HomeCelebs Update NewsInternationalElon Musk ကို အဖေမတော်ချင်တော့လို့ နာမည်ပါပြောင်းဖို့လုပ်နေတဲ့ သမီးဖြစ်သူ Vivian

Elon Musk ကို အဖေမတော်ချင်တော့လို့ နာမည်ပါပြောင်းဖို့လုပ်နေတဲ့ သမီးဖြစ်သူ Vivian

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဌေး Elon Musk ရဲ့ကလေးတစ်ဦးကတော့ ဖခင်ဖြစ်သူနဲ့ ဆက်လက်ပြီး သွေးသားမတော်စပ်ချင်တော့တဲ့အတွက် နာမည်ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ အဲဒီကလေးကတော့ Elon Musk ရဲ့ အသက်(၁၈)နှစ်အရွယ် အမွှာကလေးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး transgender တစ်ယောက်လည်း ဖြစ်ပါတယ်။

Xavier Alexander Musk လို့ခေါ်တဲ့ Elon Musk ရဲ့ကလေးဟာ အသက်(၁၈)နှစ်ပြည့်ပြီးပြီးချင်းမှာပဲ လော့စ်အိန်ဂျလိစ်ကောင်တီရဲ့ တရားရုံးချုပ်မှာ သူ့ရဲ့ဆန္ဒတွေကို တရားဝင်ဖို့ လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။ အဲဒါကတော့ သူ့ရဲ့အမည်ကို Vivian Jenna Wilson အဖြစ် တရားဝင် ပြောင်းလဲပေးဖို့နဲ့ သူ့ရဲ့လိင်အမျိုးအစားကိုလည်း female အဖြစ် ပြောင်းလဲပေးဖို့ လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။ ဒီနှစ်မျိုးလုံးကို တရားဝင် ပြောင်းလဲနိုင်ဖို့အတွက် မွေးစာရင်းအသစ်ကိုပါ ထုတ်ပေးဖို့ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။

Photo: elonmusk/ Instagram

အခုလိုပြောင်းလဲမှုတွေကို ဘာကြောင့်လုပ်ချင်ရတယ်ဆိုတဲ့ အကြောင်းကိုတော့ သူ့ရဲ့လျှောက်ထားလွှာထဲမှာ ပြောထားတယ်လို့ သိရပါတယ်။ “gender identity နဲ့အတူ ကျွန်မအဖေအရင်းနဲ့ ဆက်လက် သွေးသားတော်စပ်ပြီး နေထိုင်အသက်ရှင်သွားဖို့ ဆန္ဒလုံးဝမရှိပါဘူး။ ဘယ်လိုနည်းလမ်း၊ ပုံစံ၊ အသွင်သဏ္ဍာန်နဲ့မှ ကျွန်မအဖေရင်းနဲ့ တော်စပ်လိုစိတ် မရှိပါဘူး …” လို့ လျှောက်ထားချက်ထဲမှာ ရေးသားထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းကိုတော့ TMZ သတင်းဌာနက ပထမဆုံး တင်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် People မဂ္ဂဇင်းကတော့ Elon Musk ရဲ့ရှေ့နေ၊ Tesla ကုမ္ပဏီရဲ့ကိုယ်စားလှယ်နဲ့ Musk ရဲ့ဇနီးဟောင်း Justine တို့ကို ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိမှာ တုံ့ပြန်ချက်တစုံတရာမှ မရရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ကာယကံရှင်ဖြစ်တဲ့ Vivian ဆီကို ဆက်သွယ် မေးမြန်းရာမှာတော့ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

Photo Credit: AP

Vivian ကတော့ Elon Musk နဲ့ စာရေးဆရာမ Justine တို့ရဲ့ ကလေးငါးဦးထဲက တစ်ယောက် ဖြစ်ပါတယ်။ Elon Musk ဟာ ၂၀၀၀ ခုနှစ်မှာ Justine နဲ့ လက်ထပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။ Elon Musk နဲ့ Justine တို့ဟာ နှစ်မွှာပူးကလေး တစ်စုံနဲ့ သုံးမွှာပူးကလေး တစ်စုံတို့ကို မွေးထားတာ ဖြစ်ပြီး အားလုံးကတော့ သားတွေချည်းပဲ ဖြစ်ပါတယ်။

Vivian ရဲ့ ယခုလို လိင်ပြောင်းလဲခံယူမှုဟာ ဖခင်ဖြစ်သူ Elon Musk အတွက်တော့ ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်မလည်းဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အကြောင်းကတော့ Elon Musk ဟာ မကြာသေးတဲ့ကာလတုန်းက transgender တွေအပေါ် လှောင်ပြောင်ဝေဖန်တဲ့ ပို့စ်မျိုးတွေ တွစ်တာပေါ်မှာ တင်ခဲ့ဖူးပြီး ဝေဖန်မှုများစွာလည်း ရရှိထားတာကြောင့်ပါပဲ။

Vancouver

Source: people

RELATED ARTICLES

Most Popular