HomeBiographyအသက်ငါးဆယ်ကျော်ပေမယ့် ဘီကီနီမော်ဒယ်လ်တစ်ယောက်ရဲ့အလှနဲ့ Elizabeth Hurley

အသက်ငါးဆယ်ကျော်ပေမယ့် ဘီကီနီမော်ဒယ်လ်တစ်ယောက်ရဲ့အလှနဲ့ Elizabeth Hurley

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။









Xei

(Unicode Version)

Elizabeth Hurley ဟာ Liz Hurley ဆိုတဲ့နာမည်နဲ့ ပိုပြီးလူသိများတဲ့ မိန်းမလှတစ်ဦးဖြစ်ပြီး သရုပ်ဆောင်၊ မော်ဒယ်လ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွယ်တည်းက Estée Lauder နဲ့ လက်တွဲလုပ်ကိုင်တဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်မှာတော့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဘီကီနီတွေကို ထုတ်လုပ်ရောင်းချနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။

https://www.instagram.com/p/B0Qy69YlGe3/

၁၉၆၅ခုနှစ် ဇွန်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် အသက်အရွယ်အရ (၅၄)နှစ်ရှိပြီဖြစ်ပေမယ့် မိန်းမပျိုလေးတွေ ရှုံးရအောင် လှပနေဆဲဖြစ်ပါတယ်။ Elizabeth Hurley Beach လို့ အမည်ရတဲ့ ကိုယ်ပိုင်နာမည်နဲ့ Swimwear တွေကို ထုတ်လုပ်ရောင်းချနေသူဖြစ်ပြီး သူမရဲ့ အသက်အရွယ်နဲ့ မမျှတဲ့ နုနယ်ပျိုမျစ်မှုနဲ့ တောင့်တင်းကျစ်လျစ်တဲ့ ခန္ဓာကိုယ်အလှကြောင့်လည်း နာမည်ကျော်ပါတယ်။

https://www.instagram.com/p/BwaIksfg8OF/

သူမရဲ့ကိုယ်ပိုင် brand ကို Instagram မှာ ကိုယ်တိုင်ဝတ်ပြီး ကြော်ငြာတတ်တဲ့ သူမရဲ့အလှဟာ မိန်းမောစရာလည်း ကောင်းလှတာကြောင့် Follower တစ်သန်းကျော် ပိုင်ဆိုင်ထားတာဟာ အံ့သြစရာတော့ မရှိပါဘူး။ သူမမှာ (၁၇)နှစ်အရွယ် Damian Hurley ဆိုတဲ့ သားတစ်ယောက်လည်းရှိပြီး မကြာခင်မှာပဲ အမေ့ခြေရာကို လိုက်နင်းတော့မယ့် မော်ဒယ်လ်ပေါက်စလေးလို့ ခန့်မှန်းရပါတယ်။

https://www.instagram.com/p/BxZ-HjUAjh_/

https://www.instagram.com/p/BorCrGaBjqi/

သူမရဲ့ Swimwear အမိုက်စားတွေနဲ့ လိုက်ဖက်လွန်းလှတဲ့ အလှတရားတွေကိုကြည့်ရင်း ဘာဆေးတွေ စားလို့များ ဒီလောက်လှပပြီး ဆွဲဆောင်မှုရှိနေရတာလည်းဆိုတာကတော့ တကယ်ကြီး စဉ်းစားစရာပါပဲလို့ တင်ပြရင်း …။

Xei

RELATED ARTICLES

Most Popular