HomeCelebs Update NewsInternationalThe Ellen DeGeneres Show ကို အဆုံးသတ်တော့မယ်လို့ ပြောလာတဲ့ Ellen 

The Ellen DeGeneres Show ကို အဆုံးသတ်တော့မယ်လို့ ပြောလာတဲ့ Ellen 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်က နာမည်ကျော်တွေကြားမှာရော ပရိသတ်တွေကြားမှာပါ နာမည်ကြီးတဲ့ The Ellen DeGeneres show  ဟာ လာမယ့် Season 19 ပြီးရင် အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

The Ellen Show ဟာ နှစ်ပေါင်းများစွာ ပရိသတ်တွေကြားထဲ ရပ်တည်လာခဲ့ပြီး လာမယ့် ၂၀၂၂ခုနှစ်မှာ ထုတ်လွှင့်မယ့် Season 19 ကတော့ အဆုံးသတ် ဖြစ်တယ်လို့ Ellen က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ရိုက်ကူးထားပြီး ယနေ့ ကြာသပတေးနေ့မှာ ထုတ်လွှင့်တဲ့ အပိုင်းမှာပဲ Ellen က ပရိသတ်တွေကို အခုလို အသိပေးလိုက်တာ ဖြစ်ပါတယ်။

Photo: celebrityabc/ flickr

“နောက်လာမယ့် Season 19 ဟာ ကျွန်မရဲ့ နောက်ဆုံး season ဖြစ်တဲ့အကြောင်း ကြေညာချင်ပါတယ်။ ပြီးခဲ့တဲ့ (၁၈)နှစ်တာ ကာလလုံးဟာ ကျွန်မကို ပြောင်းလဲပေးခဲ့ပါတယ်။ ရှင်တို့အားလုံးဟာ ကျွန်မဘဝကို ပြောင်းလဲပေးခဲ့သူတွေပါ။ ကျွန်မရဲ့ရှိုးကို ကြည့်ပြီး ရယ်လိုက်၊ ငိုလိုက်၊ ကလိုက်၊ ခုန်လိုက်နဲ့ လိုက်ပါ စီးမျောပေးခဲ့ကြလို့ ထာဝရ ကျေးဇူးတင်နေမှာပါ။ ဒီရှိုးက ကျွန်မဘဝရဲ့ အကြီးမားဆုံးနဲ့ အကောင်းဆုံး အတွေ့အကြုံတစ်ခုဖြစ်ပြီး ရှင်တို့အားလုံးအပေါ်မှာ ကျွန်မ ကျေးဇူးကြွေး တင်ရှိနေပါတယ် … ” လို့ Ellen က ဆိုပါတယ်။

သူမအနေနဲ့ ရှိုးကို အဆုံးသတ်ဖို့ အများကြီး စဉ်းစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ “ဒီအကြောင်းအတွေးနဲ့ပဲ ထိုင်စဉ်းစားဖူးတယ်။ တရားထိုင်ပြီးတော့လည်း ဆင်ခြင်တယ်။ ကျွန်မရဲ့ အမျိုးသမီး Portia နဲ့လည်း တိုင်ပင်တယ်။ ကိုယ့်ကိုယ်ကိုလည်း ပြန်စကားပြောကြည့်တယ်။ တစ်ခါတုန်းကဆို ကျွန်မက Portia ကို စကားပြောနေတာ။ ဒါပေမယ့် သူက ကျွန်မ ကိုယ့်ကိုယ်ကို ပြန်ပြောနေတယ်လို့ ထင်တယ်။ ဘာလို့လည်းဆိုတော့ အရင်က ကျွန်မ ကိုယ့်ကိုယ်ကို စကားပြောနေရင် သူက သူ့ကို ပြောနေတယ်လို့ ထင်နေခဲ့တာလေ … ”

Photo: zennie abraham/ flickr

“တစ်ခါတုန်းကကျတော့ ကျွန်မ ပြောနေတာ Alexa ကို။ ပြန်ဖြေတော့ Siri က ပြန်ဖြေတယ်။ နောက်တစ်ခေါက်ကျတော့ တီဗွီကို စကားပြောနေတုန်း ကျွန်မရဲ့ မျက်စိဆရာဝန်ဆီ မတော်တဆ မက်ဆေ့ပို့လိုက်မိပြန်ရော။ အဲ့တော့ အဓိက ပြောချင်တာကတော့ စကားပြောရတဲ့ အလုပ်ကနေ ကျွန်မ ခဏ အနားယူဖို့ လိုနေတယ်ဆိုတာပါပဲ … ” လို့ အရွှန်းဖောက်ရင်း သူမရဲ့ အနားယူမယ့်အကြောင်းကို ပြောထားပါတယ်။

Ellen အတွက်ကတော့ ဒီရှိုးကို အဆုံးသတ်ဖို့ဟာ သူမ အမြဲစဉ်းစားနေခဲ့တဲ့ အကြောင်းလို့ ဆိုပါတယ်။ “လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက နောက်ထပ် သုံးနှစ်စာ စာချုပ်ကို ကျွန်မ လက်မှတ်ထိုးခဲ့တယ်။ ကျွန်မရင်ထဲမှာ အမြဲတမ်း သိနေခဲ့တာ Season 19 ဟာ ကျွန်မရဲ့ နောက်ဆုံး season ဖြစ်မယ်ဆိုတာကိုပဲ … ”

Photo: ronpaulrevolt2008/ flickr

“အမှန်ကတော့ ကျွန်မက ကျွန်မရဲ့ပင်ကိုအသိစိတ်ကို အမြဲယုံကြည်တယ်။ ကျွန်မရဲ့အလိုလျောက် သိစိတ်လေးက ပြောနေတယ်။ အခုက အချိန်ကျပြီတဲ့။ ဟာသပညာရှင်တစ်ယောက်အနေနဲ့ တိုင်မင်ဆိုတဲ့ အချိန်ကိုက်မှုက အရေးပါတာကို ကျွန်မ သိတယ်။ ဒါကြောင့် လာမယ့် Season 19 ဟာ ကျွန်မရဲ့နောက်ဆုံး Season ဖြစ်မယ်ဆိုတာ အလေးအနက်ထား စဉ်းစားပြီး ဒီအံ့ဩရင်ခုန်စရာ ခရီးရှည်ကြီးကို အဆုံးသတ်လိုက်ပါရစေလို့ ပြောချင်ပါတယ် … ” လို့ သူမက ဆိုပါတယ်။

ဒါဟာ Ellen ရှိုးရဲ့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေကို ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်အနိုင်ကျင့်မှု စတဲ့ နာမည်ဆိုးတွေ ထွက်ပေါ်လာပြီး ဆယ်လအကြာမှာ အခုလို ရှိုးကို ရပ်နားဖို့ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ အဲ့ဒီကာလတုန်းက ဌာနတွင်း အလွတ်စုံစမ်းစစ်ဆေးမှုတွေပါ ပြုလုပ်ခဲ့ရပြီး လုပ်ငန်းခွင် ဖိနှိပ်မှုတွေကိစ္စနဲ့ ဟိုးလေးတကျော် ဖြစ်ပြီးတည်းက သူမရဲ့ရှိုးဟာ ကြည့်ရှုသူ တစ်သန်းခန့် လျော့နည်းသွားတယ်လို့လည်း Nielsen rating ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Linda December

Source: people

(Zawgyi Version)

ေဟာလိဝုဒ္က နာမည္ေက်ာ္ေတြၾကားမွာေရာ ပရိသတ္ေတြၾကားမွာပါ နာမည္ႀကီးတဲ့ The Ellen DeGeneres show  ဟာ လာမယ့္ Season 19 ၿပီးရင္ အဆုံးသတ္ေတာ့မွာ ျဖစ္ပါတယ္။

The Ellen Show ဟာ ႏွစ္ေပါင္းမ်ားစြာ ပရိသတ္ေတြၾကားထဲ ရပ္တည္လာခဲ့ၿပီး လာမယ့္ ၂၀၂၂ခုႏွစ္မွာ ထုတ္လႊင့္မယ့္ Season 19 ကေတာ့ အဆုံးသတ္ ျဖစ္တယ္လို႔ Ellen က ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေျပာၾကားလိုက္ပါတယ္။ ဗုဒၶဟူးေန႔က ႐ိုက္ကူးထားၿပီး ယေန႔ ၾကာသပေတးေန႔မွာ ထုတ္လႊင့္တဲ့ အပိုင္းမွာပဲ Ellen က ပရိသတ္ေတြကို အခုလို အသိေပးလိုက္တာ ျဖစ္ပါတယ္။

Photo: celebrityabc/ flickr

“ေနာက္လာမယ့္ Season 19 ဟာ ကြၽန္မရဲ႕ ေနာက္ဆုံး season ျဖစ္တဲ့အေၾကာင္း ေၾကညာခ်င္ပါတယ္။ ၿပီးခဲ့တဲ့ (၁၈)ႏွစ္တာ ကာလလုံးဟာ ကြၽန္မကို ေျပာင္းလဲေပးခဲ့ပါတယ္။ ရွင္တို႔အားလုံးဟာ ကြၽန္မဘဝကို ေျပာင္းလဲေပးခဲ့သူေတြပါ။ ကြၽန္မရဲ႕ရႈိးကို ၾကည့္ၿပီး ရယ္လိုက္၊ ငိုလိုက္၊ ကလိုက္၊ ခုန္လိုက္နဲ႔ လိုက္ပါ စီးေမ်ာေပးခဲ့ၾကလို႔ ထာဝရ ေက်းဇူးတင္ေနမွာပါ။ ဒီရႈိးက ကြၽန္မဘဝရဲ႕ အႀကီးမားဆုံးနဲ႔ အေကာင္းဆုံး အေတြ႕အႀကဳံတစ္ခုျဖစ္ၿပီး ရွင္တို႔အားလုံးအေပၚမွာ ကြၽန္မ ေက်းဇူးေႂကြး တင္ရွိေနပါတယ္ … ” လို႔ Ellen က ဆိုပါတယ္။

သူမအေနနဲ႔ ရႈိးကို အဆုံးသတ္ဖို႔ အမ်ားႀကီး စဥ္းစားခဲ့ရတယ္လို႔လည္း ဆိုပါတယ္။ “ဒီအေၾကာင္းအေတြးနဲ႔ပဲ ထိုင္စဥ္းစားဖူးတယ္။ တရားထိုင္ၿပီးေတာ့လည္း ဆင္ျခင္တယ္။ ကြၽန္မရဲ႕ အမ်ိဳးသမီး Portia နဲ႔လည္း တိုင္ပင္တယ္။ ကိုယ့္ကိုယ္ကိုလည္း ျပန္စကားေျပာၾကည့္တယ္။ တစ္ခါတုန္းကဆို ကြၽန္မက Portia ကို စကားေျပာေနတာ။ ဒါေပမယ့္ သူက ကြၽန္မ ကိုယ့္ကိုယ္ကို ျပန္ေျပာေနတယ္လို႔ ထင္တယ္။ ဘာလို႔လည္းဆိုေတာ့ အရင္က ကြၽန္မ ကိုယ့္ကိုယ္ကို စကားေျပာေနရင္ သူက သူ႔ကို ေျပာေနတယ္လို႔ ထင္ေနခဲ့တာေလ … ”

Photo: zennie abraham/ flickr

“တစ္ခါတုန္းကက်ေတာ့ ကြၽန္မ ေျပာေနတာ Alexa ကို။ ျပန္ေျဖေတာ့ Siri က ျပန္ေျဖတယ္။ ေနာက္တစ္ေခါက္က်ေတာ့ တီဗြီကို စကားေျပာေနတုန္း ကြၽန္မရဲ႕ မ်က္စိဆရာဝန္ဆီ မေတာ္တဆ မက္ေဆ့ပို႔လိုက္မိျပန္ေရာ။ အဲ့ေတာ့ အဓိက ေျပာခ်င္တာကေတာ့ စကားေျပာရတဲ့ အလုပ္ကေန ကြၽန္မ ခဏ အနားယူဖို႔ လိုေနတယ္ဆိုတာပါပဲ … ” လို႔ အ႐ႊန္းေဖာက္ရင္း သူမရဲ႕ အနားယူမယ့္အေၾကာင္းကို ေျပာထားပါတယ္။

Ellen အတြက္ကေတာ့ ဒီရႈိးကို အဆုံးသတ္ဖို႔ဟာ သူမ အၿမဲစဥ္းစားေနခဲ့တဲ့ အေၾကာင္းလို႔ ဆိုပါတယ္။ “လြန္ခဲ့တဲ့ ႏွစ္ႏွစ္တုန္းက ေနာက္ထပ္ သုံးႏွစ္စာ စာခ်ဳပ္ကို ကြၽန္မ လက္မွတ္ထိုးခဲ့တယ္။ ကြၽန္မရင္ထဲမွာ အၿမဲတမ္း သိေနခဲ့တာ Season 19 ဟာ ကြၽန္မရဲ႕ ေနာက္ဆုံး season ျဖစ္မယ္ဆိုတာကိုပဲ … ”

Photo: ronpaulrevolt2008/ flickr

“အမွန္ကေတာ့ ကြၽန္မက ကြၽန္မရဲ႕ပင္ကိုအသိစိတ္ကို အၿမဲယုံၾကည္တယ္။ ကြၽန္မရဲ႕အလိုေလ်ာက္ သိစိတ္ေလးက ေျပာေနတယ္။ အခုက အခ်ိန္က်ၿပီတဲ့။ ဟာသပညာရွင္တစ္ေယာက္အေနနဲ႔ တိုင္မင္ဆိုတဲ့ အခ်ိန္ကိုက္မႈက အေရးပါတာကို ကြၽန္မ သိတယ္။ ဒါေၾကာင့္ လာမယ့္ Season 19 ဟာ ကြၽန္မရဲ႕ေနာက္ဆုံး Season ျဖစ္မယ္ဆိုတာ အေလးအနက္ထား စဥ္းစားၿပီး ဒီအံ့ဩရင္ခုန္စရာ ခရီးရွည္ႀကီးကို အဆုံးသတ္လိုက္ပါရေစလို႔ ေျပာခ်င္ပါတယ္ … ” လို႔ သူမက ဆိုပါတယ္။

ဒါဟာ Ellen ရႈိးရဲ႕ လုပ္ငန္းခြင္မွာ ဝန္ထမ္းေတြကို ခြဲျခားဆက္ဆံမႈ၊ ဖိႏွိပ္အႏိုင္က်င့္မႈ စတဲ့ နာမည္ဆိုးေတြ ထြက္ေပၚလာၿပီး ဆယ္လအၾကာမွာ အခုလို ရႈိးကို ရပ္နားဖို႔ ေၾကညာလိုက္တာလည္း ျဖစ္ပါတယ္။ အဲ့ဒီကာလတုန္းက ဌာနတြင္း အလြတ္စုံစမ္းစစ္ေဆးမႈေတြပါ ျပဳလုပ္ခဲ့ရၿပီး လုပ္ငန္းခြင္ ဖိႏွိပ္မႈေတြကိစၥနဲ႔ ဟိုးေလးတေက်ာ္ ျဖစ္ၿပီးတည္းက သူမရဲ႕ရႈိးဟာ ၾကည့္ရႈသူ တစ္သန္းခန႔္ ေလ်ာ့နည္းသြားတယ္လို႔လည္း Nielsen rating ရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

Linda December

Source: people

 

RELATED ARTICLES

Most Popular