HomeCelebs Update NewsInternationalမကြာခင်မှာ ကလေးအဖေဖြစ်တော့မယ့် Ed Sheeran 

မကြာခင်မှာ ကလေးအဖေဖြစ်တော့မယ့် Ed Sheeran 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် Ed Sheeran နဲ့ ဇနီးသည် Cherry Seaborn တို့ဟာ သူတို့ရဲ့သားဦးရင်သွေးလေးကို မကြာခင်မှာ မွေးဖွားတော့မယ်လို့ သိရပါတယ်။

Ed Sheeran ဟာ ကျောင်းတုန်းက ငယ်ချစ်နဲ့ လက်ထပ်ပြီး ပျော်ရွှင်စရာဇာတ်သိမ်းကို ပိုင်ဆိုင်ထားရုံတင်မက အခုဆိုရင် နောက်မျိုးဆက်သစ်လေး ပိုင်ဆိုင်ပြီး ကလေးအဖေပါ ဖြစ်လာတော့မှာပါ။ သတင်းတွေရဲ့ ဖော်ပြချက်အရ Cherry Seaborn ဟာ ကွာရန်တင်းလုပ်နေတဲ့အချိန်မှာ တိတ်တဆိတ် ကိုယ်ဝန်ဆောင်နေခဲ့ရာက အခုဆိုရင်တော့ ကိုယ်ဝန်က နေ့စေ့လနေ့နီးပါး ဖြစ်နေပြီမို့ မကြာခင်ကာလမှာ မီးဖွားတော့မယ်လို့ သိရပါတယ်။

Photo: teddysphotos/ Instagram

Ed ဟာ Divide နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်ကို နှစ်နှစ်ကြာ လှည့်လည်ဖျော်ပြီးနောက် ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှာတော့ ခေတ္တအနားယူမယ်လို့ ကြေညာခဲ့ပါတယ်။ သီချင်းတွေ မလုပ်သေးဘဲ အနားယူနေတဲ့အချိန်နဲ့ ကိုဗစ်ကြောင့် ကွာရန်တင်းလုပ်ရတာနဲ့ တိုက်ဆိုင်သွားတဲ့အခါမှာတော့ မျိုးဆက်သစ်လေးတစ်ယောက်ကို ကြိုဆိုဖို့ ဇနီးမောင်နှံနှစ်ယောက်သား သဘောတူလိုက်ကြပုံ ရပါတယ်။

နှစ်ဦးသားဟာ ကိုဗစ်စဖြစ်တည်းက နေအိမ်မှာပဲ ကွာရန်တင်းနေခဲ့ကြတာကြောင့် ကိုယ်ဝန်ရှိနေတဲ့သတင်းကို အများမသိအောင် တိတ်တိတ်လေး ဖုံးထားနိုင်မယ်ဆိုတာ အံ့ဩစရာတော့ မရှိပါဘူး။ ဒီအကြောင်းကိုတော့ The Sun သတင်းစာက စတင်ဖော်ပြခဲ့တာကြောင့် သိခဲ့ကြရတာ ဖြစ်ပါတယ်။ ဆည်းလည်းလေးတစ်ယောက် မိသားစုထဲမှာ ထပ်တိုးလာတော့မှာ ဖြစ်တဲ့အတွက် ကာယကံရှင် ဇနီးမောင်နှံနှစ်ယောက်သာ မဟုတ်ဘဲ နှစ်ဖက်မိသားစုတွေကပါ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။

Photo: teddysphotos/ Instagram

Ed နဲ့ Cherry တို့ဟာ အသက်(၁၁)နှစ်အရွယ်တည်းက စတင်သိကျွမ်း ခင်မင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အဲ့ဒီ့နောက် အထက်တန်းကျောင်း တက်တဲ့အချိန်မှာလည်း အနီးစပ်ဆုံး၊ အရင်းနှီးဆုံး သူငယ်ချင်းတွေအဖြစ် ရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာ ဝေးကွာသွားခဲ့ကြပြီး Ed တစ်ယောက် ကမ္ဘာကျော်အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်ပြီး ၂၀၁၅ခုနှစ်မှာမှ ပြန်လည်ဆုံဆည်းခဲ့ကြတာပါ။

Ed နဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ Taylor Swift ကလည်း သူမရဲ့ Rhode Island က နေအိမ်မှာ Ed တို့ချစ်သူဖြစ်တဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်ကို ကျင်းပပေးခဲ့ပါသေးတယ်။ ဒီလိုနဲ့ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာတော့ နှစ်ဦးသား တိတ်တိတ်လေး စေ့စပ်ထားပြီးတဲ့အကြောင်းကို IG ပို့စ်တစ်ခုနဲ့ ကြေညာခဲ့ပါတယ်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာတော့ Suffolk က နေအိမ်မှာ ဘယ်မီဒီယာကိုမှ အသိမပေးဘဲ မိသားစုတွေချည်းပဲ ဖိတ်ကြားကာ တိတ်တိတ်လေး လက်ထပ်ခဲ့ကြပါတယ်။

Photo: teddysphotos/ Instagram

Ed နဲ့ Cherry တို့ရဲ့ ပျော်စရာမိသားစုဘဝလေးကလည်း မကြာခင်မှာ ပိုပြီးအသက်ဝင်လာတော့မှာဖြစ်ပြီး အများစုကတော့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ Taylor Swift ဟာ ကလေးရဲ့ ခေါင်းကိုင်မိခင် ဖြစ်လာလောက်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Ed Sheeran နဲ႔ ဇနီးသည္ Cherry Seaborn တို႔ဟာ သူတို႔ရဲ႕သားဦးရင္ေသြးေလးကို မၾကာခင္မွာ ေမြးဖြားေတာ့မယ္လို႔ သိရပါတယ္။

Ed Sheeran ဟာ ေက်ာင္းတုန္းက ငယ္ခ်စ္နဲ႔ လက္ထပ္ၿပီး ေပ်ာ္႐ႊင္စရာဇာတ္သိမ္းကို ပိုင္ဆိုင္ထား႐ုံတင္မက အခုဆိုရင္ ေနာက္မ်ိဳးဆက္သစ္ေလး ပိုင္ဆိုင္ၿပီး ကေလးအေဖပါ ျဖစ္လာေတာ့မွာပါ။ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ Cherry Seaborn ဟာ ကြာရန္တင္းလုပ္ေနတဲ့အခ်ိန္မွာ တိတ္တဆိတ္ ကိုယ္ဝန္ေဆာင္ေနခဲ့ရာက အခုဆိုရင္ေတာ့ ကိုယ္ဝန္က ေန႔ေစ့လေန႔နီးပါး ျဖစ္ေနၿပီမို႔ မၾကာခင္ကာလမွာ မီးဖြားေတာ့မယ္လို႔ သိရပါတယ္။

Photo: teddysphotos/ Instagram

Ed ဟာ Divide နယ္လွည့္ေဖ်ာ္ေျဖေရးခရီးစဥ္ကို ႏွစ္ႏွစ္ၾကာ လွည့္လည္ေဖ်ာ္ၿပီးေနာက္ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ ေခတၱအနားယူမယ္လို႔ ေၾကညာခဲ့ပါတယ္။ သီခ်င္းေတြ မလုပ္ေသးဘဲ အနားယူေနတဲ့အခ်ိန္နဲ႔ ကိုဗစ္ေၾကာင့္ ကြာရန္တင္းလုပ္ရတာနဲ႔ တိုက္ဆိုင္သြားတဲ့အခါမွာေတာ့ မ်ိဳးဆက္သစ္ေလးတစ္ေယာက္ကို ႀကိဳဆိုဖို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္သား သေဘာတူလိုက္ၾကပုံ ရပါတယ္။

ႏွစ္ဦးသားဟာ ကိုဗစ္စျဖစ္တည္းက ေနအိမ္မွာပဲ ကြာရန္တင္းေနခဲ့ၾကတာေၾကာင့္ ကိုယ္ဝန္ရွိေနတဲ့သတင္းကို အမ်ားမသိေအာင္ တိတ္တိတ္ေလး ဖုံးထားႏိုင္မယ္ဆိုတာ အံ့ဩစရာေတာ့ မရွိပါဘူး။ ဒီအေၾကာင္းကိုေတာ့ The Sun သတင္းစာက စတင္ေဖာ္ျပခဲ့တာေၾကာင့္ သိခဲ့ၾကရတာ ျဖစ္ပါတယ္။ ဆည္းလည္းေလးတစ္ေယာက္ မိသားစုထဲမွာ ထပ္တိုးလာေတာ့မွာ ျဖစ္တဲ့အတြက္ ကာယကံရွင္ ဇနီးေမာင္ႏွံႏွစ္ေယာက္သာ မဟုတ္ဘဲ ႏွစ္ဖက္မိသားစုေတြကပါ စိတ္လႈပ္ရွားၿပီး ေပ်ာ္႐ႊင္ေနၾကတယ္လို႔ ဆိုပါတယ္။

Photo: teddysphotos/ Instagram

Ed နဲ႔ Cherry တို႔ဟာ အသက္(၁၁)ႏွစ္အ႐ြယ္တည္းက စတင္သိကြၽမ္း ခင္မင္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ အထက္တန္းေက်ာင္း တက္တဲ့အခ်ိန္မွာလည္း အနီးစပ္ဆုံး၊ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြအျဖစ္ ရွိခဲ့ၾကသူေတြ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္မွာ ေဝးကြာသြားခဲ့ၾကၿပီး Ed တစ္ေယာက္ ကမာၻေက်ာ္အဆိုေတာ္တစ္ေယာက္အျဖစ္ ေအာင္ျမင္ၿပီး ၂၀၁၅ခုႏွစ္မွာမွ ျပန္လည္ဆုံဆည္းခဲ့ၾကတာပါ။

Ed နဲ႔ သူငယ္ခ်င္းေကာင္းျဖစ္တဲ့ Taylor Swift ကလည္း သူမရဲ႕ Rhode Island က ေနအိမ္မွာ Ed တို႔ခ်စ္သူျဖစ္တဲ့ တစ္ႏွစ္ျပည့္အထိမ္းအမွတ္ကို က်င္းပေပးခဲ့ပါေသးတယ္။ ဒီလိုနဲ႔ ၂၀၁၈ခုႏွစ္ ဇန္နဝါရီလမွာေတာ့ ႏွစ္ဦးသား တိတ္တိတ္ေလး ေစ့စပ္ထားၿပီးတဲ့အေၾကာင္းကို IG ပို႔စ္တစ္ခုနဲ႔ ေၾကညာခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ Suffolk က ေနအိမ္မွာ ဘယ္မီဒီယာကိုမွ အသိမေပးဘဲ မိသားစုေတြခ်ည္းပဲ ဖိတ္ၾကားကာ တိတ္တိတ္ေလး လက္ထပ္ခဲ့ၾကပါတယ္။

Photo: teddysphotos/ Instagram

Ed နဲ႔ Cherry တို႔ရဲ႕ ေပ်ာ္စရာမိသားစုဘဝေလးကလည္း မၾကာခင္မွာ ပိုၿပီးအသက္ဝင္လာေတာ့မွာျဖစ္ၿပီး အမ်ားစုကေတာ့ သူငယ္ခ်င္းအရင္းႀကီးျဖစ္တဲ့ Taylor Swift ဟာ ကေလးရဲ႕ ေခါင္းကိုင္မိခင္ ျဖစ္လာေလာက္တယ္လို႔ ထင္ေၾကးေပးေနၾကပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular