HomeEntertainmentFilmLoki ဇာတ်လမ်းတွဲ အပိုင်း(၁)ထဲက ထူးခြားချက်များနဲ့ Easter Egg များ

Loki ဇာတ်လမ်းတွဲ အပိုင်း(၁)ထဲက ထူးခြားချက်များနဲ့ Easter Egg များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

****Spoiler Alert****

Loki ဇာတ်လမ်းတွဲဟာ ဇွန်လ (၉)ရက်နေ့မှာ အပိုင်း(၁) စတင် ထွက်ရှိခဲ့ပါတယ်။ အပိုင်း(၁)ရဲ့ ခေါင်းစဉ်ကတော့ “Glorious Purpose” ဖြစ်ပါတယ်။ Endgame ထဲမှာ ကြိုးကြိုးစားစား ရှာဖွေခဲ့ကြတဲ့ Infinity Stone တွေဟာလည်း TVA ထဲမှာ တန်ဖိုး မရှိသလို စာရွက်ဖိတဲ့အနေနဲ့ အသုံးပြုတာမျိူးတို့ အပါအဝင် တခြား ထူးခြားတဲ့အချက်တွေကိုလည်း အပိုင်း(၁)ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ အပိုင်း(၁)ထဲမှာ ပါဝင်ခဲ့တဲ့ ထူးခြားချက်တွေ အပါအဝင် easter egg တွေကိုပါ ဖော်ပြပေးချင်ပါတယ်။

(1) Intro
photo via screenrant

အပိုင်း(၁)ကို စတင်ပြသတဲ့ intro ထဲမှာတော့ Endgame ထဲမှာ Space Stone သွားယူတဲ့ ဇာတ်ဝင်ခန်းတွေကို ပြန်လည်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းတွေကတော့ Endgame ထဲကအတိုင်းပဲ ဖြစ်တာကြောင့် ဘယ်သရုပ်ဆောင်ကမှ Loki ဇာတ်လမ်းတွဲအတွက် သီးသန့် ပြန်လည်ရိုက်ကူးခဲ့တာမျိူး မရှိပါဘူး။ ဒါပေမယ့်လည်း ထူးခြားတာကတော့ ဒီဇာတ်ဝင်ခန်းတွေကို Loki ရဲ့ ရှုထောင့်ကနေ ပြသသွားတာ ဖြစ်ပြီး Endgame ထဲမှာ မမြင်ခဲ့ရတဲ့ Loki ရဲ့ ဇာတ်ဝင်ခန်းအချို့ကိုလည်း တွေ့ခဲ့ရပါတယ်။ Loki က Steve Rogers ပုံစံပြောင်းပြီး ပြောင်တဲ့အခန်းမှာလည်း Loki ကို သေချာရိုက်ပြသွားပြီး ဓာတ်လှေကားထဲကနေ Hulk ကို လက်ပြခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။

(2) Tony Stark ကို ဂုဏ်ပြုခြင်း
photo via screenrant

Tesseract ကို အသုံးပြုလိုက်တဲ့ အချိန်မှာတော့ Loki  ဟာ Mongolia နိုင်ငံမှာရှိတဲ့ Gobi သဲကန္တာရထဲကို ပြုတ်ကျသွားပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ MCU ပရိသတ်တွေအတွက် ရင်းနှီးခဲ့ဖူးတဲ့ အခန်းတစ်ခု ဖြစ်ပါတယ်။ အကြောင်းကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်ထဲမှာ Tony ဟာလည်း အလားတူပဲ သဲကန္တာရထဲကို ပြုတ်ကျတဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ MCU ဟာ Tony ကို ဂုဏ်ပြုတဲ့အနေနဲ့ ခပ်ဆင်ဆင် ဖြစ်ရပ်မျိူးကို ပြန်လည်ဖန်တီးထားတယ်လို့ ပြောလို့ရပါတယ်။

(3) ကြီးကျယ်ခမ်းနားတဲ့ ရည်ရွယ်ချက်
photo via screenrant

Loki ဟာ အမြဲတမ်းလိုလို စကားပြောနေတတ်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့် MCU ထဲမှာတော့ ပရိသတ်တွေကို အမှတ်ရနေစေတဲ့ Loki ရဲ့ ပြောစကားများစွာ ရှိပါတယ်။ Loki ရဲ့ အမှတ်ရဆုံး ဖြစ်စေခဲ့တဲ့ စကားတစ်ခုကတော့ The Avengers ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ “ငါက ကြီးကျယ်ခမ်းနားတဲ့ ရည်ရွယ်ချက်တွေနဲ့ ဝန်ပိနေတာ …” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ထဲမှာတော့ Loki ဟာ ဒီစကားကို အကြိမ်ကြိမ် ပြန်လည်ပြောဆိုခဲ့ပါတယ်။

(4) TVA
photo via screenrant

Time Variance Authority (TVA) အဖွဲ့အစည်းဟာ Loki ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာမယ့်အကြောင်းကို ပထမဆုံးထွေလာ မထွက်ရှိခင်ကတည်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အပိုင်း(၁)ထဲမှာ ပြသသွားခဲ့သလိုပဲ အလွယ်ပြောရရင်တော့ ဒီအဖွဲ့အစည်းဟာ timeline တွေ ကမောက်ကမ မဖြစ်ကုန်အောင် ထိန်းသိမ်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ TVA ဟာ ၁၉၈၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor Vol.1 #372 ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

(5) လူတစ်ယောက်ရဲ့ အချိန်ကို နောက်ပြန်ရောက်စေတဲ့ စက်ပစ္စည်း
photo via screenrant

Loki ဟာ TVA ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့အချိန်မှာတော့ ထုံးစံအတိုင်း ထွက်ပြေးလွတ်မြောက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Hunter B-15 ဟာ ခလုတ်လေးကို နှိပ်လိုက်တာနဲ့ Loki ဟာ မူလက မတ်တပ်ရပ်နေတဲ့ နေရာကို ပြန်ရောက်သွားပါတယ်။ TVA ဟာ ဒီစက်ပစ္စည်းကို အားထားလွန်းတာကြောင့် အစောင့်တွေလည်း အများကြီး မထားထားပါဘူး။ Loki တစ်ယောက် အဲ့ဒီစက်ပစ္စည်းနဲ့အတူ လွတ်မြောက်သွားတဲ့အချိန်မှာတော့ TVA တစ်ဖွဲ့လုံး ပြာယာခတ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒီစက်ပစ္စည်းလေးကတော့ TVA ရဲ့ အကျဉ်းသားတွေကို ထိန်းချုပ်တဲ့နေရာမှာ အဓိကကျတဲ့နေရာမှာ ပါဝင်နေတယ်ဆိုတာ သိနိုင်ပါတယ်။

(6) Life Model Decoys
photo via screenrant

Loki ဟာ သူ့ကိုယ်သူ Frost Giant မှန်း မသိဘဲ နှစ်ပေါင်းများစွာ နေလာခဲ့သူ ဖြစ်ပါတယ်။ အပိုင်း(၁)ထဲမှာတော့ Loki ဟာ TVA ထဲကို စရောက်ခါစမှာ တကယ့်သက်ရှိလား၊ စက်ရုပ်လား ဆိုတာကို ခွဲခြားပေးတဲ့ စက်တစ်ခုကို ဖြတ်သွားခဲ့ရပါတယ်။ အဲ့ဒီစက်ဟာ သက်ရှိအတွက် ဆိုရင်တော့ အန္တရာယ်မရှိပေမယ့်လည်း စက်ရုပ်တွေဆိုရင်တော့ ချက်ချင်းဖျက်ဆီးခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Marvel ကောမစ်ထဲမှာတော့ ကိုယ့်ကိုယ်ကို စက်ရုပ်မှန်း မသိဘဲ အသက်ရှင်နေသူတွေလည်း ရှိပါတယ်။

Marvel ရဲ့ Agents of S.H.I.E.L.D. ဇာတ်လမ်းတွဲထဲမှာ ဆိုရင်တော့ Life Model Decoy လို့ခေါ်တဲ့ လူနဲ့တူတဲ့ စက်ရုပ်တွေ ပါဝင်နေပြီး သူတို့တွေဟာ တကယ့် သက်ရှိလူသားအတိုင်း တထေရာတည်း တူညီနေတာကြောင့် တချို့ဆိုရင် ကိုယ့်ကိုယ်ကိုတောင် စက်ရုပ်ဖြစ်နေမှန်း မသိတာတွေ ရှိပါတယ်။ ဒီလိုအချက်တွေကြောင့် Loki ဟာ အဲ့ဒီစက်ကို မဖြတ်သွားခင်မှာ သူ့ကိုယ်သူ စက်ရုပ်ဖြစ်နေမှန်း မသိရင် ဘယ်လိုလုပ်မလည်းဆိုပြီး မေးမြန်းတာကို တွေ့ခဲ့ရပါတယ်။

(7) The Sacred Timeline
photo via screenrant

လူတစ်ယောက်က မတော်တဆ အလုပ်နောက်ကျသွားပြီး တခြား timeline တစ်ခု ကွဲထွက်သွားတာနဲ့ Tesseract ကို အသုံးပြုပြီး စူပါဟီးရိုးတွေလက်ထဲက လွတ်လာတဲ့ ဗီလိန်နှစ်ယောက်ကို အချိန်ကွဲထွက်သူတွေအဖြစ် TVA က သတ်မှတ်တာတော့ အနည်းငယ်ဆန်းပါတယ်။ ဒီအဖြစ်အပျက်တွေကို ပြန်လည်ဖြေရှင်းဖို့အတွက် animation အတိုလေးနဲ့ ပြသသွားပြီး Miss Minutes က ရှင်းပြသွားပါတယ်။

အဲ့ဒါကတော့ ဟိုးအရင်တုန်းက မတူညီတဲ့ timeline တွေဟာ စစ်ဖြစ်ခဲ့ကြပြီး အဲ့ဒီစစ်ပွဲတွေကြောင့်ပဲ အရာအားလုံးနီးပါးဟာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီအချိန်က စတင်ပြီး TVA ဟာ Multiverse တွေအားလုံးကို တစ်ခုတည်းအဖြစ် စုပေါင်းထားတဲ့ timeline ကို Sacred Timeline အဖြစ် သတ်မှတ်လိုက်ပြီး နောက်ထပ် timeline တွေ မကွဲထွက်သွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ ကျွန်တော်တို့ အရင်ကကြည့်ရှုခဲ့ကြတဲ့ MCU ရုပ်ရှင်တွေ အားလုံးဟာ Sacred Timeline မှာ တည်ရှိနေပြီး Loki ကတော့ အဲ့ဒီ timeline ကနေ ကွဲထွက်ဖို့ ကြိုးစားခဲ့တဲ့အတွက် TVA က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

(8) The Time-Keepers
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့တဲ့ animation အတိုလေးမှာပဲ Time-Keeper သုံးယောက် ပါဝင်ခဲ့ပြီး သူတို့သုံးယောက်က TVA ကို စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ Multiverse တွေအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းတာကလည်း သူတို့သုံးယောက်ပဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး သူတို့ဟာ Sacred Timeline ကို စောင့်ရှောက်သူတွေ ဖြစ်ပါတယ်။ ကောမစ်ထဲမှာလည်း Time-Keeper တွေဟာ ဒီဇာတ်လမ်းတွဲထဲကအတိုင်းပဲ timeline ကို စောင့်ရှောက်သူတွေ ဖြစ်ပါတယ်။

(9) Kree နဲ့ Nova တို့ရဲ့ စစ်ပွဲ
photo via screenrant

Miss Minute ဟာ အချိန်ကွဲထွက်သူအကြောင်းကို ရှင်းပြနေတဲ့အချိန်မှာတော့ စစ်တပ်နှစ်ခုက စစ်ဖြစ်နေတဲ့ပုံစံကို ပြသသွားပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ ဘယ်ဘက်က အပြာရောင်စစ်သားတွေဟာ Kree စစ်သားတွေ ဖြစ်နေနိုင်ပြီး ညာဘက်ကတော့ Nova စစ်တပ်တွေ ဖြစ်နိုင်ပါတယ်။

နောက်ခံပုံစံနဲ့ အဆောက်အဦးပုံစံကို ကြည့်လိုက်ရင်တော့ ဒီစစ်ပွဲဖြစ်နေတဲ့ နေရာဟာ Thanos ရဲ့ ဂြိုဟ်ဖြစ်တဲ့ Titan ဂြိုဟ် ဖြစ်နိုင်ပါတယ်။ Guardians of the Galaxy ရုပ်ရှင်ထဲမှာတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က Kree တွေနဲ့ Nova တွေ စစ်ဖြစ်ခဲ့တယ်လို့ Ronan ကပြောခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ တွေးစရာရှိလာတာကတော့ အဲ့ဒီစစ်ပွဲဟာ အချိန်ကွဲထွက်သူ တစ်ယောက်ယောက်နဲ့ သက်ဆိုင်နေပြီး TVA နဲ့လည်း ပတ်သက်နေနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

(10) Nexus Event
photo via screenrant

Miss Minute ရှင်းပြသွားတဲ့အထဲမှာ လူတစ်ယောက်ဟာ သူလုပ်ရမယ့်အရာကို မလုပ်ဘဲ ကွဲထွက်သွားရင် Nexus Event လို့ ခေါ်တဲ့ timeline ကွဲထွက်မှု ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။ ဒီလိုမျိူး Nexus Event တွေများလာရင် တဖြည်းဖြည်းနဲ့ Multiverse တွေရဲ့ စစ်ပွဲဟာ ပြန်လည်ဖြစ်ပေါ်လာမယ်လို့လည်း သိရပါတယ်။

စိတ်ဝင်စားစရာတစ်ခုကတော့ “Nexus” ဆိုတဲ့ စကားလုံးဟာ အရင်တုန်းက ထွက်ရှိခဲ့တဲ့ MCU ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ Avengers: Age of Ultron ထဲမှာတော့ အဆောက်အဦးတစ်ခုမှာ အဲ့ဒီစကားလုံးကို မြင်တွေ့ခဲ့ရပြီး WandaVision ဇာတ်လမ်းတွဲထဲက ကြော်ငြာတစ်ခုမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီ Nexus Event တွေနဲ့ အချိန်ကွဲထွက်သူတွေဟာ Phase 4 ရဲ့ အဓိကအချက်အဖြစ် ပါဝင်လာမယ်လို့ Marvel ကလည်း အတည်ပြုထားပါတယ်။

(11) ဘုရားကျောင်းထဲက Devil
photo via screenrant

ဇာတ်လမ်းအစပိုင်းမှာတော့ ပြင်သစ်နိုင်ငံရဲ့ (၁၆)ရာစုဝန်းကျင်က ဘုရားကျောင်းတစ်ခုထဲမှာ TVA ရဲ့ အေးဂျင့်အချို့ အသတ်ခံရတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Mobius ဟာ စုံစမ်းဖို့အတွက် ရောက်သွားခဲ့ပြီး ကောင်မလေးတစ်ယောက်ကို တွေ့တာကြောင့် ဘယ်သူလုပ်ခဲ့တာလည်းဆိုပြီး မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ကောင်မလေးဟာ ရောင်စုံမှန်ချပ်ပေါ်က Devil ပုံကို လက်ညှိုးထိုးပြခဲ့ပါတယ်။

ယခင်ကတော့ ဒါဟာ Mephisto ကို easter egg အနေနဲ့ ထည့်ထားတာလို့ ပရိသတ်တွေက ယူဆခဲ့ကြပြီး ဒီဇာတ်လမ်းတွဲထဲမှာလည်း Mephisto ပါဝင်လာမယ်လို့ သီအိုရီတွေ ထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်ကပဲ Loki ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာကိုယ်တိုင်က အဲ့ဒီအချက်ကို ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မှန်ချပ်ပေါ်က Devil ပုံကလည်း Mephisto ကို ရည်ညွှန်းတာ မဟုတ်ဘဲ Loki ကိုပဲ ရည်ညွှန်းတာလို့ ဆိုပါတယ်။

(12) Ravonna Renslayer
photo via screenrant

အပိုင်း(၁)ထဲမှာတော့ TVA ရဲ့ တရားသူကြီးနာမည်ကို မဖော်ပြခဲ့ပေမယ့် တကယ်တော့ သူမဟာ Ravonna Renslayer လို့ခေါ်တဲ့ ကောမစ်ဇာတ်ကောင် ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ သူမဟာ အလွန်ဝေးကွာတဲ့ အနာဂတ်က လူသားတစ်ယောက် ဖြစ်ပြီး ဗီလိန်တစ်ယောက် ဖြစ်သူ Kang the Conqueror နဲ့ ဆက်နွယ်နေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲထဲမှာ မဟုတ်ရင်တောင်မှ MCU ဟာ ပရိသတ်တွေကို ဘယ်လိုမျိူး အံ့ဩစရာတွေ ထပ်မံဖြစ်စေဦးမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

(13) Endgame ကို ရှင်းပြသွားခြင်း
photo via screenrant

Loki ကို တရားခုံရုံးတင်တဲ့အချိန်မှာတော့ ကျွန်တော်တို့ ပရိသတ်တွေအားလုံးရဲ့ စိတ်ထဲမှာရှိနေတဲ့ မေးခွန်းတွေကို Loki က မေးမြန်းသွားပါတယ်။ တကယ်တော့ timeline ကို ရှုပ်ထွေးအောင် ပြုလုပ်ခဲ့တာဟာ Loki မဟုတ်ဘဲ Avengers တွေ ဖြစ်ပြီး Loki ဟာ သူ့ရဲ့ခြေထောက်နား ရောက်လာတဲ့ Tesseract ကို အသုံးပြုရုံပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဆိုဘာကြောင့် TVA ဟာ Loki ကို ဖမ်းဆီးခဲ့ပြီး Avengers တွေကို မဖမ်းဆီးခဲ့တာလည်းဆိုတဲ့ မေးခွန်း ဖြစ်လာပါတယ်။ ဒီမေးခွန်းအတွက် အဖြေကိုတော့ တရားသူကြီး Ravonna က ဖြေဆိုပေးသွားပါတယ်။

Avengers တွေ ပြုလုပ်ခဲ့တဲ့ အချိန်ခရီးသွားခြင်းဟာ ယေဘူယျအားဖြင့် ဘာစည်းကမ်းကိုမှ မချိူးဖောက်ခဲ့သလို Time-Keeper တွေ ခွင့်ပြုထားတဲ့အတိုင်း ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Steve ဟာ အတိတ်မှာ နေထိုင်ဖို့ ရွေးချယ်ခဲ့တဲ့ အချက်ဟာလည်း ဖြစ်ကိုဖြစ်လာရမယ့် Steve ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းလို့ ယူဆလို့ ရပါတယ်။ ဒါပေမယ့်လည်း Loki က အခုလိုမျိူး Avengers တွေလက်ထဲက လွတ်မြောက်သွားရမယ့် ကိစ္စကတော့ Time-Keeper တွေက ခွင့်မပြုထားသလို Loki ရဲ့ ဖြစ်ကိုဖြစ်လာရမယ့် ဘဝတစ်စိတ်တစ်ပိုင်းလည်း မဟုတ်တာကြောင့် TVA က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

(14) Josta
photo via screenrant

ဒီအချက်ကတော့ သိပ်ပြီး ကြီးကြီးမားမား မဟုတ်ပေမယ့်လည်း easter egg အဖြစ်နဲ့ ပါဝင်နေတာကြောင့် ထည့်သွင်းပေးထားပါတယ်။ Loki နဲ့ Mobius တို့ စကားပြောနေတဲ့ အချိန်မှာ Mobius ဟာ အအေးဘူး သောက်နေတာကို မြင်ခဲ့ရပါတယ်။ Mobius ဟာ Josta အအေးကို အလွန်ကြိုက်နှစ်သူတစ်ယောက် ဖြစ်ပါတယ်။ Josta အအေးကတော့ ၁၉၉၀ကျော်လောက်မှာ Pepsi က ထုတ်လုပ်ခဲ့တဲ့ အအေးတစ်မျိုးပဲ ဖြစ်ပါတယ်။

(15) D. B. Cooper
photo via screenrant

ဒီအချက်ကိုတော့ တချို့ပရိသတ်တွေ သိပြီးသား ဖြစ်နေပါလိမ့်မယ်။ Loki ဇာတ်လမ်းတွဲရဲ့ ပထမဆုံးထွေလာ ထွက်ရှိလာတဲ့အချိန်မှာ ဒီဇာတ်ဝင်ခန်းတွေ ပါဝင်ခဲ့ပြီး ဒီအချက်ကို ကျွန်တော်တို့လည်း တင်ပေးခဲ့ဖူးပါတယ်။ ဒါကတော့ ၁၉၇၁ ခုနှစ်တုန်းက ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ဟာ လေယာဉ်တစ်စီးကို ပြန်ပေးဆွဲခဲ့ပြီး ဒေါ်လာနှစ်သိန်း တောင်းဆိုခဲ့ပါတယ်။ သူ တောင်းဆိုထားတဲ့ ပိုက်ဆံရရှိပြီးသွားတဲ့ အချိန်မှာတော့ လေထီးနဲ့အတူ ပျောက်ကွယ်သွားပြီး သူ့ကို နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့ပါဘူး။ MCU ထဲမှာတော့ D. B. Cooper ဟာ Loki ဖြစ်နေပြီး Bifrost နဲ့အတူ ‌ပျောက်ကွယ်သွားတာကို အပိုင်း(၁)ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

(16) စာရွက်ဖိ ကျောက်တုံးများ
photo via screenrant

Infinity War နဲ့ Endgame တို့လို ရုပ်ရှင်တွေကို ကြည့်လာခဲ့တဲ့ ကျွန်တော်တို့အတွက်တော့ ဒီဇာတ်ဝင်ခန်းဟာ အတော်လေး အောင့်သက်သက် နိုင်ပါတယ်။ Infinity War ထဲမှာဆိုရင် Thanos ဟာ Soul Stone ကို ရယူဖို့အတွက် Gamora ကို စွန့်လွှတ်ခဲ့ရပြီး Endgame ထဲမှာလည်း Soul Stone ကို ရယူနိုင်ဖို့အတွက် Black Widow ဟာ သူမကိုယ်သူမ အနစ်နာခံခဲ့တာကို ရင်နာနာနဲ့ ကြည့်ရှုခဲ့ရပါတယ်။ ဒီလိုမျိူး ရယူဖို့ ခက်ခဲပြီး စွမ်းအားကြီးမားလှတဲ့ Infinity Stone တွေကတော့ TVA ဆီကိုရောက်သွားတဲ့အခါမှာ အရောင်လှလှ ကျောက်တုံးလေးတွေထက် မပိုတော့ပါဘူး။ TVA ထဲမှာတော့ Infinity Stone တွေကို အသုံးပြုလို့ မရသလို TVA က တချို့လူတွေဆိုရင် Infinity Stone တွေကို စာရွက်ဖိဖို့အတွက်လောက်ပဲ အသုံးပြုတယ်လို့ တွေ့ခဲ့ရပါတယ်။

(17) Loki ရဲ့ အနာဂတ်
photo via screenrant

Loki ဟာ Infinity Stone တွေအကြောင်းကို သိရှိပြီးနောက်မှာတော့ သူနဲ့ Mobius တို့ စကားပြောခဲ့တဲ့ အခန်းကို ပြန်သွားပြီး သူ့ရဲ့အနာဂတ်ကို ကြည့်ရှုခဲ့ပါတယ်။ Loki ဟာ ပထမဆုံးအနေနဲ့ Thor: Ragnarok ထဲက Odin ရဲ့ နောက်ဆုံးအချိန်ကို မြင်တွေ့ခဲ့ပြီး သူ့တစ်ဘဝလုံး လိုချင်ခဲ့သလိုပဲ Odin ဟာ သူနဲ့ Thor တို့နှစ်ယောက်လုံးကို တန်းတူဆက်ဆံတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ Loki ဟာ Thor နဲ့အတူ တိုက်ခိုက်ခဲ့တာတွေကိုလည်း မြင်တွေ့ခဲ့ပြီး သူ တောင့်တတဲ့ တစ်ခုတည်းသောအရာ ဖြစ်တဲ့ တန်းတူညီမျှမှုကိုလည်း ရရှိခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာနဲ့ပဲ Thanos ရဲ့ လက်မှာ သေဆုံးရမယ့် သူ့ရဲ့အဆုံးသတ်ကိုလည်း မြင်တွေ့ခဲ့ရပြီး ဒီအချက်တွေအားလုံးဟာ Loki ကို အတော်လေး သက်ရောက်မှု ရှိစေခဲ့ပါတယ်။ ဒါကြောင့်ပဲ အချိန်ကွဲထွက်ထားတဲ့ Loki ဟာ ကျွန်တော်တို့ အရင်တုန်းက မတွေ့ဖူးတဲ့ ပုံစံမျိူး ပြောင်းလဲသွားနိုင်ချေ ရှိပါတယ်။

ဒါကတော့ Loki ဇာတ်လမ်းတွဲ အပိုင်း(၁)အပြီးမှာ ပရိသတ်တွေ သိချင်လောက်မယ့် စိတ်ဝင်စားစရာတွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆိုရင်တော့ မိတ်ဆွေတွေလည်း ဖတ်ရအောင် မျှဝေပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

****Spoiler Alert****

Loki ဇာတ္လမ္းတြဲဟာ ဇြန္လ (၉)ရက္ေန႔မွာ အပိုင္း(၁) စတင္ ထြက္ရွိခဲ့ပါတယ္။ အပိုင္း(၁)ရဲ႕ ေခါင္းစဥ္ကေတာ့ “Glorious Purpose” ျဖစ္ပါတယ္။ Endgame ထဲမွာ ႀကိဳးႀကိဳးစားစား ရွာေဖြခဲ့ၾကတဲ့ Infinity Stone ေတြဟာလည္း TVA ထဲမွာ တန္ဖိုး မရွိသလို စာ႐ြက္ဖိတဲ့အေနနဲ႔ အသုံးျပဳတာမ်ိဴးတို႔ အပါအဝင္ တျခား ထူးျခားတဲ့အခ်က္ေတြကိုလည္း အပိုင္း(၁)ထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ အပိုင္း(၁)ထဲမွာ ပါဝင္ခဲ့တဲ့ ထူးျခားခ်က္ေတြ အပါအဝင္ easter egg ေတြကိုပါ ေဖာ္ျပေပးခ်င္ပါတယ္။

(1) Intro
photo via screenrant

အပိုင္း(၁)ကို စတင္ျပသတဲ့ intro ထဲမွာေတာ့ Endgame ထဲမွာ Space Stone သြားယူတဲ့ ဇာတ္ဝင္ခန္းေတြကို ျပန္လည္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းေတြကေတာ့ Endgame ထဲကအတိုင္းပဲ ျဖစ္တာေၾကာင့္ ဘယ္သ႐ုပ္ေဆာင္ကမွ Loki ဇာတ္လမ္းတြဲအတြက္ သီးသန႔္ ျပန္လည္႐ိုက္ကူးခဲ့တာမ်ိဴး မရွိပါဘူး။ ဒါေပမယ့္လည္း ထူးျခားတာကေတာ့ ဒီဇာတ္ဝင္ခန္းေတြကို Loki ရဲ႕ ရႈေထာင့္ကေန ျပသသြားတာ ျဖစ္ၿပီး Endgame ထဲမွာ မျမင္ခဲ့ရတဲ့ Loki ရဲ႕ ဇာတ္ဝင္ခန္းအခ်ိဳ႕ကိုလည္း ေတြ႕ခဲ့ရပါတယ္။ Loki က Steve Rogers ပုံစံေျပာင္းၿပီး ေျပာင္တဲ့အခန္းမွာလည္း Loki ကို ေသခ်ာ႐ိုက္ျပသြားၿပီး ဓာတ္ေလွကားထဲကေန Hulk ကို လက္ျပခဲ့တာကိုလည္း ျမင္ခဲ့ရပါတယ္။

(2) Tony Stark ကို ဂုဏ္ျပဳျခင္း
photo via screenrant

Tesseract ကို အသုံးျပဳလိုက္တဲ့ အခ်ိန္မွာေတာ့ Loki  ဟာ Mongolia ႏိုင္ငံမွာရွိတဲ့ Gobi သဲကႏၲာရထဲကို ျပဳတ္က်သြားပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ MCU ပရိသတ္ေတြအတြက္ ရင္းႏွီးခဲ့ဖူးတဲ့ အခန္းတစ္ခု ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ၂၀၀၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Iron Man ႐ုပ္ရွင္ထဲမွာ Tony ဟာလည္း အလားတူပဲ သဲကႏၲာရထဲကို ျပဳတ္က်တဲ့ ဇာတ္ဝင္ခန္း ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ MCU ဟာ Tony ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ခပ္ဆင္ဆင္ ျဖစ္ရပ္မ်ိဴးကို ျပန္လည္ဖန္တီးထားတယ္လို႔ ေျပာလို႔ရပါတယ္။

(3) ႀကီးက်ယ္ခမ္းနားတဲ့ ရည္႐ြယ္ခ်က္
photo via screenrant

Loki ဟာ အၿမဲတမ္းလိုလို စကားေျပာေနတတ္တဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တာေၾကာင့္ MCU ထဲမွာေတာ့ ပရိသတ္ေတြကို အမွတ္ရေနေစတဲ့ Loki ရဲ႕ ေျပာစကားမ်ားစြာ ရွိပါတယ္။ Loki ရဲ႕ အမွတ္ရဆုံး ျဖစ္ေစခဲ့တဲ့ စကားတစ္ခုကေတာ့ The Avengers ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့တဲ့ “ငါက ႀကီးက်ယ္ခမ္းနားတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ ဝန္ပိေနတာ …” ဆိုတဲ့ စကားပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ အပိုင္း(၁)ထဲမွာေတာ့ Loki ဟာ ဒီစကားကို အႀကိမ္ႀကိမ္ ျပန္လည္ေျပာဆိုခဲ့ပါတယ္။

(4) TVA
photo via screenrant

Time Variance Authority (TVA) အဖြဲ႕အစည္းဟာ Loki ဇာတ္လမ္းတြဲထဲမွာ ပါဝင္လာမယ့္အေၾကာင္းကို ပထမဆုံးေထြလာ မထြက္ရွိခင္ကတည္းက အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။ အပိုင္း(၁)ထဲမွာ ျပသသြားခဲ့သလိုပဲ အလြယ္ေျပာရရင္ေတာ့ ဒီအဖြဲ႕အစည္းဟာ timeline ေတြ ကေမာက္ကမ မျဖစ္ကုန္ေအာင္ ထိန္းသိမ္းတဲ့ အဖြဲ႕အစည္းတစ္ခု ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ TVA ဟာ ၁၉၈၆ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor Vol.1 #372 ထဲမွာ စတင္ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

(5) လူတစ္ေယာက္ရဲ႕ အခ်ိန္ကို ေနာက္ျပန္ေရာက္ေစတဲ့ စက္ပစၥည္း
photo via screenrant

Loki ဟာ TVA ရဲ႕ ဖမ္းဆီးတာကို ခံလိုက္ရတဲ့အခ်ိန္မွာေတာ့ ထုံးစံအတိုင္း ထြက္ေျပးလြတ္ေျမာက္ဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Hunter B-15 ဟာ ခလုတ္ေလးကို ႏွိပ္လိုက္တာနဲ႔ Loki ဟာ မူလက မတ္တပ္ရပ္ေနတဲ့ ေနရာကို ျပန္ေရာက္သြားပါတယ္။ TVA ဟာ ဒီစက္ပစၥည္းကို အားထားလြန္းတာေၾကာင့္ အေစာင့္ေတြလည္း အမ်ားႀကီး မထားထားပါဘူး။ Loki တစ္ေယာက္ အဲ့ဒီစက္ပစၥည္းနဲ႔အတူ လြတ္ေျမာက္သြားတဲ့အခ်ိန္မွာေတာ့ TVA တစ္ဖြဲ႕လုံး ျပာယာခတ္သြားတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ ဒီစက္ပစၥည္းေလးကေတာ့ TVA ရဲ႕ အက်ဥ္းသားေတြကို ထိန္းခ်ဳပ္တဲ့ေနရာမွာ အဓိကက်တဲ့ေနရာမွာ ပါဝင္ေနတယ္ဆိုတာ သိႏိုင္ပါတယ္။

(6) Life Model Decoys
photo via screenrant

Loki ဟာ သူ႔ကိုယ္သူ Frost Giant မွန္း မသိဘဲ ႏွစ္ေပါင္းမ်ားစြာ ေနလာခဲ့သူ ျဖစ္ပါတယ္။ အပိုင္း(၁)ထဲမွာေတာ့ Loki ဟာ TVA ထဲကို စေရာက္ခါစမွာ တကယ့္သက္ရွိလား၊ စက္႐ုပ္လား ဆိုတာကို ခြဲျခားေပးတဲ့ စက္တစ္ခုကို ျဖတ္သြားခဲ့ရပါတယ္။ အဲ့ဒီစက္ဟာ သက္ရွိအတြက္ ဆိုရင္ေတာ့ အႏၲရာယ္မရွိေပမယ့္လည္း စက္႐ုပ္ေတြဆိုရင္ေတာ့ ခ်က္ခ်င္းဖ်က္ဆီးခံရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Marvel ေကာမစ္ထဲမွာေတာ့ ကိုယ့္ကိုယ္ကို စက္႐ုပ္မွန္း မသိဘဲ အသက္ရွင္ေနသူေတြလည္း ရွိပါတယ္။

Marvel ရဲ႕ Agents of S.H.I.E.L.D. ဇာတ္လမ္းတြဲထဲမွာ ဆိုရင္ေတာ့ Life Model Decoy လို႔ေခၚတဲ့ လူနဲ႔တူတဲ့ စက္႐ုပ္ေတြ ပါဝင္ေနၿပီး သူတို႔ေတြဟာ တကယ့္ သက္ရွိလူသားအတိုင္း တေထရာတည္း တူညီေနတာေၾကာင့္ တခ်ိဳ႕ဆိုရင္ ကိုယ့္ကိုယ္ကိုေတာင္ စက္႐ုပ္ျဖစ္ေနမွန္း မသိတာေတြ ရွိပါတယ္။ ဒီလိုအခ်က္ေတြေၾကာင့္ Loki ဟာ အဲ့ဒီစက္ကို မျဖတ္သြားခင္မွာ သူ႔ကိုယ္သူ စက္႐ုပ္ျဖစ္ေနမွန္း မသိရင္ ဘယ္လိုလုပ္မလည္းဆိုၿပီး ေမးျမန္းတာကို ေတြ႕ခဲ့ရပါတယ္။

(7) The Sacred Timeline
photo via screenrant

လူတစ္ေယာက္က မေတာ္တဆ အလုပ္ေနာက္က်သြားၿပီး တျခား timeline တစ္ခု ကြဲထြက္သြားတာနဲ႔ Tesseract ကို အသုံးျပဳၿပီး စူပါဟီး႐ိုးေတြလက္ထဲက လြတ္လာတဲ့ ဗီလိန္ႏွစ္ေယာက္ကို အခ်ိန္ကြဲထြက္သူေတြအျဖစ္ TVA က သတ္မွတ္တာေတာ့ အနည္းငယ္ဆန္းပါတယ္။ ဒီအျဖစ္အပ်က္ေတြကို ျပန္လည္ေျဖရွင္းဖို႔အတြက္ animation အတိုေလးနဲ႔ ျပသသြားၿပီး Miss Minutes က ရွင္းျပသြားပါတယ္။

အဲ့ဒါကေတာ့ ဟိုးအရင္တုန္းက မတူညီတဲ့ timeline ေတြဟာ စစ္ျဖစ္ခဲ့ၾကၿပီး အဲ့ဒီစစ္ပြဲေတြေၾကာင့္ပဲ အရာအားလုံးနီးပါးဟာ ပ်က္စီးလုနီးပါး ျဖစ္သြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အဲ့ဒီအခ်ိန္က စတင္ၿပီး TVA ဟာ Multiverse ေတြအားလုံးကို တစ္ခုတည္းအျဖစ္ စုေပါင္းထားတဲ့ timeline ကို Sacred Timeline အျဖစ္ သတ္မွတ္လိုက္ၿပီး ေနာက္ထပ္ timeline ေတြ မကြဲထြက္သြားေအာင္ ထိန္းသိမ္းခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အရင္ကၾကည့္ရႈခဲ့ၾကတဲ့ MCU ႐ုပ္ရွင္ေတြ အားလုံးဟာ Sacred Timeline မွာ တည္ရွိေနၿပီး Loki ကေတာ့ အဲ့ဒီ timeline ကေန ကြဲထြက္ဖို႔ ႀကိဳးစားခဲ့တဲ့အတြက္ TVA က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

(8) The Time-Keepers
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့တဲ့ animation အတိုေလးမွာပဲ Time-Keeper သုံးေယာက္ ပါဝင္ခဲ့ၿပီး သူတို႔သုံးေယာက္က TVA ကို စတင္ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။ Multiverse ေတြအားလုံးကို တစ္ခုတည္းအျဖစ္ ေပါင္းစည္းတာကလည္း သူတို႔သုံးေယာက္ပဲ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး သူတို႔ဟာ Sacred Timeline ကို ေစာင့္ေရွာက္သူေတြ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာလည္း Time-Keeper ေတြဟာ ဒီဇာတ္လမ္းတြဲထဲကအတိုင္းပဲ timeline ကို ေစာင့္ေရွာက္သူေတြ ျဖစ္ပါတယ္။

(9) Kree နဲ႔ Nova တို႔ရဲ႕ စစ္ပြဲ
photo via screenrant

Miss Minute ဟာ အခ်ိန္ကြဲထြက္သူအေၾကာင္းကို ရွင္းျပေနတဲ့အခ်ိန္မွာေတာ့ စစ္တပ္ႏွစ္ခုက စစ္ျဖစ္ေနတဲ့ပုံစံကို ျပသသြားပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ ဘယ္ဘက္က အျပာေရာင္စစ္သားေတြဟာ Kree စစ္သားေတြ ျဖစ္ေနႏိုင္ၿပီး ညာဘက္ကေတာ့ Nova စစ္တပ္ေတြ ျဖစ္ႏိုင္ပါတယ္။

ေနာက္ခံပုံစံနဲ႔ အေဆာက္အဦးပုံစံကို ၾကည့္လိုက္ရင္ေတာ့ ဒီစစ္ပြဲျဖစ္ေနတဲ့ ေနရာဟာ Thanos ရဲ႕ ၿဂိဳဟ္ျဖစ္တဲ့ Titan ၿဂိဳဟ္ ျဖစ္ႏိုင္ပါတယ္။ Guardians of the Galaxy ႐ုပ္ရွင္ထဲမွာေတာ့ လြန္ခဲ့တဲ့ ႏွစ္တစ္ေထာင္ေက်ာ္ေလာက္က Kree ေတြနဲ႔ Nova ေတြ စစ္ျဖစ္ခဲ့တယ္လို႔ Ronan ကေျပာခဲ့ဖူးပါတယ္။ ဒါေၾကာင့္ပဲ ေတြးစရာရွိလာတာကေတာ့ အဲ့ဒီစစ္ပြဲဟာ အခ်ိန္ကြဲထြက္သူ တစ္ေယာက္ေယာက္နဲ႔ သက္ဆိုင္ေနၿပီး TVA နဲ႔လည္း ပတ္သက္ေနႏိုင္တယ္ဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။

(10) Nexus Event
photo via screenrant

Miss Minute ရွင္းျပသြားတဲ့အထဲမွာ လူတစ္ေယာက္ဟာ သူလုပ္ရမယ့္အရာကို မလုပ္ဘဲ ကြဲထြက္သြားရင္ Nexus Event လို႔ ေခၚတဲ့ timeline ကြဲထြက္မႈ ျဖစ္လာလိမ့္မယ္လို႔ ေျပာပါတယ္။ ဒီလိုမ်ိဴး Nexus Event ေတြမ်ားလာရင္ တျဖည္းျဖည္းနဲ႔ Multiverse ေတြရဲ႕ စစ္ပြဲဟာ ျပန္လည္ျဖစ္ေပၚလာမယ္လို႔လည္း သိရပါတယ္။

စိတ္ဝင္စားစရာတစ္ခုကေတာ့ “Nexus” ဆိုတဲ့ စကားလုံးဟာ အရင္တုန္းက ထြက္ရွိခဲ့တဲ့ MCU ႐ုပ္ရွင္ေတြမွာ ပါဝင္ခဲ့ဖူးတာပဲ ျဖစ္ပါတယ္။ Avengers: Age of Ultron ထဲမွာေတာ့ အေဆာက္အဦးတစ္ခုမွာ အဲ့ဒီစကားလုံးကို ျမင္ေတြ႕ခဲ့ရၿပီး WandaVision ဇာတ္လမ္းတြဲထဲက ေၾကာ္ျငာတစ္ခုမွာလည္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီ Nexus Event ေတြနဲ႔ အခ်ိန္ကြဲထြက္သူေတြဟာ Phase 4 ရဲ႕ အဓိကအခ်က္အျဖစ္ ပါဝင္လာမယ္လို႔ Marvel ကလည္း အတည္ျပဳထားပါတယ္။

(11) ဘုရားေက်ာင္းထဲက Devil
photo via screenrant

ဇာတ္လမ္းအစပိုင္းမွာေတာ့ ျပင္သစ္ႏိုင္ငံရဲ႕ (၁၆)ရာစုဝန္းက်င္က ဘုရားေက်ာင္းတစ္ခုထဲမွာ TVA ရဲ႕ ေအးဂ်င့္အခ်ိဳ႕ အသတ္ခံရတာကို ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ Mobius ဟာ စုံစမ္းဖို႔အတြက္ ေရာက္သြားခဲ့ၿပီး ေကာင္မေလးတစ္ေယာက္ကို ေတြ႕တာေၾကာင့္ ဘယ္သူလုပ္ခဲ့တာလည္းဆိုၿပီး ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ေကာင္မေလးဟာ ေရာင္စုံမွန္ခ်ပ္ေပၚက Devil ပုံကို လက္ညႇိဳးထိုးျပခဲ့ပါတယ္။

ယခင္ကေတာ့ ဒါဟာ Mephisto ကို easter egg အေနနဲ႔ ထည့္ထားတာလို႔ ပရိသတ္ေတြက ယူဆခဲ့ၾကၿပီး ဒီဇာတ္လမ္းတြဲထဲမွာလည္း Mephisto ပါဝင္လာမယ္လို႔ သီအိုရီေတြ ထုတ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း မၾကာေသးခင္ကပဲ Loki ဇာတ္လမ္းတြဲရဲ႕ ဒါ႐ိုက္တာကိုယ္တိုင္က အဲ့ဒီအခ်က္ကို ျငင္းဆိုခဲ့ပါတယ္။ ဒါ့အျပင္ မွန္ခ်ပ္ေပၚက Devil ပုံကလည္း Mephisto ကို ရည္ၫႊန္းတာ မဟုတ္ဘဲ Loki ကိုပဲ ရည္ၫႊန္းတာလို႔ ဆိုပါတယ္။

(12) Ravonna Renslayer
photo via screenrant

အပိုင္း(၁)ထဲမွာေတာ့ TVA ရဲ႕ တရားသူႀကီးနာမည္ကို မေဖာ္ျပခဲ့ေပမယ့္ တကယ္ေတာ့ သူမဟာ Ravonna Renslayer လို႔ေခၚတဲ့ ေကာမစ္ဇာတ္ေကာင္ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ သူမဟာ အလြန္ေဝးကြာတဲ့ အနာဂတ္က လူသားတစ္ေယာက္ ျဖစ္ၿပီး ဗီလိန္တစ္ေယာက္ ျဖစ္သူ Kang the Conqueror နဲ႔ ဆက္ႏြယ္ေနသူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲထဲမွာ မဟုတ္ရင္ေတာင္မွ MCU ဟာ ပရိသတ္ေတြကို ဘယ္လိုမ်ိဴး အံ့ဩစရာေတြ ထပ္မံျဖစ္ေစဦးမလည္း ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။

(13) Endgame ကို ရွင္းျပသြားျခင္း
photo via screenrant

Loki ကို တရားခုံ႐ုံးတင္တဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ ပရိသတ္ေတြအားလုံးရဲ႕ စိတ္ထဲမွာရွိေနတဲ့ ေမးခြန္းေတြကို Loki က ေမးျမန္းသြားပါတယ္။ တကယ္ေတာ့ timeline ကို ရႈပ္ေထြးေအာင္ ျပဳလုပ္ခဲ့တာဟာ Loki မဟုတ္ဘဲ Avengers ေတြ ျဖစ္ၿပီး Loki ဟာ သူ႔ရဲ႕ေျခေထာက္နား ေရာက္လာတဲ့ Tesseract ကို အသုံးျပဳ႐ုံပဲ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒါဆိုဘာေၾကာင့္ TVA ဟာ Loki ကို ဖမ္းဆီးခဲ့ၿပီး Avengers ေတြကို မဖမ္းဆီးခဲ့တာလည္းဆိုတဲ့ ေမးခြန္း ျဖစ္လာပါတယ္။ ဒီေမးခြန္းအတြက္ အေျဖကိုေတာ့ တရားသူႀကီး Ravonna က ေျဖဆိုေပးသြားပါတယ္။

Avengers ေတြ ျပဳလုပ္ခဲ့တဲ့ အခ်ိန္ခရီးသြားျခင္းဟာ ေယဘူယ်အားျဖင့္ ဘာစည္းကမ္းကိုမွ မခ်ိဴးေဖာက္ခဲ့သလို Time-Keeper ေတြ ခြင့္ျပဳထားတဲ့အတိုင္း ျဖစ္ခဲ့တာလို႔ ဆိုပါတယ္။ ဒါေၾကာင့္ပဲ Steve ဟာ အတိတ္မွာ ေနထိုင္ဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ အခ်က္ဟာလည္း ျဖစ္ကိုျဖစ္လာရမယ့္ Steve ရဲ႕ ဘဝတစ္စိတ္တစ္ပိုင္းလို႔ ယူဆလို႔ ရပါတယ္။ ဒါေပမယ့္လည္း Loki က အခုလိုမ်ိဴး Avengers ေတြလက္ထဲက လြတ္ေျမာက္သြားရမယ့္ ကိစၥကေတာ့ Time-Keeper ေတြက ခြင့္မျပဳထားသလို Loki ရဲ႕ ျဖစ္ကိုျဖစ္လာရမယ့္ ဘဝတစ္စိတ္တစ္ပိုင္းလည္း မဟုတ္တာေၾကာင့္ TVA က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

(14) Josta
photo via screenrant

ဒီအခ်က္ကေတာ့ သိပ္ၿပီး ႀကီးႀကီးမားမား မဟုတ္ေပမယ့္လည္း easter egg အျဖစ္နဲ႔ ပါဝင္ေနတာေၾကာင့္ ထည့္သြင္းေပးထားပါတယ္။ Loki နဲ႔ Mobius တို႔ စကားေျပာေနတဲ့ အခ်ိန္မွာ Mobius ဟာ အေအးဘူး ေသာက္ေနတာကို ျမင္ခဲ့ရပါတယ္။ Mobius ဟာ Josta အေအးကို အလြန္ႀကိဳက္ႏွစ္သူတစ္ေယာက္ ျဖစ္ပါတယ္။ Josta အေအးကေတာ့ ၁၉၉၀ေက်ာ္ေလာက္မွာ Pepsi က ထုတ္လုပ္ခဲ့တဲ့ အေအးတစ္မ်ိဳးပဲ ျဖစ္ပါတယ္။

(15) D. B. Cooper
photo via screenrant

ဒီအခ်က္ကိုေတာ့ တခ်ိဳ႕ပရိသတ္ေတြ သိၿပီးသား ျဖစ္ေနပါလိမ့္မယ္။ Loki ဇာတ္လမ္းတြဲရဲ႕ ပထမဆုံးေထြလာ ထြက္ရွိလာတဲ့အခ်ိန္မွာ ဒီဇာတ္ဝင္ခန္းေတြ ပါဝင္ခဲ့ၿပီး ဒီအခ်က္ကို ကြၽန္ေတာ္တို႔လည္း တင္ေပးခဲ့ဖူးပါတယ္။ ဒါကေတာ့ ၁၉၇၁ ခုႏွစ္တုန္းက ဘယ္သူမွန္းမသိတဲ့ လူတစ္ေယာက္ဟာ ေလယာဥ္တစ္စီးကို ျပန္ေပးဆြဲခဲ့ၿပီး ေဒၚလာႏွစ္သိန္း ေတာင္းဆိုခဲ့ပါတယ္။ သူ ေတာင္းဆိုထားတဲ့ ပိုက္ဆံရရွိၿပီးသြားတဲ့ အခ်ိန္မွာေတာ့ ေလထီးနဲ႔အတူ ေပ်ာက္ကြယ္သြားၿပီး သူ႔ကို ေနာက္ထပ္ ဘယ္ေတာ့မွ မေတြ႕ရေတာ့ပါဘူး။ MCU ထဲမွာေတာ့ D. B. Cooper ဟာ Loki ျဖစ္ေနၿပီး Bifrost နဲ႔အတူ ‌ေပ်ာက္ကြယ္သြားတာကို အပိုင္း(၁)ထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

(16) စာ႐ြက္ဖိ ေက်ာက္တုံးမ်ား
photo via screenrant

Infinity War နဲ႔ Endgame တို႔လို ႐ုပ္ရွင္ေတြကို ၾကည့္လာခဲ့တဲ့ ကြၽန္ေတာ္တို႔အတြက္ေတာ့ ဒီဇာတ္ဝင္ခန္းဟာ အေတာ္ေလး ေအာင့္သက္သက္ ႏိုင္ပါတယ္။ Infinity War ထဲမွာဆိုရင္ Thanos ဟာ Soul Stone ကို ရယူဖို႔အတြက္ Gamora ကို စြန႔္လႊတ္ခဲ့ရၿပီး Endgame ထဲမွာလည္း Soul Stone ကို ရယူႏိုင္ဖို႔အတြက္ Black Widow ဟာ သူမကိုယ္သူမ အနစ္နာခံခဲ့တာကို ရင္နာနာနဲ႔ ၾကည့္ရႈခဲ့ရပါတယ္။ ဒီလိုမ်ိဴး ရယူဖို႔ ခက္ခဲၿပီး စြမ္းအားႀကီးမားလွတဲ့ Infinity Stone ေတြကေတာ့ TVA ဆီကိုေရာက္သြားတဲ့အခါမွာ အေရာင္လွလွ ေက်ာက္တုံးေလးေတြထက္ မပိုေတာ့ပါဘူး။ TVA ထဲမွာေတာ့ Infinity Stone ေတြကို အသုံးျပဳလို႔ မရသလို TVA က တခ်ိဳ႕လူေတြဆိုရင္ Infinity Stone ေတြကို စာ႐ြက္ဖိဖို႔အတြက္ေလာက္ပဲ အသုံးျပဳတယ္လို႔ ေတြ႕ခဲ့ရပါတယ္။

(17) Loki ရဲ႕ အနာဂတ္
photo via screenrant

Loki ဟာ Infinity Stone ေတြအေၾကာင္းကို သိရွိၿပီးေနာက္မွာေတာ့ သူနဲ႔ Mobius တို႔ စကားေျပာခဲ့တဲ့ အခန္းကို ျပန္သြားၿပီး သူ႔ရဲ႕အနာဂတ္ကို ၾကည့္ရႈခဲ့ပါတယ္။ Loki ဟာ ပထမဆုံးအေနနဲ႔ Thor: Ragnarok ထဲက Odin ရဲ႕ ေနာက္ဆုံးအခ်ိန္ကို ျမင္ေတြ႕ခဲ့ၿပီး သူ႔တစ္ဘဝလုံး လိုခ်င္ခဲ့သလိုပဲ Odin ဟာ သူနဲ႔ Thor တို႔ႏွစ္ေယာက္လုံးကို တန္းတူဆက္ဆံတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Loki ဟာ Thor နဲ႔အတူ တိုက္ခိုက္ခဲ့တာေတြကိုလည္း ျမင္ေတြ႕ခဲ့ၿပီး သူ ေတာင့္တတဲ့ တစ္ခုတည္းေသာအရာ ျဖစ္တဲ့ တန္းတူညီမွ်မႈကိုလည္း ရရွိခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာနဲ႔ပဲ Thanos ရဲ႕ လက္မွာ ေသဆုံးရမယ့္ သူ႔ရဲ႕အဆုံးသတ္ကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး ဒီအခ်က္ေတြအားလုံးဟာ Loki ကို အေတာ္ေလး သက္ေရာက္မႈ ရွိေစခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အခ်ိန္ကြဲထြက္ထားတဲ့ Loki ဟာ ကြၽန္ေတာ္တို႔ အရင္တုန္းက မေတြ႕ဖူးတဲ့ ပုံစံမ်ိဴး ေျပာင္းလဲသြားႏိုင္ေခ် ရွိပါတယ္။

ဒါကေတာ့ Loki ဇာတ္လမ္းတြဲ အပိုင္း(၁)အၿပီးမွာ ပရိသတ္ေတြ သိခ်င္ေလာက္မယ့္ စိတ္ဝင္စားစရာေတြကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆိုရင္ေတာ့ မိတ္ေဆြေတြလည္း ဖတ္ရေအာင္ မွ်ေဝေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular