HomeCelebs Update NewsInternationalအသက် (၉၁) မှာ ကွယ်လွန်သွားတဲ့ Up Animation ထဲက အသံသရုပ်ဆောင် Ed Asner

အသက် (၉၁) မှာ ကွယ်လွန်သွားတဲ့ Up Animation ထဲက အသံသရုပ်ဆောင် Ed Asner

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ခေတ်ဟောင်း သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Ed Asner ကတော့ အသက် (၉၁) နှစ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ Ed Asner ဟာ Mary Tyler Moore Show ၊ Lou Grant တို့လို နာမည်ကြီး ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး Pixar ကထုတ်လုပ်ခဲ့တဲ့ Up Animation ထဲမှာလည်း အဖိုးကြီး Carl နေရာက အသံသရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Spider-Man: The Animated Series ထဲမှာလည်း J. Jonah Jameson နေရာမှာ အသံသရုပ်ဆောင်ခဲ့ပါသေးတယ်။

photo via screenrant

Ed Asner ကတော့ ၁၉၂၉ ခုနှစ် Kansas မြို့မှာ မွေးဖွားခဲ့ပြီး Chicago တက္ကသိုလ်မှာ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အမေရိကန်စစ်တပ်ရဲ့ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ Signal Corps ထဲကို ဝင်ရောက်ခဲ့ပါတယ်။ စစ်တပ်ထဲက ထွက်လာပြီးကျမှသာ သရုပ်ဆောင်ဘဝကို စတင်ခဲ့တာ ဖြစ်ပြီး သူဟာ Emmy ဆုပေါင်း (၇) ဆုကို ရရှိခဲ့သလို (၁၇) ကြိမ်တောင် စံကာတင်စာရင်းဝင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။

Variety ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Ed Asner ဟာ မနေ့တုန်းက ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ သူ့နဲ့အလုပ်တွဲလုပ်ခဲ့ဖူးသူတွေသာ မကဘဲ ခေတ်သစ်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေရဲ့ နှမြောတသ ဝမ်းနည်းကြောင်းတွေကို Twitter စာမျက်နှာပေါ်မှာ မြင်တွေ့နိုင်ပါတယ်။

photo via screenrant

Ed Asner ဟာ အရင်တုန်းက ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေမှာတင် ပါဝင်ခဲ့ဖူးတာ မဟုတ်ဘဲ Up နဲ့ Elf တို့လို ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ထွက်ရှိလာတဲ့ Animation တွေမှာ ပါဝင်အသံသရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ခရစ်စမတ်ဇာတ်လမ်းတွေထဲမှာလည်း Ed Asner ဟာ Santa Claus အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

ေခတ္ေဟာင္း သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Ed Asner ကေတာ့ အသက္ (၉၁) ႏွစ္မွာ ကြယ္လြန္သြားၿပီလို႔ သိရပါတယ္။ Ed Asner ဟာ Mary Tyler Moore Show ၊ Lou Grant တို႔လို နာမည္ႀကီး ဇာတ္လမ္းေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးၿပီး Pixar ကထုတ္လုပ္ခဲ့တဲ့ Up Animation ထဲမွာလည္း အဖိုးႀကီး Carl ေနရာက အသံသ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Spider-Man: The Animated Series ထဲမွာလည္း J. Jonah Jameson ေနရာမွာ အသံသ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။

photo via screenrant

Ed Asner ကေတာ့ ၁၉၂၉ ခုႏွစ္ Kansas ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး Chicago တကၠသိုလ္မွာ တက္ေရာက္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အေမရိကန္စစ္တပ္ရဲ႕ ဆက္သြယ္ေရးနဲ႔ ပတ္သက္တဲ့ Signal Corps ထဲကို ဝင္ေရာက္ခဲ့ပါတယ္။ စစ္တပ္ထဲက ထြက္လာၿပီးက်မွသာ သ႐ုပ္ေဆာင္ဘဝကို စတင္ခဲ့တာ ျဖစ္ၿပီး သူဟာ Emmy ဆုေပါင္း (၇) ဆုကို ရရွိခဲ့သလို (၁၇) ႀကိမ္ေတာင္ စံကာတင္စာရင္းဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။

Variety ရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Ed Asner ဟာ မေန႔တုန္းက ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ သူ႔နဲ႔အလုပ္တြဲလုပ္ခဲ့ဖူးသူေတြသာ မကဘဲ ေခတ္သစ္သ႐ုပ္ေဆာင္ေတြနဲ႔ ႐ုပ္ရွင္ဖန္တီးသူေတြရဲ႕ ႏွေျမာတသ ဝမ္းနည္းေၾကာင္းေတြကို Twitter စာမ်က္ႏွာေပၚမွာ ျမင္ေတြ႕ႏိုင္ပါတယ္။

photo via screenrant

Ed Asner ဟာ အရင္တုန္းက ႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြမွာတင္ ပါဝင္ခဲ့ဖူးတာ မဟုတ္ဘဲ Up နဲ႔ Elf တို႔လို ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းမွ ထြက္ရွိလာတဲ့ Animation ေတြမွာ ပါဝင္အသံသ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ ခရစ္စမတ္ဇာတ္လမ္းေတြထဲမွာလည္း Ed Asner ဟာ Santa Claus အျဖစ္ ပါဝင္ခဲ့ပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular