HomeCelebs Update NewsInternationalSix Packs နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ကြွားလုံးထုတ်လာတဲ့ Elliot Page 

Six Packs နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ကြွားလုံးထုတ်လာတဲ့ Elliot Page 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်သရုပ်ဆောင် Elliot Page ကတော့ ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းနေအောင် ဘယ်လောက်ထိ လေ့ကျင့်ခန်းတွေ ပြုလုပ်ထားတယ်ဆိုတာကို မကြာသေးခင်ကပဲ ပရိသတ်တွေဆီ ခပ်ကြွားကြွားလေး မျှဝေပေးလိုက်ပါတယ်။

အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Elliot Page ဟာ six packs နဲ့ ကြံခိုင်သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်း mirror selfie ပုံနဲ့ အင်စတာဂရမ်မှာ မျှဝေထားပါတယ်။ အဆိုပါပို့စ်ရဲ့ caption မှာတော့ “အိုး … ကောင်းသားပဲ။ ကျွန်တော့်ဖုန်းအသစ်က အလုပ်ဖြစ်တယ် … ” လို့ ရေးသားထားပါတယ်။

အဆိုပါပို့စ်ရဲ့ ကွန်းမန့်တွေမှာတော့ တကယ့် ယောက်ျားရင့်မကြီးတစ်ယောက်အဖြစ် ပြောင်းလဲလာတဲ့ Elliot ကို ဝိုင်းဝန်း ထောက်ခံအားပေးထားပြီး Awkwafina ၊ Rain Phoenix စတဲ့ အခြားနာမည်ကျော်တွေကလည်း ကွန်းမန့်ဝင်ရေးထားတာ တွေ့ရပါတယ်။

Photo: elliotpage/ Instagram

Elliot Page ဟာ ယခုနှစ် မတ်လမှာပဲ transgender တစ်ယောက်အဖြစ် တရားဝင် အသိပေးခဲ့တာ ဖြစ်ပြီး သူ့အတွက် သုံးနှုန်းရမယ့် နာမ်စားကိုတော့ he/they အဖြစ် ပြောင်းလဲထားပါတယ်။ အဲဒီနောက်ပိုင်းကစလို့ Elliot ဟာ သူ့ရဲ့ transgender ခရီးစဉ်က ပြောင်းလဲမှုတွေကို အင်စတာဂရမ်မှာ မျှဝေပေးလာတာ ဖြစ်ပါတယ်။

ရင်သားတွေ ဖယ်ရှားလိုက်တဲ့ ခွဲစိတ်မှုအပြီး မေလမှာပဲ သူ့ရဲ့ ခန္ဓာကိုယ်သွင်ပြင်ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသလာတာ ဖြစ်ပါတယ်။ အဲဒါကတော့ ရေကူးကန်နံဘေးမှာ ရပ်နေတဲ့ပုံ ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ယောက်ျားဝတ် ရေကူးဘောင်းဘီနဲ့ တွေ့မြင်လိုက်ရတာ ဖြစ်ပါတယ်။

The Umbrella Academy သရုပ်ဆောင် Elliot Page ဟာ မတ်လတုန်းက Time မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပဲ ရင်သားဖယ်ရှားဖို့ အပေါ်ပိုင်း ခွဲစိတ်မှုကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့တယ်လို့ တရားဝင် ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ သူ့ရဲ့အမည်ကိုလည်း Ellen Page အဖြစ်ကနေ Elliot Page အဖြစ်ကို ပြောင်းလဲလိုက်ကြောင်းနဲ့ နာမ်စားကိုပါ ပြောင်းလဲလိုက်ကြောင်း တရားဝင် အသိပေးခဲ့တာ ဖြစ်ပါတယ်။

Photo: elliotpage/ Instagram

သူ့ရဲ့ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ဘာကြောင့် လူထုကို တရားဝင် ထုတ်ပြောခဲ့ရလည်းဆိုတာကိုတော့ ဧပြီလတုန်းက Oprah Winfrey နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလို ပြောခဲ့ပါသေးတယ်။

“ဒီကိစ္စကို ပြောပြချင်ရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ဒါက ဘယ်လောက်ထိ ကျွန်တော့်ဘဝကို ပြောင်းလဲပေးလိုက်လည်းဆိုတာ လူတွေအားလုံးနဲ့ ဝေမျှပေးချင်တာလည်း ပါပါတယ်။ ဒါက ကျွန်တော့်အတွက် ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေရုံတင် မဟုတ်ဘဲ လူ့အသက်ကိုပါ ကယ်တင်ပေးနိုင်တယ်လို့ ကျွန်တော်က ယုံကြည်ပါတယ်။ တခြားလူပေါင်းများစွာအတွက်လည်း အဲဒီလိုပါပဲ။ ဒါကို လူတွေ သိစေချင်တာပါ … ”

“ဘာလို့လည်းဆိုတော့ trans တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး တိုက်ခိုက်ခံရမှုတွေတောင် ရှိနေတာမို့လို့ပါ။ နဂိုတည်းကမှ trans တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှုက မရှိရတဲ့ကြားထဲ ဒီလိုတွေ ဖြစ်နေတော့ trans တွေကိုယ်တိုင်ကိုက ဆရာဝန်နဲ့ သွားမတွေ့ချင်တော့တာတွေ ဖြစ်နေကြတာပါ … ” လို့ Elliot က ပြောထားပါတယ်။

Photo: elliotpage/ Instagram

transgender တစ်ယောက်အဖြစ် အသိပေးပြီးတည်းက Elliot ဟာ သူ့ရဲ့ ဖော်လိုဝါ သန်းနဲ့ချီရှိနေတဲ့ လူမှုကွန်ယက်အကောင့်တွေမှာ trans တွေရဲ့ ဘဝအပေါ် ပျော်ရွှင်နှစ်သက်မှုနဲ့ အခြားသော သိသင့်သိထိုက်တဲ့ အသိပညာဝေမျှမှုတွေကို ဆက်တိုက် လှုံ့ဆော်ပေးနေခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး လူတွေရဲ့ ချီးမွမ်းမှုကို ရရှိထားရုံတင် မဟုတ်ဘဲ ပြီးခဲ့တဲ့ ဩဂုတ်လမှာ ကျင်းပခဲ့တဲ့ Outfest Los Angeles LGBTQ ရုပ်ရှင်ပွဲတော်မှာလည်း ယခုနှစ်အတွက် Outfest Annual Achievement Awards ကို ချီးမြှင့်ခံခဲ့ရပါသေးတယ်။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္သ႐ုပ္ေဆာင္ Elliot Page ကေတာ့ ခႏၶာကိုယ္ ႀကံ့ခိုင္ေတာင့္တင္းေနေအာင္ ဘယ္ေလာက္ထိ ေလ့က်င့္ခန္းေတြ ျပဳလုပ္ထားတယ္ဆိုတာကို မၾကာေသးခင္ကပဲ ပရိသတ္ေတြဆီ ခပ္ႂကြားႂကြားေလး မၽွေဝေပးလိုက္ပါတယ္။

အသက္(၃၄)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Elliot Page ဟာ six packs နဲ႔ ႀကံခိုင္သန္မာတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားေၾကာင္း mirror selfie ပုံနဲ႔ အင္စတာဂရမ္မွာ မၽွေဝထားပါတယ္။ အဆိုပါပို႔စ္ရဲ့ caption မွာေတာ့ “အိုး … ေကာင္းသားပဲ။ ကၽြန္ေတာ့္ဖုန္းအသစ္က အလုပ္ျဖစ္တယ္ … ” လို႔ ေရးသားထားပါတယ္။

အဆိုပါပို႔စ္ရဲ့ ကြန္းမန႔္ေတြမွာေတာ့ တကယ့္ ေယာက္်ားရင့္မႀကီးတစ္ေယာက္အျဖစ္ ေျပာင္းလဲလာတဲ့ Elliot ကို ဝိုင္းဝန္း ေထာက္ခံအားေပးထားၿပီး Awkwafina ၊ Rain Phoenix စတဲ့ အျခားနာမည္ေက်ာ္ေတြကလည္း ကြန္းမန႔္ဝင္ေရးထားတာ ေတြ႕ရပါတယ္။

Photo: elliotpage/ Instagram

Elliot Page ဟာ ယခုႏွစ္ မတ္လမွာပဲ transgender တစ္ေယာက္အျဖစ္ တရားဝင္ အသိေပးခဲ့တာ ျဖစ္ၿပီး သူ႔အတြက္ သုံးႏွုန္းရမယ့္ နာမ္စားကိုေတာ့ he/they အျဖစ္ ေျပာင္းလဲထားပါတယ္။ အဲဒီေနာက္ပိုင္းကစလို႔ Elliot ဟာ သူ႔ရဲ့ transgender ခရီးစဥ္က ေျပာင္းလဲမွုေတြကို အင္စတာဂရမ္မွာ မၽွေဝေပးလာတာ ျဖစ္ပါတယ္။

ရင္သားေတြ ဖယ္ရွားလိုက္တဲ့ ခြဲစိတ္မွုအၿပီး ေမလမွာပဲ သူ႔ရဲ့ ခႏၶာကိုယ္သြင္ျပင္ကို ပထမဆုံးအႀကိမ္အျဖစ္ ထုတ္ေဖာ္ျပသလာတာ ျဖစ္ပါတယ္။ အဲဒါကေတာ့ ေရကူးကန္နံေဘးမွာ ရပ္ေနတဲ့ပုံ ျဖစ္ၿပီး ပထမဆုံးအႀကိမ္အျဖစ္ ေယာက္်ားဝတ္ ေရကူးေဘာင္းဘီနဲ႔ ေတြ႕ျမင္လိုက္ရတာ ျဖစ္ပါတယ္။

The Umbrella Academy သ႐ုပ္ေဆာင္ Elliot Page ဟာ မတ္လတုန္းက Time မဂၢဇင္းနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာပဲ ရင္သားဖယ္ရွားဖို႔ အေပၚပိုင္း ခြဲစိတ္မွုကို ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလမွာ ျပဳလုပ္ခဲ့တယ္လို႔ တရားဝင္ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။ တဆက္တည္းမွာပဲ သူ႔ရဲ့အမည္ကိုလည္း Ellen Page အျဖစ္ကေန Elliot Page အျဖစ္ကို ေျပာင္းလဲလိုက္ေၾကာင္းနဲ႔ နာမ္စားကိုပါ ေျပာင္းလဲလိုက္ေၾကာင္း တရားဝင္ အသိေပးခဲ့တာ ျဖစ္ပါတယ္။

Photo: elliotpage/ Instagram

သူ႔ရဲ့ ခြဲစိတ္မွုနဲ႔ ပတ္သက္ၿပီး ဘာေၾကာင့္ လူထုကို တရားဝင္ ထုတ္ေျပာခဲ့ရလည္းဆိုတာကိုေတာ့ ဧၿပီလတုန္းက Oprah Winfrey နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ အခုလို ေျပာခဲ့ပါေသးတယ္။

“ဒီကိစၥကို ေျပာျပခ်င္ရတဲ့ အေၾကာင္းရင္းေတြ ရွိပါတယ္။ ဒါက ဘယ္ေလာက္ထိ ကၽြန္ေတာ့္ဘဝကို ေျပာင္းလဲေပးလိုက္လည္းဆိုတာ လူေတြအားလုံးနဲ႔ ေဝမၽွေပးခ်င္တာလည္း ပါပါတယ္။ ဒါက ကၽြန္ေတာ့္အတြက္ ဘဝတစ္ခုလုံးကို ေျပာင္းလဲသြားေစ႐ုံတင္ မဟုတ္ဘဲ လူ႔အသက္ကိုပါ ကယ္တင္ေပးနိုင္တယ္လို႔ ကၽြန္ေတာ္က ယုံၾကည္ပါတယ္။ တျခားလူေပါင္းမ်ားစြာအတြက္လည္း အဲဒီလိုပါပဲ။ ဒါကို လူေတြ သိေစခ်င္တာပါ … ”

“ဘာလို႔လည္းဆိုေတာ့ trans ေတြရဲ့ က်န္းမာေရးေစာင့္ေရွာက္မွုနဲ႔ ပတ္သက္ၿပီး တိုက္ခိုက္ခံရမွုေတြေတာင္ ရွိေနတာမို႔လို႔ပါ။ နဂိုတည္းကမွ trans ေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မွု ရရွိနိုင္မွုက မရွိရတဲ့ၾကားထဲ ဒီလိုေတြ ျဖစ္ေနေတာ့ trans ေတြကိုယ္တိုင္ကိုက ဆရာဝန္နဲ႔ သြားမေတြ႕ခ်င္ေတာ့တာေတြ ျဖစ္ေနၾကတာပါ … ” လို႔ Elliot က ေျပာထားပါတယ္။

Photo: elliotpage/ Instagram

transgender တစ္ေယာက္အျဖစ္ အသိေပးၿပီးတည္းက Elliot ဟာ သူ႔ရဲ့ ေဖာ္လိုဝါ သန္းနဲ႔ခ်ီရွိေနတဲ့ လူမွုကြန္ယက္အေကာင့္ေတြမွာ trans ေတြရဲ့ ဘဝအေပၚ ေပ်ာ္ရႊင္ႏွစ္သက္မွုနဲ႔ အျခားေသာ သိသင့္သိထိုက္တဲ့ အသိပညာေဝမၽွမွုေတြကို ဆက္တိုက္ လွုံ႔ေဆာ္ေပးေနခဲ့တာ ျဖစ္ပါတယ္။

ဒါနဲ႔ ပတ္သက္ၿပီး လူေတြရဲ့ ခ်ီးမြမ္းမွုကို ရရွိထား႐ုံတင္ မဟုတ္ဘဲ ၿပီးခဲ့တဲ့ ဩဂုတ္လမွာ က်င္းပခဲ့တဲ့ Outfest Los Angeles LGBTQ ႐ုပ္ရွင္ပြဲေတာ္မွာလည္း ယခုႏွစ္အတြက္ Outfest Annual Achievement Awards ကို ခ်ီးျမႇင့္ခံခဲ့ရပါေသးတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular