HomeCelebs Update NewsInternationalလုပ်ငန်းခွင်ကိစ္စအချို့ကြောင့် ရုံးတွင်းစစ်ဆေးမှုတွေ ခံရတော့မယ့် Ellen DeGeneres Show 

လုပ်ငန်းခွင်ကိစ္စအချို့ကြောင့် ရုံးတွင်းစစ်ဆေးမှုတွေ ခံရတော့မယ့် Ellen DeGeneres Show 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Ellen DeGeneres Show ဟာ ရုံးတွင်းပိုင်း ဆက်ဆံရေး၊ ထုံးစံတွေနဲ့ ပတ်သက်ပြီး ကွန်ပလိန်းများစွာ ရရှိခဲ့တာကြောင့် မိခင်ကုမ္ပဏီဖြစ်တဲ့ WarnerMedia ရဲ့ ရုံးတွင်းပိုင်း စုံစမ်းစစ်ဆေးရေးတွေကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Variety သတင်းဌာနရဲ့ အဆိုအရ Ellen Show မှာ လုပ်ကိုင်နေကြတဲ့ လက်ရှိဝန်ထမ်းများသာမက ယခင်က လုပ်ကိုင်ခဲ့ဖူးတဲ့ ဝန်ထမ်းဟောင်းများဆီကိုပါ အသိပေးစာစောင်တွေ ပေးပို့ထားပြီး WarnerMedia က တာဝန်ပေးထားတဲ့ ပြင်ပအဖွဲ့အစည်းတစ်ခုကနေ ဝန်ထမ်းတစ်ယောက်ချင်းစီကို အင်တာဗျူးလုပ်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

Photo: ed_ellen_update/ Instagram

ဒါဟာ ဇူလိုင်လ(၁၆)ရက်နေ့က ရေးသားတင်ပြခဲ့တဲ့ Buzzfeed ရဲ့ ဆောင်းပါးတစ်ခုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တစ်ခုလည်း ဖြစ်ပါတယ်။ Buzzfeed ဟာ Ellen Show ရဲ့ ရုံးတွင်းလုပ်ငန်းခွင်မှာ လူမျိုးရေးခွဲခြားမှုတွေ၊ ကျင့်ဝတ်နဲ့မညီဘဲ ဝန်ထမ်းတွေကို အလုပ်ထုတ်တာတွေ၊ အနိုင်ကျင့်၊ ဗိုလ်ကျမှုတွေအပြင် အကြောက်တရားနဲ့ လွှမ်းမိုးထားတဲ့ အဆိပ်သင့် လုပ်ငန်းခွင်တစ်ခုဆိုပြီး စွပ်စွဲရေးသားထားတာ ဖြစ်ပါတယ်။

Ellen Show ရဲ့ executive producer တွေဖြစ်ကြတဲ့ Ed Glavin ၊ Mary Connelly နဲ့ Andy Lassner တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြေငြာချက်တစ်ခုကို ထုတ်ပြန်ထားပါတယ်။ Hollywood Reporter သတင်းဌာနမှာ ဖော်ပြထားတဲ့ အဆိုပါ ကြေငြာချက်ကတော့ ” အပိုင်းပေါင်း(၃၀၀၀)ကျော် ထုတ်လွှင့်ထားပြီး ဝန်ထမ်းပေါင်း (၁၀၀၀)ကျော်ကို ခန့်အပ်နိုင်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုစာ သက်တမ်းတစ်လျှောက်မှာ ပွင့်လင်း၊ လုံခြုံပြီး လိုအပ်တာအားလုံး ထောက်ပံ့ပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့ ကျွန်တော်တို့ အားတက်သရော ကြိုးစားခဲ့ကြပါတယ် … ”

Photo: ed_ellen_update/ Instagram

” ကျွန်တော်တို့ production မိသားစုထဲက တစ်ဦးတစ်ယောက်ပဲ ဖြစ်စေ၊ အခုလို မကောင်းတဲ့ အတွေ့အကြုံမျိုး တွေ့ကြုံခံစားခဲ့ရတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အမှန်တကယ် ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ဟာ ဒီလိုမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ကြိုးစားနေကြတာဟာလည်း ဒါမျိုးဖြစ်ဖို့ မဟုတ်ပါဘူး။ Ellen က ကျွန်တော်တို့အတွက် ချမှတ်ပေးထားတဲ့ မစ်ရှင်ဟာလည်း ဒါမျိုး မဟုတ်ပါဘူး… ” လို့ ဖြစ်ပါတယ်။

The Ellen DeGeneres Show ဟာ နေ့ခင်းပိုင်းထုတ်လွှင့်တဲ့ ဆယ်လီတွေနဲ့ စကားပြောတဲ့ ရှိုးတစ်ခုဖြစ်ပြီး Ellen DeGeneres က host အဖြစ် တာဝန်ယူထားပါတယ်။ ဒီရှိုးဟာ ၂၀၀၃ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ season ပေါင်း (၁၇)ခု ရှိနေပြီ ဖြစ်ပါတယ်။ ဒီရှိုးကို နေ့စဉ်ကြည့်ရှုသူ ဦးရေမှာ ပျမ်းမျှ (၂.၅)သန်းရှိပြီး ယခုအချိန်အထိ Emmy Awards ပေါင်း (၆၁)ခုကို ရရှိထားပါတယ်။

LaNina

Source: indianexpress

(Zawgyi Version)

The Ellen DeGeneres Show ဟာ ႐ုံးတြင္းပိုင္း ဆက္ဆံေရး၊ ထုံးစံေတြနဲ႔ ပတ္သက္ၿပီး ကြန္ပလိန္းမ်ားစြာ ရရွိခဲ့တာေၾကာင့္ မိခင္ကုမၸဏီျဖစ္တဲ့ WarnerMedia ရဲ႕ ႐ုံးတြင္းပိုင္း စုံစမ္းစစ္ေဆးေရးေတြကို ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။

Variety သတင္းဌာနရဲ႕ အဆိုအရ Ellen Show မွာ လုပ္ကိုင္ေနၾကတဲ့ လက္ရွိဝန္ထမ္းမ်ားသာမက ယခင္က လုပ္ကိုင္ခဲ့ဖူးတဲ့ ဝန္ထမ္းေဟာင္းမ်ားဆီကိုပါ အသိေပးစာေစာင္ေတြ ေပးပို႔ထားၿပီး WarnerMedia က တာဝန္ေပးထားတဲ့ ျပင္ပအဖြဲ႕အစည္းတစ္ခုကေန ဝန္ထမ္းတစ္ေယာက္ခ်င္းစီကို အင္တာဗ်ဴးလုပ္ၿပီး စုံစမ္းစစ္ေဆးသြားမယ္လို႔ သိရပါတယ္။

Photo: ed_ellen_update/ Instagram

ဒါဟာ ဇူလိုင္လ(၁၆)ရက္ေန႔က ေရးသားတင္ျပခဲ့တဲ့ Buzzfeed ရဲ႕ ေဆာင္းပါးတစ္ခုရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္တစ္ခုလည္း ျဖစ္ပါတယ္။ Buzzfeed ဟာ Ellen Show ရဲ႕ ႐ုံးတြင္းလုပ္ငန္းခြင္မွာ လူမ်ိဳးေရးခြဲျခားမႈေတြ၊ က်င့္ဝတ္နဲ႔မညီဘဲ ဝန္ထမ္းေတြကို အလုပ္ထုတ္တာေတြ၊ အႏိုင္က်င့္၊ ဗိုလ္က်မႈေတြအျပင္ အေၾကာက္တရားနဲ႔ လႊမ္းမိုးထားတဲ့ အဆိပ္သင့္ လုပ္ငန္းခြင္တစ္ခုဆိုၿပီး စြပ္စြဲေရးသားထားတာ ျဖစ္ပါတယ္။

Ellen Show ရဲ႕ executive producer ေတြျဖစ္ၾကတဲ့ Ed Glavin ၊ Mary Connelly နဲ႔ Andy Lassner တို႔ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေၾကျငာခ်က္တစ္ခုကို ထုတ္ျပန္ထားပါတယ္။ Hollywood Reporter သတင္းဌာနမွာ ေဖာ္ျပထားတဲ့ အဆိုပါ ေၾကျငာခ်က္ကေတာ့ ” အပိုင္းေပါင္း(၃၀၀၀)ေက်ာ္ ထုတ္လႊင့္ထားၿပီး ဝန္ထမ္းေပါင္း (၁၀၀၀)ေက်ာ္ကို ခန႔္အပ္ႏိုင္ခဲ့တဲ့ ဆယ္စုႏွစ္ ႏွစ္ခုစာ သက္တမ္းတစ္ေလွ်ာက္မွာ ပြင့္လင္း၊ လုံၿခဳံၿပီး လိုအပ္တာအားလုံး ေထာက္ပံ့ေပးႏိုင္တဲ့ လုပ္ငန္းခြင္တစ္ခုျဖစ္ဖို႔ ကြၽန္ေတာ္တို႔ အားတက္သေရာ ႀကိဳးစားခဲ့ၾကပါတယ္ … ”

Photo: ed_ellen_update/ Instagram

” ကြၽန္ေတာ္တို႔ production မိသားစုထဲက တစ္ဦးတစ္ေယာက္ပဲ ျဖစ္ေစ၊ အခုလို မေကာင္းတဲ့ အေတြ႕အႀကဳံမ်ိဳး ေတြ႕ႀကဳံခံစားခဲ့ရတယ္ဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔ အမွန္တကယ္ ဝမ္းနည္းၿပီး စိတ္မေကာင္းျဖစ္ရပါတယ္။ ကြၽန္ေတာ္တို႔ဟာ ဒီလိုမ်ိဳး မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ႀကိဳးစားေနၾကတာဟာလည္း ဒါမ်ိဳးျဖစ္ဖို႔ မဟုတ္ပါဘူး။ Ellen က ကြၽန္ေတာ္တို႔အတြက္ ခ်မွတ္ေပးထားတဲ့ မစ္ရွင္ဟာလည္း ဒါမ်ိဳး မဟုတ္ပါဘူး… ” လို႔ ျဖစ္ပါတယ္။

The Ellen DeGeneres Show ဟာ ေန႔ခင္းပိုင္းထုတ္လႊင့္တဲ့ ဆယ္လီေတြနဲ႔ စကားေျပာတဲ့ ရႈိးတစ္ခုျဖစ္ၿပီး Ellen DeGeneres က host အျဖစ္ တာဝန္ယူထားပါတယ္။ ဒီရႈိးဟာ ၂၀၀၃ခုႏွစ္က စတင္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ season ေပါင္း (၁၇)ခု ရွိေနၿပီ ျဖစ္ပါတယ္။ ဒီရႈိးကို ေန႔စဥ္ၾကည့္ရႈသူ ဦးေရမွာ ပ်မ္းမွ် (၂.၅)သန္းရွိၿပီး ယခုအခ်ိန္အထိ Emmy Awards ေပါင္း (၆၁)ခုကို ရရွိထားပါတယ္။

LaNina

Source: indianexpress

 

RELATED ARTICLES

Most Popular