HomeCharacterHawkeye ဇာတ်လမ်းတွဲထဲက Echo ရဲ့ ကောမစ်ထဲက Origin

Hawkeye ဇာတ်လမ်းတွဲထဲက Echo ရဲ့ ကောမစ်ထဲက Origin

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hawkeye ဇာတ်လမ်းတွဲရဲ့ အပိုင်း(၃)ထဲမှာတော့ ဇာတ်ကောင်သစ် Echo ရဲ့ ငယ်ဘဝကို ပြသသွားပါတယ်။ Echo ကတော့ Tracksuit Mafia တွေကို ဦးဆောင်နေသူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အကြားအာရုံ ချို့ယွင်းနေပေမယ့်လည်း အလွန်ဉာဏ်ကောင်းပြီး တိုက်ခိုက်ရေးမှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ Echo ရဲ့ နေရာမှာတော့ Alaqua Cox က ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့ Spin-Off ဇာတ်လမ်းတွဲလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Echo ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ်ထဲက Origin
photo via screenrant

Echo ရဲ့ နာမည်အရင်းကတော့ Maya Lopez ဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Daredevil #9 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ Maya ရဲ့ဖခင်ကတော့ Kingpin ရဲ့ လက်အောက်ငယ်သားတစ်ယောက် ဖြစ်ပြီး Kingpin ရဲ့ အမိန့်ကြောင့်ပဲ သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Kingpin ဟာ Maya ကို မွေးစားခဲ့ပြီး သူမဖခင်က ဘာကြောင့်သေဆုံးခဲ့ရလည်းဆိုတာကို လျှို့ဝှက်ထားခဲ့ပါတယ်။

Maya ဟာ သူမရဲ့ အသိဉာဏ်၊ဗဟုသုတနဲ့ တိုက်ခိုက်ရေးတွေကို တိုးတက်လာအောင် လေ့ကျင့်ခဲ့ပြီး ကြောက်စရာကောင်းအောင် ကျွမ်းကျင်တဲ့ ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်လာပါတယ်။ ဒါတင်မကသေးဘဲ Taskmaster လိုပဲ သူမဟာ ဘယ်လိုလှုပ်ရှားမှုမျိူးမဆို ကြည့်လိုက်တာနဲ့ တစ်ပုံစံတည်း ပြန်လည်အသုံးချနိုင်ပါတယ်။ ဒီအရည်အချင်းကြောင့်ပဲ သူမရဲ့နာမည်ဟာ Echo ဆိုပြီး ဖြစ်လာတာ ဖြစ်ပါတယ်။

photo via screenrant

Kingpin ဟာ Maya ရဲ့ဖခင်ကို သတ်သွားတဲ့သူက Daredevil ပါလို့ လှည့်စားထားတာကြောင့် သူမဟာ Daredevil ရဲ့ ဗီလိန် ဖြစ်လာခဲ့ပါတယ်။ Maya ဟာ တိုက်ခိုက်ရေးမှာ အလွန်ထူးချွန်သူတစ်ယောက် ဖြစ်သလို အရာရာကို အတုယူနိုင်တဲ့ Photographic Reflexes စွမ်းရည်လည်း အသုံးပြုနိုင်တာကြောင့် သူမဟာ Daredevil အတွက် ရင်ဆိုင်ရခက်တဲ့ ရန်သူတစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမဖခင်ရဲ့ သေဆုံးမှု အဖြစ်အပျက်အမှန်ကို Maya သိသွားအောင် Daredevil က ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ သူမဟာ Daredevil နဲ့ မိတ်ဆွေတွေ ဖြစ်လာပြီး Kingpin ကို တိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ Echo ဆိုတဲ့ နာမည်ကို အသုံးမပြုတော့ဘဲ Ronin ဆိုတဲ့ နာမည်ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Ronin ဆိုတဲ့ Identity ကို ဖန်တီးခဲ့သူက Maya ပဲ ဖြစ်ပြီး နောက်ပိုင်းမှသာ Clint Barton က အဲ့ဒီနာမည်ကို ယူသုံးခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Maya ဟာ Avengers တစ်ယောက်တောင် ဖြစ်လာခဲ့ပြီး Moon Knight နဲ့ Wolverine တို့လို ဟီးရိုးတွေနဲ့အတူ ယှဉ်တွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Hawkeye ဇာတ္လမ္းတြဲရဲ့ အပိုင္း(၃)ထဲမွာေတာ့ ဇာတ္ေကာင္သစ္ Echo ရဲ့ ငယ္ဘဝကို ျပသသြားပါတယ္။ Echo ကေတာ့ Tracksuit Mafia ေတြကို ဦးေဆာင္ေနသူတစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းေနေပမယ့္လည္း အလြန္ဉာဏ္ေကာင္းၿပီး တိုက္ခိုက္ေရးမွာလည္း ထူးခၽြန္သူတစ္ေယာက္ ျဖစ္ပါတယ္။ Echo ရဲ့ ေနရာမွာေတာ့ Alaqua Cox က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး သူမရဲ့ Spin-Off ဇာတ္လမ္းတြဲလည္း ထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ Echo ရဲ့ ေကာမစ္ထဲက Origin နဲ႔ စြမ္းအားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေကာမစ္ထဲက Origin
photo via screenrant

Echo ရဲ့ နာမည္အရင္းကေတာ့ Maya Lopez ျဖစ္ၿပီး ၁၉၉၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Daredevil #9 ေကာမစ္ထဲမွာ စတင္ပါဝင္ခဲ့ပါတယ္။ Maya ရဲ့ဖခင္ကေတာ့ Kingpin ရဲ့ လက္ေအာက္ငယ္သားတစ္ေယာက္ ျဖစ္ၿပီး Kingpin ရဲ့ အမိန႔္ေၾကာင့္ပဲ ေသဆုံးသြားခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ Kingpin ဟာ Maya ကို ေမြးစားခဲ့ၿပီး သူမဖခင္က ဘာေၾကာင့္ေသဆုံးခဲ့ရလည္းဆိုတာကို လၽွို႔ဝွက္ထားခဲ့ပါတယ္။

Maya ဟာ သူမရဲ့ အသိဉာဏ္၊ဗဟုသုတနဲ႔ တိုက္ခိုက္ေရးေတြကို တိုးတက္လာေအာင္ ေလ့က်င့္ခဲ့ၿပီး ေၾကာက္စရာေကာင္းေအာင္ ကၽြမ္းက်င္တဲ့ ကိုယ္ခံပညာရွင္တစ္ေယာက္ ျဖစ္လာပါတယ္။ ဒါတင္မကေသးဘဲ Taskmaster လိုပဲ သူမဟာ ဘယ္လိုလွုပ္ရွားမွုမ်ိဴးမဆို ၾကည့္လိုက္တာနဲ႔ တစ္ပုံစံတည္း ျပန္လည္အသုံးခ်နိုင္ပါတယ္။ ဒီအရည္အခ်င္းေၾကာင့္ပဲ သူမရဲ့နာမည္ဟာ Echo ဆိုၿပီး ျဖစ္လာတာ ျဖစ္ပါတယ္။

photo via screenrant

Kingpin ဟာ Maya ရဲ့ဖခင္ကို သတ္သြားတဲ့သူက Daredevil ပါလို႔ လွည့္စားထားတာေၾကာင့္ သူမဟာ Daredevil ရဲ့ ဗီလိန္ ျဖစ္လာခဲ့ပါတယ္။ Maya ဟာ တိုက္ခိုက္ေရးမွာ အလြန္ထူးခၽြန္သူတစ္ေယာက္ ျဖစ္သလို အရာရာကို အတုယူနိုင္တဲ့ Photographic Reflexes စြမ္းရည္လည္း အသုံးျပဳနိုင္တာေၾကာင့္ သူမဟာ Daredevil အတြက္ ရင္ဆိုင္ရခက္တဲ့ ရန္သူတစ္ေယာက္ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူမဖခင္ရဲ့ ေသဆုံးမွု အျဖစ္အပ်က္အမွန္ကို Maya သိသြားေအာင္ Daredevil က ျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ သူမဟာ Daredevil နဲ႔ မိတ္ေဆြေတြ ျဖစ္လာၿပီး Kingpin ကို တိုက္ခိုက္ခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ Echo ဆိုတဲ့ နာမည္ကို အသုံးမျပဳေတာ့ဘဲ Ronin ဆိုတဲ့ နာမည္ကို ေျပာင္းလဲအသုံးျပဳခဲ့ပါတယ္။ ေကာမစ္ထဲမွာေတာ့ Ronin ဆိုတဲ့ Identity ကို ဖန္တီးခဲ့သူက Maya ပဲ ျဖစ္ၿပီး ေနာက္ပိုင္းမွသာ Clint Barton က အဲ့ဒီနာမည္ကို ယူသုံးခဲ့တာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Maya ဟာ Avengers တစ္ေယာက္ေတာင္ ျဖစ္လာခဲ့ၿပီး Moon Knight နဲ႔ Wolverine တို႔လို ဟီးရိုးေတြနဲ႔အတူ ယွဥ္တြဲတိုက္ခိုက္ခဲ့ပါေသးတယ္။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular