HomeCelebs Update NewsInternationalJohnny Depp ဆီက ဝိုင်ပုလင်းနဲ့ပေါက်ခံရဖူးကြောင်း ထွက်ဆိုလာတဲ့ ချစ်သူဟောင်း Ellen Barkin

Johnny Depp ဆီက ဝိုင်ပုလင်းနဲ့ပေါက်ခံရဖူးကြောင်း ထွက်ဆိုလာတဲ့ ချစ်သူဟောင်း Ellen Barkin

အမေရိကန်သရုပ်ဆောင် Ellen Barkin ကတော့ ၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fear and Loathing in Las Vegas ရုပ်ရှင်ထဲမှာ Johnny Depp နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်းမှာတော့ မင်းသားနဲ့တွဲခဲ့သူ ဖြစ်ပါတယ်။ Ellen Barkin ကတော့ သူမနဲ့ Johnny Depp တို့ တွဲခဲ့တုန်းက ဖြစ်ရပ်တွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ထွက်ဆိုသွားတာ ဖြစ်ပါတယ်။

မင်းသမီး Ellen Barkin ကတော့ Johnny Depp ဟာ သူတပါးကို ချုပ်ကိုင်တတ်သူ ဖြစ်ပြီး သဝန်တိုစိတ် ကြီးမားသူဖြစ်ကြောင်း ကြာသပတေးနေ့က Johnny Depp နဲ့ Amber Heard တို့ရဲ့ တရားခွင် ကြားနာစစ်ဆေးမှုမှာ ထွက်ဆိုသွားပါတယ်။ အသက်(၆၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Barkin ရဲ့ ထွက်ဆိုချက်အရ သူမနဲ့တွဲနေစဉ်ကာလမှာ Depp ဟာ သူ့သူငယ်ချင်းတွေနဲ့ စကားများရန်ဖြစ်ပြီး သူမရှိရာနေရာကို ဝိုင်ပုလင်းနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: winteriscoming.net

Barkin ရဲ့ အသေးစိတ် ထွက်ဆိုချက်အရ သူမနဲ့သိရှိခဲ့တဲ့ ကာလအတွင်းမှာ Depp ဟာ များသောအားဖြင့် အရက်တွေ ဆက်တိုက်သောက်ပြီး မူးနေခဲ့တာ များတယ်လို့ ဆိုပါတယ်။ “သူက အမြဲတမ်း မူးနေခဲ့တာပါ။ ပြီးတော့ ဆေးခြောက်လည်း အမြဲတမ်း သောက်နေတဲ့သူပါ …” လို့ ထွက်ဆိုထားပြီး မကြာခဏဆိုသလို စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲနေတတ်ပါတယ်လို့လည်း ပြောထားပါတယ်။

သူမကို ပုလင်းနဲ့ ပစ်ပေါက်တဲ့ဖြစ်စဉ်မှာတော့ ဘာကြောင့် အဲဒီလိုပစ်ပေါက်ခဲ့တယ်ဆိုတာ မသိရှိကြောင်းနဲ့ အဆိုပါဟိုတယ်အခန်းရဲ့ ထောင့်တွေမှာတော့ ဖန်ကွဲစတွေ ပြန့်ကျဲနေခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဘယ်သူ့ကိုမှတော့ ထိခိုက်မိခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

Photo via marca

ဒါ့အပြင် Depp ဟာ သူတပါးကို ချုပ်ကိုင်တတ်သူ ဖြစ်ကြောင်းနဲ့ မနာလိုဝန်တိုစိတ် ကြီးမားတယ်ဆိုတဲ့ အကြောင်းကိုလည်း Barkin က ထွက်ဆိုသွားပါသေးတယ်။ Depp ဟာ သဝန်တိုစိတ် ကြီးမားသူတစ်ယောက်သာ ဖြစ်ကြောင်းနဲ့ “နင် ဘယ်သွားမလို့လဲ။ ဘယ်သူနဲ့ သွားမှာလဲ။ မနေ့ညက ဘာတွေလုပ်နေတာလဲ…” စသဖြင့် မေးခွန်းတွေကို မနားတမ်း မေးမြန်းတတ်သူလို့လည်း ဆိုပါတယ်။

“တစ်ခါကဆိုရင် ကျွန်မရဲ့ပုခုံးမှာ ခြစ်ရာတစ်ခု ရှိခဲ့တယ်။ အဲဒါကို သူတွေ့သွားတော့ အရမ်းအရမ်းကို ဒေါသတွေထွက်သွားပြီး ကျွန်မကို သူ မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ သွားအိပ်နေတယ်လို့ စွပ်စွဲတော့တာပဲ …” လို့ Barkin က ထွက်ဆိုထားပါတယ်။

ဒီထွက်ဆိုချက်နဲ့ ပတ်သက်ပြီး Depp ကတော့ မမှန်ကန်ကြောင်း ငြင်းဆိုထားပြီး Barkin ဟာ သူ့အပေါ်မှာ ပုဂ္ဂိုလ်ရေး အငြှိုးအတေး ထားနေတာကြောင့် အခုလိုထွက်ဆိုသွားတာပါလို့ ပြောထားပါတယ်။ ဒါ့အပြင် သူ့မှာ ဒေါသမထိန်းနိုင်တဲ့ ပြဿနာမျိုးလည်း မရှိကြောင်း Depp က ပြောထားပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular