HomeCelebs Update NewsInternationalတရားဝင် နာမည်ပြောင်းပြီး transgender လို့ ကြေညာလိုက်တဲ့ Elliot Page

တရားဝင် နာမည်ပြောင်းပြီး transgender လို့ ကြေညာလိုက်တဲ့ Elliot Page

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Umbrella Academy ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Ellen Page ဟာ Transgender ဖြစ်တဲ့အကြောင်း အိတ်ဖွင့်ပေးစာထဲမှာ ရေးသားပြီး ကြေညာလိုက်ပါတယ်။ ဒါ့အပြင် Ellen Page ဆိုတဲ့ အမျိုးသမီးအမည်ကနေ Elliot Page ဆိုတဲ့ အမျိုးသားအမည်ကိုလည်း တရားဝင် ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။

Ellen ဟာ ၂၀၀၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hard Candy နဲ့ ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Juno ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကြီးလာသူဖြစ်ပြီး အော်စကာ စံကာတင်စာရင်းဝင်ထားတဲ့ သရုပ်ဆောင်တစ်လက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် X-Men ဇာတ်ကားတွေနဲ့ Inception တို့လို နာမည်ကြီးရုပ်ရှင်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သိပ်မကြာခင်တုန်းက ထွက်ရှိခဲ့တဲ့ Netflix ရဲ့ The Umbrella Academy ဇာတ်လမ်းတွဲထဲမှာတော့ Vanya Hargreeves နေရာမှာ သရုပ်ဆောင်ထားပါတယ်။ လောလောဆယ်မှာတော့ အဲ့ဒီဇာတ်လမ်းတွဲဟာ season နှစ်ခု ထွက်ရှိထားပြီး season 3 ကတော့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။

Photo: elliotpage/ Instagram

ဒီနေ့မှာတော့ Ellen ဟာ သူ့ကိုယ်သူ non-binary transgender person ဖြစ်တဲ့အကြောင်း တွစ်တာပေါ်ကနေ ကြေညာလိုက်ပါတယ်။ non-binary transgender ဆိုတာကတော့ မိန်းကလေးလည်း မဆန်သလို၊ ယောကျာ်းလေးလည်း မဆန်တဲ့ ပုံစံမျိူး ဖြစ်ပါတယ်။ တချို့သော transgender ပုဂ္ဂိုလ်တွေကတော့ မွေးလာတုန်းက ပါလာတဲ့ သဘာဝလိင်အင်္ဂါကို ဆေးပညာနဲ့ ပြုပြင်ပြီး ပြောင်းလဲကြတာလည်း ရှိပါသေးတယ်။

photo via elliot page/ twitter

ယခင်က Ellen Page ဖြစ်ခဲ့တဲ့ သူကတော့ ယခုအခါမှာ Elliot Page လို့ အမည်ပြောင်းလဲလိုက်ပြီး သူ့ကိုခေါ်ဝေါ်ဖို့ နာမ်စားတွေကိုလည်း She အဖြစ်ကနေ He ၊ ဒါမှမဟုတ် They အဖြစ် ပြောင်းလဲသတ်မှတ်စေလိုက်ပါတယ်။ သူ့ရဲ့အိတ်ဖွင့်ပေးစာထဲမှာတော့ … ” အခုလိုမျိူး trans ဖြစ်သွားတာကို ကြိုက်နှစ်သက်ပါတယ်။ ပြီးတော့ queer ဖြစ်နေတာကိုလည်း ကြိုက်ပါတယ်။ ကျွန်တော့်ရဲ့ နမ်စားတွေကလည်း He နဲ့ They ဖြစ်သွားပြီး နာမည်ကိုလည်း Elliot ပြောင်းလိုက်ပါပြီ … ” လို့ ရေးသားထားပါတယ်။

Photo: elliotpage/ Instagram

အဲ့ဒီပို့စ်ကိုတော့ Netflix ရဲ့ တွစ်တာစာမျက်နှာမှာလည်း Elliot ကို အားပေးထောက်ခံတဲ့အနေနဲ့ ဖော်ပြပေးခဲ့သလို The Umbrella Academy season 3 ကို Elliot နဲ့အတူ ဖန်တီးရမှာကိုလည်း စိတ်လှုပ်ရှားတဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် The Umbrella Academy ထဲမှာ အတူသရုပ်ဆောင်ခဲ့တဲ့ Justin H. Min ကလည်း “မိသားစုကနေ ကြိုဆိုပါတယ်” ဆိုပြီးတော့ caption တပ်ကာ အားပေးခဲ့ပါသေးတယ်။ Elliot ဟာ အခုလိုမျိူး သူ့ကိုယ်သူ trans ပါလို့ ကြေညာလိုက်တာကြောင့် သူ့ရဲ့ပုံပန်းသွင်ပြင်ကလည်း ဘယ်လိုပြောင်းလဲသွားမလည်း ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

The Umbrella Academy ဇာတ္လမ္းတြဲထဲက သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Ellen Page ဟာ Transgender ျဖစ္တဲ့အေၾကာင္း အိတ္ဖြင့္ေပးစာထဲမွာ ေရးသားၿပီး ေၾကညာလိုက္ပါတယ္။ ဒါ့အျပင္ Ellen Page ဆိုတဲ့ အမ်ိဳးသမီးအမည္ကေန Elliot Page ဆိုတဲ့ အမ်ိဳးသားအမည္ကိုလည္း တရားဝင္ ေျပာင္းလဲလိုက္ၿပီ ျဖစ္ပါတယ္။

Ellen ဟာ ၂၀၀၅ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Hard Candy နဲ႔ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Juno ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ နာမည္ႀကီးလာသူျဖစ္ၿပီး ေအာ္စကာ စံကာတင္စာရင္းဝင္ထားတဲ့ သ႐ုပ္ေဆာင္တစ္လက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ X-Men ဇာတ္ကားေတြနဲ႔ Inception တို႔လို နာမည္ႀကီး႐ုပ္ရွင္ကားေတြထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။ သိပ္မၾကာခင္တုန္းက ထြက္ရွိခဲ့တဲ့ Netflix ရဲ႕ The Umbrella Academy ဇာတ္လမ္းတြဲထဲမွာေတာ့ Vanya Hargreeves ေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။ ေလာေလာဆယ္မွာေတာ့ အဲ့ဒီဇာတ္လမ္းတြဲဟာ season ႏွစ္ခု ထြက္ရွိထားၿပီး season 3 ကေတာ့ ျပင္ဆင္ေနဆဲ ျဖစ္ပါတယ္။

Photo: elliotpage/ Instagram

ဒီေန႔မွာေတာ့ Ellen ဟာ သူ႔ကိုယ္သူ non-binary transgender person ျဖစ္တဲ့အေၾကာင္း တြစ္တာေပၚကေန ေၾကညာလိုက္ပါတယ္။ non-binary transgender ဆိုတာကေတာ့ မိန္းကေလးလည္း မဆန္သလို၊ ေယာက်ာ္းေလးလည္း မဆန္တဲ့ ပုံစံမ်ိဴး ျဖစ္ပါတယ္။ တခ်ိဳ႕ေသာ transgender ပုဂၢိဳလ္ေတြကေတာ့ ေမြးလာတုန္းက ပါလာတဲ့ သဘာဝလိင္အဂၤါကို ေဆးပညာနဲ႔ ျပဳျပင္ၿပီး ေျပာင္းလဲၾကတာလည္း ရွိပါေသးတယ္။

photo via elliot page/ twitter

ယခင္က Ellen Page ျဖစ္ခဲ့တဲ့ သူကေတာ့ ယခုအခါမွာ Elliot Page လို႔ အမည္ေျပာင္းလဲလိုက္ၿပီး သူ႔ကိုေခၚေဝၚဖို႔ နာမ္စားေတြကိုလည္း She အျဖစ္ကေန He ၊ ဒါမွမဟုတ္ They အျဖစ္ ေျပာင္းလဲသတ္မွတ္ေစလိုက္ပါတယ္။ သူ႔ရဲ႕အိတ္ဖြင့္ေပးစာထဲမွာေတာ့ … ” အခုလိုမ်ိဴး trans ျဖစ္သြားတာကို ႀကိဳက္ႏွစ္သက္ပါတယ္။ ၿပီးေတာ့ queer ျဖစ္ေနတာကိုလည္း ႀကိဳက္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ နမ္စားေတြကလည္း He နဲ႔ They ျဖစ္သြားၿပီး နာမည္ကိုလည္း Elliot ေျပာင္းလိုက္ပါၿပီ … ” လို႔ ေရးသားထားပါတယ္။

Photo: elliotpage/ Instagram

အဲ့ဒီပို႔စ္ကိုေတာ့ Netflix ရဲ႕ တြစ္တာစာမ်က္ႏွာမွာလည္း Elliot ကို အားေပးေထာက္ခံတဲ့အေနနဲ႔ ေဖာ္ျပေပးခဲ့သလို The Umbrella Academy season 3 ကို Elliot နဲ႔အတူ ဖန္တီးရမွာကိုလည္း စိတ္လႈပ္ရွားတဲ့အေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ The Umbrella Academy ထဲမွာ အတူသ႐ုပ္ေဆာင္ခဲ့တဲ့ Justin H. Min ကလည္း “မိသားစုကေန ႀကိဳဆိုပါတယ္” ဆိုၿပီးေတာ့ caption တပ္ကာ အားေပးခဲ့ပါေသးတယ္။ Elliot ဟာ အခုလိုမ်ိဴး သူ႔ကိုယ္သူ trans ပါလို႔ ေၾကညာလိုက္တာေၾကာင့္ သူ႔ရဲ႕ပုံပန္းသြင္ျပင္ကလည္း ဘယ္လိုေျပာင္းလဲသြားမလည္း ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular