HomeCelebs Update NewsInternationalလုပ်ငန်းခွင်ဖိနှိပ်မှုကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ခဲ့သမျှကို တာဝန်ယူပါတယ်ဆိုတဲ့ Ellen

လုပ်ငန်းခွင်ဖိနှိပ်မှုကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ခဲ့သမျှကို တာဝန်ယူပါတယ်ဆိုတဲ့ Ellen

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် အမေရိကန် အစီအစဉ်တင်ဆက်သူဖြစ်တဲ့ Ellen DeGeneres ဟာ လုပ်ငန်းခွင်ဖိနှိပ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲခံရမှုတွေကြားကပဲ သူမရဲ့ season (၁၈)ခုမြောက် The Ellen DeGeneres Show ကို တနင်္လာနေ့မှာ ပြန်လည်စတင်လိုက်ပါတယ်။ Ellen ဟာ အစောပိုင်းက သူမ ကတိပြုထားတဲ့အတိုင်းပဲ season 18 ရဲ့ ပထမဦးဆုံးအပိုင်းမှာ စွပ်စွဲခံထားရမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်တွေ ပြုလုပ်ခဲ့ပါတယ်။

ရှိုးရဲ့ ပထမဆုံးအပိုင်းကိုတော့ Ellen ဟာ ထုံးစံအတိုင်း ဟာသတစ်ခုနဲ့ စတင်ခဲ့ပြီး အဲ့ဒီ့နောက်မှာတော့ လုပ်ငန်းခွင်အဆိပ်သင့်မှုကြောင့် ခံစားထိခိုက်ခဲ့ရသူအားလုံးကို တောင်းပန်ထားပါတယ်။

Photo: theellenshow/ Instagram

“ပရိသတ်တွေအားလုံး နွေရာသီကို ဘယ်လိုဖြတ်သန်းခဲ့ကြပါသလဲ။ ကျွန်မရဲ့နွေရာသီကတော့ ကောင်းမွန်ခဲ့ပါတယ်။ ကျွန်မ ရှင်တို့အားလုံးကို တိုက်ရိုက်ပြောပြဖို့အတွက် စောင့်နေခဲ့တာပါ။ ရှင်တို့အားလုံးလည်း ကြားပြီးသား ဖြစ်လိမ့်မယ် ထင်ပါတယ်။ ကျွန်မတို့ရှိုးမှာ လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး ဖိနှိပ်ခံရမှုတွေ ရှိတယ်ဆိုပြီး ပြောထားတာတွေ ရှိပါတယ်။ ပြီးတော့ အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်… ”

“ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတွေမှန်း ကျွန်မ သိလိုက်ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မ တကယ် အလေးအနက်ထားပါတယ်။ ပြီးတော့ ဒီလိုထိခိုက်ခံစားခဲ့ရသူအားလုံးကိုလည်း တကယ် စိတ်မကောင်းတဲ့အကြောင်း တောင်းပန်ချင်ပါတယ်။ ကျွန်မအနေနဲ့ လုပ်ပိုင်ခွင့်တွေရော၊ ဂုဏ်သတင်းအရရော ကြီးလေးတဲ့ နေရာမှာ ရှိနေပြီး အဲ့ဒီ့အလျောက် တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ရှိရမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ကျွန်မရဲ့ရှိုးမှာ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ကျွန်မ တာဝန်ယူ၊ တာဝန်ခံပါတယ်… ” လို့ Ellen က သူမရဲ့ရှိုးကနေတစ်ဆင့် အားလုံးသိအောင် ဖွင့်ပြောပြီး ထိခိုက်ခဲ့သူတွေကို တောင်းပန်လိုက်ပါတယ်။

Photo: theellenshow/ Instagram

ဒါ့အပြင် Ellen ဟာ သူမရဲ့အဖွဲ့သားတွေနဲ့အတူ လုပ်ငန်းခွင်မှာ ပြောင်းလဲမှုအသစ်တွေ ပြုလုပ်၊ ပြင်ဆင်ထားပြီး အခုနောက်ဆုံး ထွက်ရှိလာမယ့် season မှာ အသစ်တစ်ဖန် ပြန်လည်စတင်မယ့်အကြောင်းကိုလည်း ကတိပြုထားပါတယ်။ သူမ ကိုယ်တိုင်ကလည်း မပြည့်စုံတဲ့အတွက် သူမရဲ့ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောင်းလဲမှုတွေ ပြုလုပ်နေပါတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အရာ လိုအပ်တာမှန်သမျှကို ပြောင်းလဲမှုတွေ လုပ်ထားပါတယ်။ ပြီးတော့ ဒီနေ့ကနေစပြီး ကဏ္ဍသစ်ကို စတင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မဟာ သနားကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ လူသိများလာခဲ့သူတစ်ယောက်ဖြစ်ပြီး သတင်းတွေ၊ မီဒီယာတွေမှာ ကျွန်မဟာ ရှိုးမှာ တွေ့မြင်ရတဲ့ပုံစံနဲ့ တကယ့်လက်တွေ့မှာ ထပ်တူမကျဘူးလို့ ဖော်ပြကြတာတွေလည်း ရှိပါတယ်။ အဲ့လို သနားကြင်နာတတ်သူလို့ လူသိများတယ်ဆိုတဲ့ ကိစ္စဟာလည်း တကယ်တော့ လှည့်ဖြားခံရဖို့လွယ်တဲ့ နေရာတစ်ခုပါပဲ …”

Photo: theellenshow/ Instagram

“အမှန်တော့ ကျွန်မဟာ တီဗွီဖန်သားပြင်ပေါ်မှာ ရှင်တို့မြင်နေရတဲ့လူနဲ့ တစ်ယောက်တည်းပါပဲ။ ဒါပေမယ့် ကျွန်မမှာလည်း တစ်ခြားအရာတွေအများကြီး ရှိသေးတာပေါ့။ တစ်ခါတစ်လေဆို ကျွန်မ ဝမ်းနည်းတယ်။ ဒေါသထွက်တယ်။ စိတ်တိုတယ်။ စိတ်ရှုပ်ထွေးတယ်။ စိတ်မရှည်တာတွေလည်း ရှိတယ်။ ပြီးတော့ အဲ့ဒါတွေအားလုံးကို ကျွန်မအဆင်ပြေဆုံးဖြစ်အောင် ကြိုးစားနေတယ်။ ကြိုးစားနေဆဲကာလလည်း ဖြစ်ပါတယ် …”

“ရုပ်ရှင်တွေထဲမှာဆို တကယ့် မိန်းမတစ်ယောက်လို သရုပ်ဆောင်ဖူးတဲ့သူအနေနဲ့ ကျွန်မက သရုပ်ဆောင်ကောင်းတဲ့သူ တစ်ယောက်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ကျွန်မက ဒီအရှေ့ကို ထွက်လာပြီး (၁၇)နှစ်လောက် ရှင်တို့အားလုံးကို အရူးလုပ်ထားနိုင်ရလောက်အောင် တော်တယ်လို့တော့ ကျွန်မကိုယ်ကျွန်မ မထင်ဘူး။ ကျွန်မက လူ(၂၇၀)လောက်ရဲ့ သူဌေးတစ်ယောက်ပါ။ အဲ့ဒီ့လူ(၂၇၀)လောက်စာ ဒီရှိုးကြီးကို ဒီလိုဖြစ်နေအောင် ကူညီပေးထားကြတာပါ။ ကျွန်မ လိုချင်တာက သူတို့တွေအကုန်လုံး ဒီမှာအလုပ်လုပ်ရတာ ပျော်ရွှင်နေပြီး ဒီမှာအလုပ်လုပ်ရလို့ ဂုဏ်ယူနိုင်စေချင်တာပါ …” လို့ Ellen က ဆိုထားပါတယ်။

Photo: theellenshow/ Instagram

Ellen ရှင်းပြနေရတဲ့ လုပ်ငန်းခွင်ဖိနှိပ်မှုဆိုတဲ့ ကိစ္စက‌တော့ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက သူမရှိုးမှာ လက်ရှိအလုပ်လုပ်နေဆဲ ဝန်ထမ်းတွေနဲ့ ယခင်က လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတွေက စုပေါင်းပြီး လုပ်ငန်းခွင်မှာ လူမျိုးရေးခွဲခြားဆက်ဆံခံရတာ၊ ကြီးနိုင်ငယ်ညှင်းလုပ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ စတဲ့ကိစ္စတွေကို တိုင်ကြားထားလို့ ဖြစ်ပါတယ်။ တချို့အမည်မဖော်လိုတဲ့ ဝန်ထမ်းဟောင်းတွေရဲ့ တိုင်ကြားချက်မှာဆိုရင် နေမကောင်းလို့ ဆေးခွင့်တင်တာတောင် အလုပ်က အထုတ်ခံရတယ်ဆိုတာတွေလည်း ပါဝင်ပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

နာမည္ေက်ာ္ အေမရိကန္ အစီအစဥ္တင္ဆက္သူျဖစ္တဲ့ Ellen DeGeneres ဟာ လုပ္ငန္းခြင္ဖိႏွိပ္မႈေတြ ရွိတယ္ဆိုတဲ့ စြပ္စြဲခံရမႈေတြၾကားကပဲ သူမရဲ႕ season (၁၈)ခုေျမာက္ The Ellen DeGeneres Show ကို တနလၤာေန႔မွာ ျပန္လည္စတင္လိုက္ပါတယ္။ Ellen ဟာ အေစာပိုင္းက သူမ ကတိျပဳထားတဲ့အတိုင္းပဲ season 18 ရဲ႕ ပထမဦးဆုံးအပိုင္းမွာ စြပ္စြဲခံထားရမႈနဲ႔ ပတ္သက္ၿပီး ေျဖရွင္းခ်က္ေတြ ျပဳလုပ္ခဲ့ပါတယ္။

ရႈိးရဲ႕ ပထမဆုံးအပိုင္းကိုေတာ့ Ellen ဟာ ထုံးစံအတိုင္း ဟာသတစ္ခုနဲ႔ စတင္ခဲ့ၿပီး အဲ့ဒီ့ေနာက္မွာေတာ့ လုပ္ငန္းခြင္အဆိပ္သင့္မႈေၾကာင့္ ခံစားထိခိုက္ခဲ့ရသူအားလုံးကို ေတာင္းပန္ထားပါတယ္။

Photo: theellenshow/ Instagram

“ပရိသတ္ေတြအားလုံး ေႏြရာသီကို ဘယ္လိုျဖတ္သန္းခဲ့ၾကပါသလဲ။ ကြၽန္မရဲ႕ေႏြရာသီကေတာ့ ေကာင္းမြန္ခဲ့ပါတယ္။ ကြၽန္မ ရွင္တို႔အားလုံးကို တိုက္႐ိုက္ေျပာျပဖို႔အတြက္ ေစာင့္ေနခဲ့တာပါ။ ရွင္တို႔အားလုံးလည္း ၾကားၿပီးသား ျဖစ္လိမ့္မယ္ ထင္ပါတယ္။ ကြၽန္မတို႔ရႈိးမွာ လုပ္ငန္းခြင္နဲ႔ ပတ္သက္ၿပီး ဖိႏွိပ္ခံရမႈေတြ ရွိတယ္ဆိုၿပီး ေျပာထားတာေတြ ရွိပါတယ္။ ၿပီးေတာ့ အဲ့ဒီ့ကိစၥနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြလည္း ျပဳလုပ္ခဲ့ပါတယ္… ”

“ဒီမွာ ျဖစ္ပ်က္ခဲ့တဲ့ကိစၥေတြဟာ လုံးဝမျဖစ္သင့္တဲ့ ကိစၥေတြမွန္း ကြၽန္မ သိလိုက္ရပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့လည္း ကြၽန္မ တကယ္ အေလးအနက္ထားပါတယ္။ ၿပီးေတာ့ ဒီလိုထိခိုက္ခံစားခဲ့ရသူအားလုံးကိုလည္း တကယ္ စိတ္မေကာင္းတဲ့အေၾကာင္း ေတာင္းပန္ခ်င္ပါတယ္။ ကြၽန္မအေနနဲ႔ လုပ္ပိုင္ခြင့္ေတြေရာ၊ ဂုဏ္သတင္းအရေရာ ႀကီးေလးတဲ့ ေနရာမွာ ရွိေနၿပီး အဲ့ဒီ့အေလ်ာက္ တာဝန္ယူမႈ၊ တာဝန္ခံမႈလည္း ရွိရမယ္ဆိုတာ သိပါတယ္။ ဒါေၾကာင့္ ကြၽန္မရဲ႕ရႈိးမွာ ျဖစ္ပ်က္ခဲ့သမွ် အားလုံးကို ကြၽန္မ တာဝန္ယူ၊ တာဝန္ခံပါတယ္… ” လို႔ Ellen က သူမရဲ႕ရႈိးကေနတစ္ဆင့္ အားလုံးသိေအာင္ ဖြင့္ေျပာၿပီး ထိခိုက္ခဲ့သူေတြကို ေတာင္းပန္လိုက္ပါတယ္။

Photo: theellenshow/ Instagram

ဒါ့အျပင္ Ellen ဟာ သူမရဲ႕အဖြဲ႕သားေတြနဲ႔အတူ လုပ္ငန္းခြင္မွာ ေျပာင္းလဲမႈအသစ္ေတြ ျပဳလုပ္၊ ျပင္ဆင္ထားၿပီး အခုေနာက္ဆုံး ထြက္ရွိလာမယ့္ season မွာ အသစ္တစ္ဖန္ ျပန္လည္စတင္မယ့္အေၾကာင္းကိုလည္း ကတိျပဳထားပါတယ္။ သူမ ကိုယ္တိုင္ကလည္း မျပည့္စုံတဲ့အတြက္ သူမရဲ႕ပုဂၢိဳလ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာင္းလဲမႈေတြ ျပဳလုပ္ေနပါတယ္လို႔ ဆိုပါတယ္။

“ကြၽန္မတို႔အေနနဲ႔ လုပ္သင့္လုပ္ထိုက္တဲ့အရာ လိုအပ္တာမွန္သမွ်ကို ေျပာင္းလဲမႈေတြ လုပ္ထားပါတယ္။ ၿပီးေတာ့ ဒီေန႔ကေနစၿပီး က႑သစ္ကို စတင္သြားမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ ကြၽန္မဟာ သနားၾကင္နာတတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ လူသိမ်ားလာခဲ့သူတစ္ေယာက္ျဖစ္ၿပီး သတင္းေတြ၊ မီဒီယာေတြမွာ ကြၽန္မဟာ ရႈိးမွာ ေတြ႕ျမင္ရတဲ့ပုံစံနဲ႔ တကယ့္လက္ေတြ႕မွာ ထပ္တူမက်ဘူးလို႔ ေဖာ္ျပၾကတာေတြလည္း ရွိပါတယ္။ အဲ့လို သနားၾကင္နာတတ္သူလို႔ လူသိမ်ားတယ္ဆိုတဲ့ ကိစၥဟာလည္း တကယ္ေတာ့ လွည့္ျဖားခံရဖို႔လြယ္တဲ့ ေနရာတစ္ခုပါပဲ …”

Photo: theellenshow/ Instagram

“အမွန္ေတာ့ ကြၽန္မဟာ တီဗြီဖန္သားျပင္ေပၚမွာ ရွင္တို႔ျမင္ေနရတဲ့လူနဲ႔ တစ္ေယာက္တည္းပါပဲ။ ဒါေပမယ့္ ကြၽန္မမွာလည္း တစ္ျခားအရာေတြအမ်ားႀကီး ရွိေသးတာေပါ့။ တစ္ခါတစ္ေလဆို ကြၽန္မ ဝမ္းနည္းတယ္။ ေဒါသထြက္တယ္။ စိတ္တိုတယ္။ စိတ္ရႈပ္ေထြးတယ္။ စိတ္မရွည္တာေတြလည္း ရွိတယ္။ ၿပီးေတာ့ အဲ့ဒါေတြအားလုံးကို ကြၽန္မအဆင္ေျပဆုံးျဖစ္ေအာင္ ႀကိဳးစားေနတယ္။ ႀကိဳးစားေနဆဲကာလလည္း ျဖစ္ပါတယ္ …”

“႐ုပ္ရွင္ေတြထဲမွာဆို တကယ့္ မိန္းမတစ္ေယာက္လို သ႐ုပ္ေဆာင္ဖူးတဲ့သူအေနနဲ႔ ကြၽန္မက သ႐ုပ္ေဆာင္ေကာင္းတဲ့သူ တစ္ေယာက္လို႔ ေျပာလို႔ရတယ္။ ဒါေပမယ့္ ကြၽန္မက ဒီအေရွ႕ကို ထြက္လာၿပီး (၁၇)ႏွစ္ေလာက္ ရွင္တို႔အားလုံးကို အ႐ူးလုပ္ထားႏိုင္ရေလာက္ေအာင္ ေတာ္တယ္လို႔ေတာ့ ကြၽန္မကိုယ္ကြၽန္မ မထင္ဘူး။ ကြၽန္မက လူ(၂၇၀)ေလာက္ရဲ႕ သူေဌးတစ္ေယာက္ပါ။ အဲ့ဒီ့လူ(၂၇၀)ေလာက္စာ ဒီရႈိးႀကီးကို ဒီလိုျဖစ္ေနေအာင္ ကူညီေပးထားၾကတာပါ။ ကြၽန္မ လိုခ်င္တာက သူတို႔ေတြအကုန္လုံး ဒီမွာအလုပ္လုပ္ရတာ ေပ်ာ္႐ႊင္ေနၿပီး ဒီမွာအလုပ္လုပ္ရလို႔ ဂုဏ္ယူႏိုင္ေစခ်င္တာပါ …” လို႔ Ellen က ဆိုထားပါတယ္။

Photo: theellenshow/ Instagram

Ellen ရွင္းျပေနရတဲ့ လုပ္ငန္းခြင္ဖိႏွိပ္မႈဆိုတဲ့ ကိစၥက‌ေတာ့ ၿပီးခဲ့တဲ့ လအနည္းငယ္တုန္းက သူမရႈိးမွာ လက္ရွိအလုပ္လုပ္ေနဆဲ ဝန္ထမ္းေတြနဲ႔ ယခင္က လုပ္ခဲ့ဖူးတဲ့ ဝန္ထမ္းေတြက စုေပါင္းၿပီး လုပ္ငန္းခြင္မွာ လူမ်ိဳးေရးခြဲျခားဆက္ဆံခံရတာ၊ ႀကီးႏိုင္ငယ္ညႇင္းလုပ္ခံရတာ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတာ စတဲ့ကိစၥေတြကို တိုင္ၾကားထားလို႔ ျဖစ္ပါတယ္။ တခ်ိဳ႕အမည္မေဖာ္လိုတဲ့ ဝန္ထမ္းေဟာင္းေတြရဲ႕ တိုင္ၾကားခ်က္မွာဆိုရင္ ေနမေကာင္းလို႔ ေဆးခြင့္တင္တာေတာင္ အလုပ္က အထုတ္ခံရတယ္ဆိုတာေတြလည္း ပါဝင္ပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular