HomeCelebs Update NewsInternationalခ်စ္သူ Caspar Jopling နဲ႔ ေပ်ာ္ရႊင္ခမ္းနားစြာ လက္ထပ္သြားၿပီျဖစ္တဲ့ အဆိုေတာ္ Ellie Goulding

ခ်စ္သူ Caspar Jopling နဲ႔ ေပ်ာ္ရႊင္ခမ္းနားစြာ လက္ထပ္သြားၿပီျဖစ္တဲ့ အဆိုေတာ္ Ellie Goulding

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

အဆိုေတာ္ Ellie Goulding ကေတာ့ သူမရဲ႕ခ်စ္သူ Caspar Jopling နဲ႔  အဂၤလန္ႏိုင္ငံက York Minister ဘုရားရိွခိုးေက်ာင္းမွာ ၾသဂုတ္လ(၃၁)ရက္ေန႔က တရား၀င္လက္ထပ္သြားပါၿပီ။ မဂၤလာပြဲကို နာမည္ေက်ာ္ အေျမာက္အမ်ား တက္ေရာက္ခဲ့ၾကၿပီး အဂၤလိပ္ရိုးရာထုံးစံအတိုင္း အခမ္းအနားကို က်င္းပခဲ့ပါတယ္။

Photo Credit: hollywoodlife

အသက္(၃၂)ႏွစ္အရြယ္ မမ Ellie Goulding နဲ႔ အသက္(၂၇)ႏွစ္အရြယ္ ေမာင္ေလး Caspar Jopling တို႔ဟာ လွပခမ္းနားစြာ ျပင္ဆင္ထားတဲ့ အဂၤလိပ္ရိုးရာ အခမ္းအနားနဲ႔အတူ လက္ထပ္ထိမ္းျမားခဲ့ၾကတာ ျဖစ္ပါတယ္။ အခမ္းအနားမွာ ၀တ္ဆင္ခဲ့တဲ့ Ellie ရဲ႕၀တ္စုံကေတာ့ ဒီဇိုင္နာ Natacha Ramsay-Levi ရဲ႕လက္ရာ အျဖဴေရာင္ဂါ၀န္ရွည္ႀကီးျဖစ္ၿပီး ဆံပင္ကိုေတာ့ မရိုးမဆန္း ေအာက္တြဲဆံထုံးေလးနဲ႔ ထုံးဖြဲ႕ထားတာကို ေတြ႕ရပါတယ္။ အျဖဴေရာင္နားဆြဲ ေသးေသးေလးကိုလည္း ဆင္ျမန္းထားၿပီး ပန္းစည္းကိုလည္း အျဖဴေရာင္ေလးကိုသာ သုံးထားတာ ေတြ႕ရပါတယ္။ မဂၤလာသတို႔သား Caspar ကေတာ့ နက္ျပာေရာင္ ကုတ္အရွည္နဲ႔အတူ ခန္႔ထည္ေက်ာ႔ေမာ့ေနတာကို ေတြ႕ၾကရပါတယ္။

Photo Credit: hollywoodlife

လိုက္ဖက္လြန္းတဲ့ မဂၤလာေမာင္ႏွံကို လာေရာက္ခ်ီးျမွင့္ၾကတဲ့ လူေတြထဲမွာ လူကုံထံေတြနဲ႔ အေက်ာ္အေမာ္မ်ားစြာလည္း ပါ၀င္ပါတယ္။ ဧည့္ပရိသတ္ထဲမွာ Katy Perry နဲ႔ သူမရဲ႕ခင္ပြန္းေလာင္း မင္းသားေခ်ာ Orlando Bloom ၊ အဂၤလန္ရဲ႕ေတာ္၀င္မိသားစုထဲက အႏြယ္ေတာ္ေတြျဖစ္တဲ့ မင္းသမီး Eugenie နဲ႔  ခင္ပြန္း Jack Brooksbank ၊ ေယာ့ခ္ၿမိဳ႕စားႀကီး James Blunt နဲ႔ ၾကင္ယာေတာ္ Sofia Wellesley ၊ Sienna Miller နဲ႔ သူမရဲ႕ခ်စ္သူ Lucas Zwirner စတဲ့ထိတ္ထိတ္ႀကဲေတြကို ေတြ႕ရပါတယ္။

Photo Credit: hollywoodlife
Photo Credit: hollywoodlife

ဒီမဂၤလာပြဲဟာ စီစဥ္ေနတာ ၾကာၿပီျဖစ္တဲ့အတြက္ သတို႔သားနဲ႔ သတို႔သမီးအတြက္ေတာ့ စိတ္ၾကည္ႏူး ရင္ခုန္စရာအျပည့္ပါပဲ။ Ellie နဲ႔ Caspar တို႔ဟာ ၂၀၁၇ခုႏွစ္ ဧၿပီလက စတင္ၿပီး ခ်စ္ႀကိဳးသြယ္ခဲ့ၾကသူေတြပါ။ ဒီလိုနဲ႔ ၂၀၁၈ခုႏွစ္ ၾသဂုတ္လအေရာက္မွာေတာ့ ႏွစ္ေယာက္သားရဲ႕ ေစ့စပ္လိုက္ၿပီဆိုတဲ့ သတင္းကို ၾကားၾကရပါတယ္။ ေစ့စပ္ၿပီးတည္းက မဂၤလာပြဲအတြက္ အခ်ိန္ယူျပင္ဆင္ထားၾကတာျဖစ္ၿပီး ဒီေန႔လို မဂၤလာရက္ျမတ္ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ ရင္သပ္ရႈေမာဖြယ္ရာ ခမ္းနားထည္၀ါလွတဲ့ ပြဲအခမ္းအနားႀကီးက အခ်ိန္ယူျပင္ဆင္ရက်ိဳးနပ္ေစတယ္လို႔ ေျပာရမွာပါ။ မဂၤလာေနရာ ေရြးခ်ယ္မႈကေန မဂၤလာ၀တ္စုံေတြအထိ အျပစ္ေျပာစရာမရိွေအာင္ ခမ္းနားၿပီး ထည္၀ါလွပလြန္းလွတာကို ေတြ႕ရပါတယ္။

ခ်စ္စရာ ၾကင္စဦး ဇနီးေမာင္ႏွံႏွစ္ဦးကိုလည္း မဂၤလာရက္ျမတ္မွသည္ သက္ဆုံးတိုင္ထိ ေပ်ာ္ရႊင္စြာနဲ႔ ေပါင္းဖက္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္။

Xei

Source: hollywoodlife

(Unicode Version)

အဆိုတော် Ellie Goulding ကတော့ သူမရဲ့ချစ်သူ Caspar Jopling နဲ့  အင်္ဂလန်နိုင်ငံက York Minister ဘုရားရှိခိုးကျောင်းမှာ သြဂုတ်လ(၃၁)ရက်နေ့က တရားဝင်လက်ထပ်သွားပါပြီ။ မင်္ဂလာပွဲကို နာမည်ကျော် အမြောက်အများ တက်ရောက်ခဲ့ကြပြီး အင်္ဂလိပ်ရိုးရာထုံးစံအတိုင်း အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

Photo Credit: hollywoodlife

အသက်(၃၂)နှစ်အရွယ် မမ Ellie Goulding နဲ့ အသက်(၂၇)နှစ်အရွယ် မောင်လေး Caspar Jopling တို့ဟာ လှပခမ်းနားစွာ ပြင်ဆင်ထားတဲ့ အင်္ဂလိပ်ရိုးရာ အခမ်းအနားနဲ့အတူ လက်ထပ်ထိမ်းမြားခဲ့ကြတာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ဝတ်ဆင်ခဲ့တဲ့ Ellie ရဲ့ဝတ်စုံကတော့ ဒီဇိုင်နာ Natacha Ramsay-Levi ရဲ့လက်ရာ အဖြူရောင်ဂါဝန်ရှည်ကြီးဖြစ်ပြီး ဆံပင်ကိုတော့ မရိုးမဆန်း အောက်တွဲဆံထုံးလေးနဲ့ ထုံးဖွဲ့ထားတာကို တွေ့ရပါတယ်။ အဖြူရောင်နားဆွဲ သေးသေးလေးကိုလည်း ဆင်မြန်းထားပြီး ပန်းစည်းကိုလည်း အဖြူရောင်လေးကိုသာ သုံးထားတာ တွေ့ရပါတယ်။ မင်္ဂလာသတို့သား Caspar ကတော့ နက်ပြာရောင် ကုတ်အရှည်နဲ့အတူ ခန့်ထည်ကျော့မော့နေတာကို တွေ့ကြရပါတယ်။

Photo Credit: hollywoodlife

လိုက်ဖက်လွန်းတဲ့ မင်္ဂလာမောင်နှံကို လာရောက်ချီးမြှင့်ကြတဲ့ လူတွေထဲမှာ လူကုံထံတွေနဲ့ အကျော်အမော်များစွာလည်း ပါဝင်ပါတယ်။ ဧည့်ပရိသတ်ထဲမှာ Katy Perry နဲ့ သူမရဲ့ခင်ပွန်းလောင်း မင်းသားချော Orlando Bloom ၊ အင်္ဂလန်ရဲ့တော်ဝင်မိသားစုထဲက အနွယ်တော်တွေဖြစ်တဲ့ မင်းသမီး Eugenie နဲ့  ခင်ပွန်း Jack Brooksbank ၊ ယော့ခ်မြို့စားကြီး James Blunt နဲ့ ကြင်ယာတော် Sofia Wellesley ၊ Sienna Miller နဲ့ သူမရဲ့ချစ်သူ Lucas Zwirner စတဲ့ထိတ်ထိတ်ကြဲတွေကို တွေ့ရပါတယ်။

Photo Credit: hollywoodlife
Photo Credit: hollywoodlife

ဒီမင်္ဂလာပွဲဟာ စီစဉ်နေတာ ကြာပြီဖြစ်တဲ့အတွက် သတို့သားနဲ့ သတို့သမီးအတွက်တော့ စိတ်ကြည်နူး ရင်ခုန်စရာအပြည့်ပါပဲ။ Ellie နဲ့ Caspar တို့ဟာ ၂၀၁၇ခုနှစ် ဧပြီလက စတင်ပြီး ချစ်ကြိုးသွယ်ခဲ့ကြသူတွေပါ။ ဒီလိုနဲ့ ၂၀၁၈ခုနှစ် သြဂုတ်လအရောက်မှာတော့ နှစ်ယောက်သားရဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းကို ကြားကြရပါတယ်။ စေ့စပ်ပြီးတည်းက မင်္ဂလာပွဲအတွက် အချိန်ယူပြင်ဆင်ထားကြတာဖြစ်ပြီး ဒီနေ့လို မင်္ဂလာရက်မြတ်ကို ရောက်လာတဲ့အချိန်မှာတော့ ရင်သပ်ရှုမောဖွယ်ရာ ခမ်းနားထည်ဝါလှတဲ့ ပွဲအခမ်းအနားကြီးက အချိန်ယူပြင်ဆင်ရကျိုးနပ်စေတယ်လို့ ပြောရမှာပါ။ မင်္ဂလာနေရာ ရွေးချယ်မှုကနေ မင်္ဂလာဝတ်စုံတွေအထိ အပြစ်ပြောစရာမရှိအောင် ခမ်းနားပြီး ထည်ဝါလှပလွန်းလှတာကို တွေ့ရပါတယ်။

ချစ်စရာ ကြင်စဦး ဇနီးမောင်နှံနှစ်ဦးကိုလည်း မင်္ဂလာရက်မြတ်မှသည် သက်ဆုံးတိုင်ထိ ပျော်ရွှင်စွာနဲ့ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Xei

Source: hollywoodlife

RELATED ARTICLES

Most Popular