HomeCelebs Update NewsInternationalကမ္ဘာကျော် ဂန္ထဝင်ဂစ်တာသမားကြီး Eddie Van Halen အသက်(၆၅)နှစ်မှာ ကွယ်လွန်

ကမ္ဘာကျော် ဂန္ထဝင်ဂစ်တာသမားကြီး Eddie Van Halen အသက်(၆၅)နှစ်မှာ ကွယ်လွန်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကမ္ဘာ့အကောင်းဆုံး ဂစ်တာသမားတစ်ယောက်ဖြစ်ပြီး နာမည်ကျော် Van Halen ရော့ခ်တီးဝိုင်းရဲ့ တည်ထောင်သူဖြစ်တဲ့ Eddie Van Hanlen ဟာ အသက်(၆၅)နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ Eddie ဟာ အနှစ်(၂၀)ကျော်ကြာ ခံစားလာရတဲ့ လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။ ကွယ်လွန်ချိန်ကတော့ အောက်တိုဘာလ(၆)ရက် အင်္ဂါနေ့က ဖြစ်ပြီး ဆန်တာမိုနီကာမြို့က စိန့်ဂျွန်းဆေးရုံမှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။

Photo: eddievanhalen/ Instagram

ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ Janie ၊ သားဖြစ်သူ Wolfgang Van Halen ၊ အစ်ကိုဖြစ်သူ (Van Halen က ဒရမ်သမား) Alex Van Halen တို့က Eddie ရဲ့အနားမှာ ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးအကြောင်းကိုတော့ သားဖြစ်သူ Wolfgang Van Halen က သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားကာ အသိပေးခဲ့ပါတယ်။

“အခု ဒီစာကို ရေးနေရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ပေမယ့် ကျွန်တော့်ရဲ့အဖေ Edward Lodqik Van Halen ဟာ ကာလကြာရှည်စွာ တပင်တပန်း တိုက်ခိုက်လာခဲ့ရတဲ့ သူ့ရဲ့လည်ချောင်းကင်ဆာနဲ့ တိုက်ပွဲမှာ ဒီနေ့မနက်ပဲ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဖေဟာ ကျွန်တော့်အတွက် အကောင်းဆုံး ဖခင်တစ်ယောက် ဖြစ်ခဲ့သူပါ။ စင်ပေါ်မှာရော၊ စင်နောက်ကွယ်မှာရော အဖေနဲ့အတူ ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေအားလုံးဟာ လက်ဆောင်တစ်ခုပါ။ ကျွန်တော့်နှလုံးသားတွေ ကွဲကြေခံစားနေရပါတယ်။ ဒီဆုံးရှုံးမှုကို ကျွန်တော်ဘယ်တော့မှ ဖြေသိမ့်နိုင်မယ် မထင်တော့ပါဘူး။ အရမ်းချစ်ပါတယ် အဖေ … ” ဆိုပြီး သားဖြစ်သူ Wolfgang Van Halen က တွစ်တာမှာ ရေးသားထားပါတယ်။

Photo: eddievanhalen/ Instagram

Eddie Van Halen ဟာ နယ်သာလန်နိုင်ငံ၊ အမ်စတာဒန်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ဂီတမှာ ပါရမီထူးသူဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ဂစ်တာသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သလို ရော့ခ်တီးဝိုင်းပေါင်းများစွာ၊ အဆိုတော်ပေါင်းများစွာတို့ရဲ့ စံနမူနာထား၊ အတုယူရသူလည်း ဖြစ်ပါတယ်။

Eddie တစ်ယောက် ကောင်းမွန်ရာ ဘုံဘဝမှာ ငြိမ်းအေးစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

ကမာၻ႔အေကာင္းဆုံး ဂစ္တာသမားတစ္ေယာက္ျဖစ္ၿပီး နာမည္ေက်ာ္ Van Halen ေရာ့ခ္တီးဝိုင္းရဲ႕ တည္ေထာင္သူျဖစ္တဲ့ Eddie Van Hanlen ဟာ အသက္(၆၅)ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားၿပီလို႔ သိရပါတယ္။

TMZ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Eddie ဟာ အႏွစ္(၂၀)ေက်ာ္ၾကာ ခံစားလာရတဲ့ လည္ေခ်ာင္းကင္ဆာနဲ႔ ကြယ္လြန္သြားခဲ့တာလို႔ သိရပါတယ္။ ကြယ္လြန္ခ်ိန္ကေတာ့ ေအာက္တိုဘာလ(၆)ရက္ အဂၤါေန႔က ျဖစ္ၿပီး ဆန္တာမိုနီကာၿမိဳ႕က စိန႔္ဂြၽန္းေဆး႐ုံမွာ ကြယ္လြန္သြားခဲ့တာလို႔ သိရပါတယ္။

Photo: eddievanhalen/ Instagram

ကြယ္လြန္ခ်ိန္မွာ ဇနီးျဖစ္သူ Janie ၊ သားျဖစ္သူ Wolfgang Van Halen ၊ အစ္ကိုျဖစ္သူ (Van Halen က ဒရမ္သမား) Alex Van Halen တို႔က Eddie ရဲ႕အနားမွာ ရွိေနခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ဖခင္ျဖစ္သူရဲ႕ ေနာက္ဆုံးခရီးအေၾကာင္းကိုေတာ့ သားျဖစ္သူ Wolfgang Van Halen က သူ႔ရဲ႕တြစ္တာစာမ်က္ႏွာမွာ ေရးသားကာ အသိေပးခဲ့ပါတယ္။

“အခု ဒီစာကို ေရးေနရတယ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္ မယုံၾကည္ႏိုင္ေပမယ့္ ကြၽန္ေတာ့္ရဲ႕အေဖ Edward Lodqik Van Halen ဟာ ကာလၾကာရွည္စြာ တပင္တပန္း တိုက္ခိုက္လာခဲ့ရတဲ့ သူ႔ရဲ႕လည္ေခ်ာင္းကင္ဆာနဲ႔ တိုက္ပြဲမွာ ဒီေန႔မနက္ပဲ ရႈံးနိမ့္သြားခဲ့ၿပီ ျဖစ္ပါတယ္။ အေဖဟာ ကြၽန္ေတာ့္အတြက္ အေကာင္းဆုံး ဖခင္တစ္ေယာက္ ျဖစ္ခဲ့သူပါ။ စင္ေပၚမွာေရာ၊ စင္ေနာက္ကြယ္မွာေရာ အေဖနဲ႔အတူ ကုန္ဆုံးခဲ့ရတဲ့ အခ်ိန္ေတြအားလုံးဟာ လက္ေဆာင္တစ္ခုပါ။ ကြၽန္ေတာ့္ႏွလုံးသားေတြ ကြဲေၾကခံစားေနရပါတယ္။ ဒီဆုံးရႈံးမႈကို ကြၽန္ေတာ္ဘယ္ေတာ့မွ ေျဖသိမ့္ႏိုင္မယ္ မထင္ေတာ့ပါဘူး။ အရမ္းခ်စ္ပါတယ္ အေဖ … ” ဆိုၿပီး သားျဖစ္သူ Wolfgang Van Halen က တြစ္တာမွာ ေရးသားထားပါတယ္။

Photo: eddievanhalen/ Instagram

Eddie Van Halen ဟာ နယ္သာလန္ႏိုင္ငံ၊ အမ္စတာဒန္ၿမိဳ႕မွာ ေမြးဖြားခဲ့သူျဖစ္ၿပီး ဂီတမွာ ပါရမီထူးသူျဖစ္ကာ ကမာၻ႔အေကာင္းဆုံး ဂစ္တာသမားတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရသူျဖစ္သလို ေရာ့ခ္တီးဝိုင္းေပါင္းမ်ားစြာ၊ အဆိုေတာ္ေပါင္းမ်ားစြာတို႔ရဲ႕ စံနမူနာထား၊ အတုယူရသူလည္း ျဖစ္ပါတယ္။ Eddie တစ္ေယာက္ ေကာင္းမြန္ရာ ဘုံဘဝမွာ ၿငိမ္းေအးစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular