard Stern နဲ့ပဲ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။ သူမအနေနဲ့ Dylan ကို သိပ်ချစ်နေပြီဖြစ်ကြောင်းနဲ့ လက်ထပ်ခွင့် တောင်းချင်တဲ့အကြောင်းကိုပါ ပြောထားခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံပုံကို ပြောပြချက်အရ မြင်မြင်ချင်း ချစ်မိခဲ့ကြတဲ့သဘောကို တွေ့ရပါတယ်။ “သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီမှာ ကဲနေတဲ့ သူ့ကို ပထမဆုံး တွေ့ခဲ့တာ။ အဲ့မှာတင် ကျွန်မလည်း ဘာလို့ မင်းကို ငါ မသိခဲ့ရတာလဲ။ ငါ့တစ်ဘဝလုံး မင်းက ဘယ်ရောက်နေခဲ့တာလည်းလို့ တွေးလိုက်မိတော့တာပဲ … ” လို့ Kristen က ပြောပြဖူးပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Twilight မင္းသမီး Kristen Stewart ကေတာ့ သူမရဲ့ ခ်စ္သူ Dylan Meyer ရဲ့ လက္ထပ္ခြင့္ေတာင္းခံမွုကို ေခါင္းညိတ္လိုက္ၿပီး အခုဆိုရင္ ႏွစ္ဦးသား ေစ့စပ္ၿပီးၾကၿပီလို႔ သိရပါတယ္။

ဒီအေၾကာင္းကိုေတာ့ Kristen ဟာ နိုဝင္ဘာလ(၂)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ Howard Stern နဲ႔ အင္တာဗ်ဴးမွာ ေျပာသြားတာ ျဖစ္ပါတယ္။ Kristen နဲ႔ Dylan တို႔ဟာ ႏွစ္ႏွစ္ၾကာ ခ်စ္သူေတြျဖစ္လာခဲ့ၿပီးမွ အခုလို ေစ့စပ္သြားတာ ျဖစ္ၿပီး မၾကာခင္မွာ မဂၤလာပြဲက်င္းပမယ္လို႔ ေမၽွာ္လင့္ရပါတယ္။

Photo: kristexnstewart/ Instagram

“ကၽြန္မတို႔ လက္ထပ္ေတာ့မွာပါ။ တကယ္ကို လက္ထပ္ၾကေတာ့မွာပါ … ” လို႔ Kristen က အဆိုပါအင္တာဗ်ဴးမွာ သူမရဲ့ခ်စ္သူ ဇာတ္ညႊန္းေရးဆရာမ Dylan နဲ႔ လက္ထပ္ေတာ့မယ့္အေၾကာင္းကို စိတ္လွုပ္ရွားမွုအျပည့္နဲ႔ ေျပာသြားခဲ့တယ္လို႔ ဆိုပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၉ ခုႏွစ္မွာ စတင္ၿပီး အတူတြဲခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္ဟာ Kristen တစ္ေယာက္ သူမရဲ့ ခ်စ္သူေဟာင္း Stella Maxwell နဲ႔ လမ္းခြဲၿပီးတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ Dylan ဟာ သူမ လိုခ်င္တဲ့ပုံစံမ်ိဳးေလးအတိုင္း လက္ထပ္ခြင့္ ေတာင္းခံခဲ့တာျဖစ္ၿပီး အဲဒါကလည္း သူမအတြက္ေတာ့ အျပည့္စုံဆုံးပါပဲလို႔ Kristen က ဆိုထားပါတယ္။

Photo: kristexnstewart/ Instagram

“လက္ထပ္ခြင့္ေတာင္းတဲ့ပုံစံဆိုရင္ ကၽြန္မလိုခ်င္တဲ့ပုံစံ သပ္သပ္ရွိတယ္ေပါ့ေနာ္။ ကၽြန္မ ထင္တာ ကၽြန္မက အဲဒီအတိုင္း သိသိသာသာႀကီး ျဖစ္လာေအာင္ လုပ္လိုက္မိတယ္ထင္တယ္။ သူကလည္း တကယ္ကို ကြက္တိ လုပ္နိုင္ခဲ့ပါတယ္ … ” လို႔ Kristen က ခ်စ္သူ Dylan ရဲ့ လက္ထပ္ခြင့္ေတာင္းခံပုံကို သေဘာက်ေၾကာင္း ဆိုထားပါတယ္။

တကယ္ေတာ့ Dylan ဘက္က လက္ထပ္ခြင့္မေတာင္းခင္တည္းက Kristen ဟာ သူမကို လက္ထပ္ခြင့္ေတာင္းခ်င္ေၾကာင္း အရင္ဆုံး ေျပာထားခဲ့တာ ျဖစ္ပါတယ္။ အဲဒီအေၾကာင္းကိုလည္း Howard Stern နဲ႔ပဲ ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာပါ။ သူမအေနနဲ႔ Dylan ကို သိပ္ခ်စ္ေနၿပီျဖစ္ေၾကာင္းနဲ႔ လက္ထပ္ခြင့္ ေတာင္းခ်င္တဲ့အေၾကာင္းကိုပါ ေျပာထားခဲ့တာ ျဖစ္ပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ့ စတင္ေတြ႕ဆုံပုံကို ေျပာျပခ်က္အရ ျမင္ျမင္ခ်င္း ခ်စ္မိခဲ့ၾကတဲ့သေဘာကို ေတြ႕ရပါတယ္။ “သူငယ္ခ်င္းတစ္ေယာက္ရဲ့ ေမြးေန႔ပါတီမွာ ကဲေနတဲ့ သူ႔ကို ပထမဆုံး ေတြ႕ခဲ့တာ။ အဲ့မွာတင္ ကၽြန္မလည္း ဘာလို႔ မင္းကို ငါ မသိခဲ့ရတာလဲ။ ငါ့တစ္ဘဝလုံး မင္းက ဘယ္ေရာက္ေနခဲ့တာလည္းလို႔ ေတြးလိုက္မိေတာ့တာပဲ … ” လို႔ Kristen က ေျပာျပဖူးပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular