HomeEntertainmentFilmThe Nightmare Before Christmas ထဲက စိတ်ဝင်စားစရာအချက်များ

The Nightmare Before Christmas ထဲက စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Nightmare Before Christmas ဟာ ၁၉၉၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (8.0) ရရှိထားတဲ့အပြင် အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ အခုအချိန်ဟာ ခရစ်စမတ်ရာသီ ဖြစ်တာကြောင့် ဒီလိုအချိန်တွေဆိုရင် လူအများစုဟာ ခရစ်စမတ်ဇာတ်လမ်းတွေကို ကြည့်ရှုလေ့ရှိပါတယ်။ ဒီဇာတ်လမ်းကတော့ ခရစ်စမတ်လို့လည်း ပြောလို့မရသလို ဟောလိုးဝင်းဇာတ်လမ်းလို့လည်း ပြောလို့မရဘဲ အဲ့ဒီနှစ်ခုကြားထဲက ဇာတ်လမ်းလို့ပဲ ပြောလို့ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းဟာ အခုချိန်မှာ ကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး မကြည့်ရသေးရင်လည်း ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကြည့်ပြီးသူတွေအတွက်ကတော့ The Nightmare Before Christmas ထဲက လူအများစု မသိလောက်သေးတဲ့ တချို့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

The Hinterlands
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Jack Skellington ဟာ ဟောလိုးဝင်းမြို့ရဲ့ အစွန်ကို ထွက်သွားပြီး ပုံစံတွေထွင်းထားတဲ့ သစ်ပင်တွေကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီသစ်ပင်တွေ တစ်ပင်စီတိုင်းဟာ မြို့တစ်မြို့စီကို ကိုယ်စားပြုကြတာ ဖြစ်ပါတယ်။ Jack ကတော့ ခရစ်စမတ်မြို့ကို ကိုယ်စားပြုတဲ့ သစ်ပင်ထဲကို ဝင်သွားပြီး ခရစ်စမတ်မြို့ကို ရောက်သွားပါတယ်။

အဲ့ဒီသစ်ပင်တွေ ရှိနေတဲ့နေရာကို ဘယ်လိုခေါ်လည်း ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ လုံးဝမဖော်ပြသွားခဲ့ပါဘူး။ သို့ပေမယ့် Kingdom Hearts ဆိုတဲ့ ဂိမ်းထဲမှာလည်း အဲ့ဒီနေရာ ပါဝင်ခဲ့ပြီး အဆိုပါဂိမ်းထဲမှာတော့ Hinterlands လို့ ခေါ်မှန်း သိရပါတယ်။ ဒါ့အပြင် The Nightmare Before Christmas ရဲ့ Oogie’s Revenge ဆိုတဲ့ ဂိမ်းထဲမှာလည်း အဲ့ဒီနေရာ ပါဝင်ခဲ့ပါတယ်။

အသက်ရှိနေတဲ့ မြို့
photo via screenrant

ဟောလိုးဝင်းမြို့ဟာ အပြင်မှာ တကယ်ရှိပြီးတော့ အဲ့ဒီမြို့ရဲ့နာမည်အစစ်ကတော့  St. Helens လို့ ခေါ်ပါတယ်။ ဒါ့အပြင် အဲ့ဒီမြို့ဟာ အသက်ရှိတဲ့ မြို့တစ်ခုပါဆိုတဲ့ ဒဏ္ဍာရီတွေလည်း ရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဟောလိုးဝင်းမြို့ကို လုံးဝအသက်ဝင်နေတဲ့ မြို့တစ်ခုအဖြစ် ဖန်တီးထားတာကို တွေ့ရပါတယ်။

ဥပမာပြောရရင်တော့ ဒီဇာတ်လမ်းထဲက တောင်ကုန်းလေး ဖြစ်ပါတယ်။ အကြောင်းကတော့ အဲ့ဒီတောင်ကုန်းဟာ သက်ရှိသတ္တဝါတစ်ကောင်လို တကယ်လှုပ်ရှားတာကို ဇာတ်လမ်းရဲ့ အစမှာတည်းက တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမြို့ထဲမှာ လေတိုက်တဲ့ပုံစံတွေနဲ့ ဂိတ်တံခါးအချို့ရဲ့ ပုံစံတွေကလည်း အသက်ဝင်နေသလို ဖြစ်နေပြီး အပေါ်မှာဖော်ပြထားတဲ့ ဒဏ္ဍာရီထဲက တချို့အချက်တွေကို မှီငြမ်းထားတာတွေ ပါဝင်ပါတယ်။

Monsters Inc ရဲ့ အနာဂတ်
photo via screenrant

Monsters Inc ဟာ Mike နဲ့ Sully တို့ရဲ့ ဆက်ဆံရေးကြောင့် နာမည်ကြီးတယ်လို့ ပြောလို့ရပေမယ့်လည်း အဲ့ဒီဇာတ်လမ်းရဲ့ ဒီဇိုင်းတွေကလည်း လူကြိုက်များရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပါတယ်။ အဲ့ဒီဇာတ်လမ်းထဲက အရာအများစုဟာ The Nightmare Before Christmas ကို မှီငြိမ်းထားတယ်ဆိုတာ သိသာနေပါတယ်။

The Nightmare Before Christmas ရဲ့အစမှာ ” This is Halloween” ဆိုတဲ့ ဇာတ်ဝင်သီချင်း လာနေတဲ့အချိန်မှာ ကလေးတွေကို ခြောက်လှန့်ကြတဲ့ မွန်းစတားတွေကို ပြသသွားပါတယ်။ ဒါ့အပြင် Monsters Inc ထဲကမြို့ဟာ စတင်ဖန်တီးခါစတုန်းက Jack ရဲ့ ဟောလိုးဝင်းမြို့နဲ့ အတော်လေး ဆင်တူတယ်လို့လည်း သိရပါတယ်။

ဆက်နွယ်နေတဲ့ ဇာတ်လမ်းသုံးခု
photo via screenrant

Tim Burton ရဲ့ ဇာတ်လမ်းတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားလေ့ရှိပြီး Corpse Bride ဇာတ်လမ်းကလည်း အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းနဲ့ The Nightmare Before Christmas တို့ဟာ ဆက်နွယ်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် The Nightmare Before Christmas ၊ Corpse Bride နဲ့ Frankenweenie တို့ဟာ ဆက်နွယ်နေတဲ့ trilogy ပါလို့ ယုံကြည်ကြတဲ့ ပရိသတ်တွေလည်း အများကြီး ရှိပါတယ်။ သူတို့ရဲ့ ယူဆမှုအရဆိုရင်တော့ Jack Skellington နဲ့ Victor Van Dort တို့ဟာ တစ်ယောက်တည်းလို့တောင် ယုံကြည်ကြပါတယ်။

ဒါ့အပြင် Emily နဲ့ Sally တို့ကလည်း တစ်ယောက်တည်း ဖြစ်ပြီးတော့ The Nightmare Before Christmas ထဲက ခွေးဝိဉာဉ်နဲ့ Frankenweenie ထဲက ခွေးကလည်း တစ်ကောင်တည်းပါလို့ ယုံကြည်ကြပါတယ်။ အဲ့ဒီဇာတ်လမ်းသုံးခုလုံးကို ကြည့်ဖူးရင်တော့ ဒီဇာတ်လမ်းသုံးခုမှာ တူညီနေတဲ့အချက်တွေကို သတိထားမိကြမယ်လို့ ထင်ပါတယ်။ သို့ပေမယ့်လည်း ဒါဟာ ပရိသတ်တွေရဲ့ ယူဆချက်သာ ဖြစ်ပြီး ဒါရိုက်တာနဲ့ စတူဒီယိုတွေဘက်ကတော့ အဲ့ဒီဇာတ်လမ်းသုံးခုဟာ ဆက်နွယ်နေတဲ့ trilogy ပါလို့ ဘယ်တုန်းကမှ အတည်ပြုခဲ့ခြင်း မရှိပါဘူး။

ဟောလိုးဝင်းမြို့ဟာ အလယ်ခေတ်တုန်းက မြို့တစ်မြို့ ဖြစ်နေနိုင်ပါတယ်။
photo via screenrant

ဟောလိုးဝင်းမြို့ဟာ အလယ်ခေတ်လောက်က မြို့တစ်ခု ဖြစ်နိုင်တဲ့အကြောင်း သက်သေပြနိုင်တဲ့ ဥပမာများစွာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ နောက်ထပ် ဖြစ်နိုင်တာတစ်ခုကတော့ ဒီမြို့ဟာ မကောင်းဆိုးဝါးတွေပဲ အမြဲတမ်း နေထိုင်ခဲ့ကြတာ မဟုတ်ဘဲ အချိန်တစ်ခုမှာ မကောင်းဆိုးဝါးတွေက သိမ်းယူခဲ့တယ်လို့ ယူဆလို့ရပါတယ်။

အကြောင်းကတော့ ဒီမြို့ထဲက အဆောက်အအုံတွေရဲ့ ဗိသုကာပညာတွေနဲ့ လူတွေကို ကွပ်မျက်တဲ့ပုံစံတွေဟာ အလယ်ခေတ်လောက်က လူသားတွေ အသုံးပြုခဲ့တဲ့ ပုံစံတွေ ဖြစ်နေလို့ပါပဲ။ ဒါပေမယ့်လည်း ဒီမြို့ဟာ ဘယ်ခေတ်တုန်းက မြို့လည်းဆိုတာကိုတော့ အတိအကျကြီး မပြောနိုင်ပါဘူး။

ဟောလိုးဝင်းနဲ့ သက်ဆိုင်တဲ့ တိရစ္ဆာန်များ
photo via screenrant

ဟောလိုးဝင်းမြို့ထဲမှာတော့ တိရစ္ဆာန်တွေများစွာကို မြင်တွေ့ခဲ့ရပြီး သူတို့အားလုံးဟာ ဟောလိုးဝင်းနဲ့ တစ်နည်းနည်းတော့ ဆက်စပ်နေကြပါတယ်။ ဒီဇာတ်လမ်းထဲမှာ လင်းနို့တွေ၊ ကြောင်နက်တွေနဲ့ ပင့်ကူတွေကို မြင်တွေ့ခဲ့ရပေမယ့်လည်း တစ်ခြားတိရစ္ဆာန်တွေကိုတော့ လုံးဝမမြင်တွေ့ခဲ့ရပါဘူး။

အဲ့ဒါကြောင့်ပဲ ဒီဇာတ်လမ်းထဲမှာ ပါဝင်သမျှ တိရစ္ဆာန်တွေဟာ ဟောလိုးဝင်းနဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ရတာ ဖြစ်ပါတယ်။ ဟောလိုးဝင်းနဲ့ မသက်ဆိုင်တာကတော့ Zero ဆိုတဲ့ ခွေးလေးဖြစ်ပေမယ့်လည်း Zero ဟာ သက်ရှိထင်ရှား မဟုတ်ဘဲ ဝိဉာဉ်ဖြစ်နေတာကြောင့် ဟောလိုးဝင်းနဲ့ သက်ဆိုင်နေတယ်လို့ ပြောလို့ရပါတယ်။

ဒါကတော့ Nightmare Before Christmas ဇာတ်ကားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်အချို့ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ပေးထားပါလို့ တိုက်တွန်းလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Nightmare Before Christmas ဟာ ၁၉၉၃ ခုႏွစ္တုန္းက ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (8.0) ရရွိထားတဲ့အျပင္ ေအာ္စကာတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။ အခုအခ်ိန္ဟာ ခရစ္စမတ္ရာသီ ျဖစ္တာေၾကာင့္ ဒီလိုအခ်ိန္ေတြဆိုရင္ လူအမ်ားစုဟာ ခရစ္စမတ္ဇာတ္လမ္းေတြကို ၾကည့္ရႈေလ့ရွိပါတယ္။ ဒီဇာတ္လမ္းကေတာ့ ခရစ္စမတ္လို႔လည္း ေျပာလို႔မရသလို ေဟာလိုးဝင္းဇာတ္လမ္းလို႔လည္း ေျပာလို႔မရဘဲ အဲ့ဒီႏွစ္ခုၾကားထဲက ဇာတ္လမ္းလို႔ပဲ ေျပာလို႔ရပါလိမ့္မယ္။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းဟာ အခုခ်ိန္မွာ ၾကည့္ရႈဖို႔ သင့္ေတာ္တဲ့ ဇာတ္လမ္းတစ္ခုျဖစ္ၿပီး မၾကည့္ရေသးရင္လည္း ၾကည့္လိုက္ပါလို႔ တိုက္တြန္းခ်င္ပါတယ္။ ၾကည့္ၿပီးသူေတြအတြက္ကေတာ့ The Nightmare Before Christmas ထဲက လူအမ်ားစု မသိေလာက္ေသးတဲ့ တခ်ိဳ႕အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

The Hinterlands
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Jack Skellington ဟာ ေဟာလိုးဝင္းၿမိဳ႕ရဲ႕ အစြန္ကို ထြက္သြားၿပီး ပုံစံေတြထြင္းထားတဲ့ သစ္ပင္ေတြကို ရွာေတြ႕ခဲ့ပါတယ္။ အဲ့ဒီသစ္ပင္ေတြ တစ္ပင္စီတိုင္းဟာ ၿမိဳ႕တစ္ၿမိဳ႕စီကို ကိုယ္စားျပဳၾကတာ ျဖစ္ပါတယ္။ Jack ကေတာ့ ခရစ္စမတ္ၿမိဳ႕ကို ကိုယ္စားျပဳတဲ့ သစ္ပင္ထဲကို ဝင္သြားၿပီး ခရစ္စမတ္ၿမိဳ႕ကို ေရာက္သြားပါတယ္။

အဲ့ဒီသစ္ပင္ေတြ ရွိေနတဲ့ေနရာကို ဘယ္လိုေခၚလည္း ဆိုတာကိုေတာ့ ႐ုပ္ရွင္ထဲမွာ လုံးဝမေဖာ္ျပသြားခဲ့ပါဘူး။ သို႔ေပမယ့္ Kingdom Hearts ဆိုတဲ့ ဂိမ္းထဲမွာလည္း အဲ့ဒီေနရာ ပါဝင္ခဲ့ၿပီး အဆိုပါဂိမ္းထဲမွာေတာ့ Hinterlands လို႔ ေခၚမွန္း သိရပါတယ္။ ဒါ့အျပင္ The Nightmare Before Christmas ရဲ႕ Oogie’s Revenge ဆိုတဲ့ ဂိမ္းထဲမွာလည္း အဲ့ဒီေနရာ ပါဝင္ခဲ့ပါတယ္။

အသက္ရွိေနတဲ့ ၿမိဳ႕
photo via screenrant

ေဟာလိုးဝင္းၿမိဳ႕ဟာ အျပင္မွာ တကယ္ရွိၿပီးေတာ့ အဲ့ဒီၿမိဳ႕ရဲ႕နာမည္အစစ္ကေတာ့  St. Helens လို႔ ေခၚပါတယ္။ ဒါ့အျပင္ အဲ့ဒီၿမိဳ႕ဟာ အသက္ရွိတဲ့ ၿမိဳ႕တစ္ခုပါဆိုတဲ့ ဒ႑ာရီေတြလည္း ရွိပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ ေဟာလိုးဝင္းၿမိဳ႕ကို လုံးဝအသက္ဝင္ေနတဲ့ ၿမိဳ႕တစ္ခုအျဖစ္ ဖန္တီးထားတာကို ေတြ႕ရပါတယ္။

ဥပမာေျပာရရင္ေတာ့ ဒီဇာတ္လမ္းထဲက ေတာင္ကုန္းေလး ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီေတာင္ကုန္းဟာ သက္ရွိသတၱဝါတစ္ေကာင္လို တကယ္လႈပ္ရွားတာကို ဇာတ္လမ္းရဲ႕ အစမွာတည္းက ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီၿမိဳ႕ထဲမွာ ေလတိုက္တဲ့ပုံစံေတြနဲ႔ ဂိတ္တံခါးအခ်ိဳ႕ရဲ႕ ပုံစံေတြကလည္း အသက္ဝင္ေနသလို ျဖစ္ေနၿပီး အေပၚမွာေဖာ္ျပထားတဲ့ ဒ႑ာရီထဲက တခ်ိဳ႕အခ်က္ေတြကို မွီျငမ္းထားတာေတြ ပါဝင္ပါတယ္။

Monsters Inc ရဲ႕ အနာဂတ္
photo via screenrant

Monsters Inc ဟာ Mike နဲ႔ Sully တို႔ရဲ႕ ဆက္ဆံေရးေၾကာင့္ နာမည္ႀကီးတယ္လို႔ ေျပာလို႔ရေပမယ့္လည္း အဲ့ဒီဇာတ္လမ္းရဲ႕ ဒီဇိုင္းေတြကလည္း လူႀကိဳက္မ်ားရျခင္းရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ေနပါတယ္။ အဲ့ဒီဇာတ္လမ္းထဲက အရာအမ်ားစုဟာ The Nightmare Before Christmas ကို မွီၿငိမ္းထားတယ္ဆိုတာ သိသာေနပါတယ္။

The Nightmare Before Christmas ရဲ႕အစမွာ ” This is Halloween” ဆိုတဲ့ ဇာတ္ဝင္သီခ်င္း လာေနတဲ့အခ်ိန္မွာ ကေလးေတြကို ေျခာက္လွန႔္ၾကတဲ့ မြန္းစတားေတြကို ျပသသြားပါတယ္။ ဒါ့အျပင္ Monsters Inc ထဲကၿမိဳ႕ဟာ စတင္ဖန္တီးခါစတုန္းက Jack ရဲ႕ ေဟာလိုးဝင္းၿမိဳ႕နဲ႔ အေတာ္ေလး ဆင္တူတယ္လို႔လည္း သိရပါတယ္။

ဆက္ႏြယ္ေနတဲ့ ဇာတ္လမ္းသုံးခု
photo via screenrant

Tim Burton ရဲ႕ ဇာတ္လမ္းေတြဟာ ပရိသတ္ေတြၾကားမွာ ေရပန္းစားေလ့ရွိၿပီး Corpse Bride ဇာတ္လမ္းကလည္း ေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ အဲ့ဒီဇာတ္လမ္းနဲ႔ The Nightmare Before Christmas တို႔ဟာ ဆက္ႏြယ္မႈေတြ ရွိေနပါတယ္။ ဒါ့အျပင္ The Nightmare Before Christmas ၊ Corpse Bride နဲ႔ Frankenweenie တို႔ဟာ ဆက္ႏြယ္ေနတဲ့ trilogy ပါလို႔ ယုံၾကည္ၾကတဲ့ ပရိသတ္ေတြလည္း အမ်ားႀကီး ရွိပါတယ္။ သူတို႔ရဲ႕ ယူဆမႈအရဆိုရင္ေတာ့ Jack Skellington နဲ႔ Victor Van Dort တို႔ဟာ တစ္ေယာက္တည္းလို႔ေတာင္ ယုံၾကည္ၾကပါတယ္။

ဒါ့အျပင္ Emily နဲ႔ Sally တို႔ကလည္း တစ္ေယာက္တည္း ျဖစ္ၿပီးေတာ့ The Nightmare Before Christmas ထဲက ေခြးဝိဉာဥ္နဲ႔ Frankenweenie ထဲက ေခြးကလည္း တစ္ေကာင္တည္းပါလို႔ ယုံၾကည္ၾကပါတယ္။ အဲ့ဒီဇာတ္လမ္းသုံးခုလုံးကို ၾကည့္ဖူးရင္ေတာ့ ဒီဇာတ္လမ္းသုံးခုမွာ တူညီေနတဲ့အခ်က္ေတြကို သတိထားမိၾကမယ္လို႔ ထင္ပါတယ္။ သို႔ေပမယ့္လည္း ဒါဟာ ပရိသတ္ေတြရဲ႕ ယူဆခ်က္သာ ျဖစ္ၿပီး ဒါ႐ိုက္တာနဲ႔ စတူဒီယိုေတြဘက္ကေတာ့ အဲ့ဒီဇာတ္လမ္းသုံးခုဟာ ဆက္ႏြယ္ေနတဲ့ trilogy ပါလို႔ ဘယ္တုန္းကမွ အတည္ျပဳခဲ့ျခင္း မရွိပါဘူး။

ေဟာလိုးဝင္းၿမိဳ႕ဟာ အလယ္ေခတ္တုန္းက ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေနႏိုင္ပါတယ္။
photo via screenrant

ေဟာလိုးဝင္းၿမိဳ႕ဟာ အလယ္ေခတ္ေလာက္က ၿမိဳ႕တစ္ခု ျဖစ္ႏိုင္တဲ့အေၾကာင္း သက္ေသျပႏိုင္တဲ့ ဥပမာမ်ားစြာကို ဒီဇာတ္လမ္းထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ေနာက္ထပ္ ျဖစ္ႏိုင္တာတစ္ခုကေတာ့ ဒီၿမိဳ႕ဟာ မေကာင္းဆိုးဝါးေတြပဲ အၿမဲတမ္း ေနထိုင္ခဲ့ၾကတာ မဟုတ္ဘဲ အခ်ိန္တစ္ခုမွာ မေကာင္းဆိုးဝါးေတြက သိမ္းယူခဲ့တယ္လို႔ ယူဆလို႔ရပါတယ္။

အေၾကာင္းကေတာ့ ဒီၿမိဳ႕ထဲက အေဆာက္အအုံေတြရဲ႕ ဗိသုကာပညာေတြနဲ႔ လူေတြကို ကြပ္မ်က္တဲ့ပုံစံေတြဟာ အလယ္ေခတ္ေလာက္က လူသားေတြ အသုံးျပဳခဲ့တဲ့ ပုံစံေတြ ျဖစ္ေနလို႔ပါပဲ။ ဒါေပမယ့္လည္း ဒီၿမိဳ႕ဟာ ဘယ္ေခတ္တုန္းက ၿမိဳ႕လည္းဆိုတာကိုေတာ့ အတိအက်ႀကီး မေျပာႏိုင္ပါဘူး။

ေဟာလိုးဝင္းနဲ႔ သက္ဆိုင္တဲ့ တိရစာၦန္မ်ား
photo via screenrant

ေဟာလိုးဝင္းၿမိဳ႕ထဲမွာေတာ့ တိရစာၦန္ေတြမ်ားစြာကို ျမင္ေတြ႕ခဲ့ရၿပီး သူတို႔အားလုံးဟာ ေဟာလိုးဝင္းနဲ႔ တစ္နည္းနည္းေတာ့ ဆက္စပ္ေနၾကပါတယ္။ ဒီဇာတ္လမ္းထဲမွာ လင္းႏို႔ေတြ၊ ေၾကာင္နက္ေတြနဲ႔ ပင့္ကူေတြကို ျမင္ေတြ႕ခဲ့ရေပမယ့္လည္း တစ္ျခားတိရစာၦန္ေတြကိုေတာ့ လုံးဝမျမင္ေတြ႕ခဲ့ရပါဘူး။

အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းထဲမွာ ပါဝင္သမွ် တိရစာၦန္ေတြဟာ ေဟာလိုးဝင္းနဲ႔ ဆက္စပ္ေနတယ္လို႔ ေျပာလို႔ရတာ ျဖစ္ပါတယ္။ ေဟာလိုးဝင္းနဲ႔ မသက္ဆိုင္တာကေတာ့ Zero ဆိုတဲ့ ေခြးေလးျဖစ္ေပမယ့္လည္း Zero ဟာ သက္ရွိထင္ရွား မဟုတ္ဘဲ ဝိဉာဥ္ျဖစ္ေနတာေၾကာင့္ ေဟာလိုးဝင္းနဲ႔ သက္ဆိုင္ေနတယ္လို႔ ေျပာလို႔ရပါတယ္။

ဒါကေတာ့ Nightmare Before Christmas ဇာတ္ကားနဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာ အခ်က္အခ်ိဳ႕ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ေပးထားပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular