HomeEntertainmentFilmMoon Knight ရဲ့ ချစ်သူအဖြစ် ပါဝင်လုနီးပါး ဖြစ်ခဲ့တဲ့ Echo

Moon Knight ရဲ့ ချစ်သူအဖြစ် ပါဝင်လုနီးပါး ဖြစ်ခဲ့တဲ့ Echo

Marvel စတူဒီယိုဟာ Echo ဇာတ်ကောင်ကို Hawkeye ဇာတ်လမ်းတွဲထဲမှာ ထည့်သွင်းဖို့ မဆုံးဖြတ်ခင်တုန်းက Moon Knight ဇာတ်လမ်းတွဲထဲမှာ Marc ရဲ့ ချစ်သူအဖြစ် စတင်မိတ်ဆက်ပေးဖို့ စီစဉ်ခဲ့သေးတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Moon Knight ဇာတ်လမ်းတွဲဟာ အဆုံးသတ်သွားပြီ ဖြစ်ပြီး ပရိသတ်တွေရဲ့ အကြိုက်ဆုံး MCU ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။

photo via screenrant

Echo နေရာမှာတော့ Alaqua Cox က ပါဝင်သရုပ်ဆောင်ထားပြီး Hawkeye ဇာတ်လမ်းတွဲထဲမှာ ဗီလိန်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမဟာ သူမရဲ့ဖခင်ကို သတ်သွားတဲ့ Ronin ကို လက်စားချေဖို့အတွက် စွဲလမ်းနေသူ ဖြစ်ပြီး သူမရဲ့ Origin ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲကိုလည်း မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Marvel ဟာ Echo ဇာတ်ကောင်အတွက် မူလက စီစဉ်ထားတဲ့ အစီအစဉ်ကိုတော့ Hawkeye ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းရေးသူ Jeremy Slater က အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။

“အဲဒီအချိန်တုန်းက Echo က Marc ရဲ့ ချစ်သူအဖြစ် ပါဝင်လာတော့မှာဗျ။ Marvel ကတော့ ဒီဇာတ်ကောင်ကို ကြိုက်နေတာဆိုတော့ သူမကို ထည့်သွင်းရမယ့် ဇာတ်လမ်းတွဲကို ရှာဖွေနေတာပေါ့။ ဒါပေမယ့်လည်း Echo က Moon knight ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းနဲ့ မဆိုင်ဘူး ဖြစ်နေတယ်လေ။ အဲဒါကြောင့် Marvel က သူမကို Hawkeye ဇာတ်လမ်းတွဲထဲမှာ ထည့်သွင်းလိုက်တာပါ …”

photo via screenrant

ကောမစ်ထဲမှာတော့ Marc နဲ့ Echo တို့ဟာ ဆက်သွယ်မှုတွေ ရှိကြတာကြောင့် Marvel ဟာ ယခုလိုမျိူး စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ Hawkeye ဇာတ်လမ်းတွဲထဲမှာ ပါဝင်ပြီးတဲ့ နောက်မှာတော့ ပရိသတ်တွေ ရရှိလာပြီး သူမရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွဲကလည်း ယခုအချိန်မှာ စတင်ရိုက်ကူးနေပြီလို့ သတင်းထွက်နေပါတယ်။ သူမရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွဲရဲ့ ထွက်ရှိလာမယ့် အချိန်အတိအကျကို မသိရသေးပေမယ့်လည်း ယခုအချိန်မှာ ရိုက်ကူးရေး စတင်နေပြီ ဆိုရင်တော့ ရှေ့နှစ်ထဲမှာ ကြည့်ရှုရနိုင်ချေ ရှိပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular