HomeCelebs Update NewsInternationalဘယ်အချိန်မှာ စူပါဟီးရိုးဇာတ်ရုပ်ကို သရုပ်ဆောင်မယ်ဆိုတာ ပြောလာတဲ့ Emily Blunt 

ဘယ်အချိန်မှာ စူပါဟီးရိုးဇာတ်ရုပ်ကို သရုပ်ဆောင်မယ်ဆိုတာ ပြောလာတဲ့ Emily Blunt 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေဟာ မင်းသမီး Emily Blunt ကို စူပါဟီးရိုး ဇာတ်ရုပ်တစ်ခုခုမှာ သရုပ်ဆောင်စေချင်နေကြတာ အချိန်အားဖြင့် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ သို့သော်လည်း မင်းသမီးဘက်ကတော့ ကမ်းလှမ်းလာတဲ့ စူပါဟီးရိုး ဇာတ်ရုပ်တွေကို ငြင်းပယ်လေ့ ရှိပြီး အခုအခါမှာတော့ သူမ လိုချင်တဲ့ အနေအထားမျိုး ရှိမှ လက်ခံမယ်လို့ ဆိုလာပါတယ်။

Emily Blunt ဟာ ရုပ်ရှင်လောကမှာတော့ ဇာတ်ရုပ်မျိုးစုံ၊ ရုပ်ရှင်အမျိုးအစား မျိုးစုံမှာ အစွမ်းပြထားတဲ့ မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်။ The Devils Wear Prada ၊ Mary Poppins Return တို့လို ဇာတ်ကားတွေကနေ Edge of Tomorrow နဲ့ A Quiet Place တို့လို ဇာတ်ကားအမျိုးအစားတွေအထိ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသထားသူလည်း ဖြစ်ပါတယ်။ သူမ နောက်ဆုံး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကတော့ Dwayne Johnson လည်းအတူ ပါဝင်ထားတဲ့ Jungle Cruise ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

Photo: _emily_blunt_/ Instagram

သို့သော်လည်း Emily ဟာ အခုအချိန်အထိ စူပါဟီးရိုးဇာတ်ရုပ် တစ်ခုတစ်လေမှာမှ သရုပ်မဆောင်ရသေးပါဘူး။ ဒါဟာ စတူဒီယိုတွေဘက်က အားမထုတ်လို့လည်း မဟုတ်ပါဘူး။ သူမရဲ့ သရုပ်ဆောင်သက်တမ်းတလျှောက် စူပါဟီးရိုးဇာတ်ရုပ်များစွာကို ကမ်းလှမ်းခံခဲ့ရသူ ဖြစ်ပြီး Marvel က Black Widow ကာရိုက်တာကိုလည်း ကမ်းလှမ်းခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း MCU က ပြန်ရိုက်မယ့် Fantastic Four ဇာတ်ကားမှာ Invisible Woman နေရာက Emily Blunt ပါဝင်လာဦးမယ်လို့ ပရိသတ်တွေကြားမှာ ကောလာဟလ ထွက်ခဲ့ပါသေးတယ်။ သို့သော်လည်း မင်းသမီးဘက်ကတော့ သူမအနေနဲ့ စတူဒီယိုနဲ့ စာချုပ်မချုပ်ရသေးကြောင်းနဲ့ ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ လက်ခံထားခြင်း မရှိကြောင်း ငြင်းဆိုထားပြန်ပါတယ်။

Photo: _emily_blunt_/ Instagram

သို့ပေမယ့်လည်း Emily ရဲ့ စူပါဟီးရိုးဇာတ်ရုပ်တွေကို ငြင်းပယ်နေမှုဟာ ထာဝရတော့ မဟုတ်နိုင်ကြောင်း မကြာသေးမီက အင်တာဗျူးမှာ ဖြေကြားသွားချက်အရ သိရပါတယ်။ အဲဒါကတော့ Jungle Cruise ဇာတ်ကား ပရိုမိုးရှင်းအတွက် မင်းသား Dwayne Johnson နဲ့အတူ Collider သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ရာမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမှာ စူပါဟီးရိုးဇာတ်ရုပ်ကို လက်ခံမယ်ဆိုတာ သူမက အခုလိုပဲ ပြောထားပါတယ်။

“ဒါက ပြောရရင်တော့ ဇာတ်လမ်းနဲ့လည်း ဆိုင်တယ်။ ပြီးတော့ ကျွန်မ သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာ အမျိုးအစား ဖြစ်မလား ဆိုတာနဲ့လည်း ဆိုင်တယ်။ ကျွန်မကိုယ်တိုင်ကိုက ဒီဇာတ်ရုပ်တွေကို မလုပ်ချင်ဘူးဆိုတာမျိုးလည်း မဟုတ်ပါဘူး။ ပြီးတော့ ဒီဇာတ်ရုပ်တွေက ကျွန်မအတွက် မဟုတ်ဘူးလို့ အမြဲတမ်း သဘောထားနေတာမျိုးလည်း မဟုတ်ပါဘူး။ ပြောရရင် အချိန်ကိုက် မဖြစ်တာမျိုး၊ ကျွန်မ လုပ်ချင်တာနဲ့ မကိုက်တာမျိုးတွေနဲ့ပဲ ဖြစ်ဖြစ်နေလို့ပါ … ” လို့ ဆိုထားပြီး တကယ်လို့ ဇာတ်ညွှန်းကသာ သူမ နှစ်သက်တဲ့ ပုံစံအတိုင်း ရှိခဲ့မယ်ဆိုရင် စူပါဟီးရိုးဇာတ်ကောင်တွေကို လက်ခံမယ်ဆိုတဲ့သဘော ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Photo: _emily_blunt_/ Instagram

အဆိုပါ အင်တာဗျူးမှာပဲ Emily အနေနဲ့ တစ်နေ့မှာတော့ Black Adam ရဲ့ spin-off ကာရိုက်တာ White Betty နေရာမှာ သရုပ်ဆောင်သွားမှာပါလို့ Dwayne Johnson က အရွှန်းဖောက်ထားပါသေးတယ်။ ဒါတင်မက White Betty ရဲ့ ကာရိုက်တာရုပ်ပုံကိုပါ Emily ဆီ ပို့ပေးထားပြီးပါပြီလို့ စနောက်သွားပါသေးတယ်။ တကယ်တော့ White Betty ဆိုတဲ့ ကာရိုက်တာဟာ Dwayne က တမင်တီထွင်ပြီး နောက်ပြောင်ထားတာ ဖြစ်ပြီး တကယ်ရှိတဲ့ ကာရိုက်တာ မဟုတ်ပါဘူး။

တကယ်တော့ အခုကာလဟာ နာမည်ကြီး ထိတ်ထိတ်ကြဲ သရုပ်ဆောင်တိုင်း နီးပါးလောက်ဟာ စူပါဟီးရိုးဇာတ်ကားတွေမှာ ဇာတ်ကောင်တစ်ခုခုတော့ ပါဝင်သရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဘောင်ခတ်မထားတဲ့ Emily အနေနဲ့ သူမရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ကာရိုက်တာတွေနဲ့ တွေ့ကြုံရင်တော့ သေချာပေါက် လက်ခံလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

ပရိသတ္ေတြဟာ မင္းသမီး Emily Blunt ကို စူပါဟီး႐ိုး ဇာတ္႐ုပ္တစ္ခုခုမွာ သ႐ုပ္ေဆာင္ေစခ်င္ေနၾကတာ အခ်ိန္အားျဖင့္ ၾကာျမင့္လာၿပီ ျဖစ္ပါတယ္။ သို႔ေသာ္လည္း မင္းသမီးဘက္ကေတာ့ ကမ္းလွမ္းလာတဲ့ စူပါဟီး႐ိုး ဇာတ္႐ုပ္ေတြကို ျငင္းပယ္ေလ့ ရွိၿပီး အခုအခါမွာေတာ့ သူမ လိုခ်င္တဲ့ အေနအထားမ်ိဳး ရွိမွ လက္ခံမယ္လို႔ ဆိုလာပါတယ္။

Emily Blunt ဟာ ႐ုပ္ရွင္ေလာကမွာေတာ့ ဇာတ္႐ုပ္မ်ိဳးစုံ၊ ႐ုပ္ရွင္အမ်ိဳးအစား မ်ိဳးစုံမွာ အစြမ္းျပထားတဲ့ မင္းသမီးတစ္လက္အျဖစ္ နာမည္ႀကီးသူ ျဖစ္ပါတယ္။ The Devils Wear Prada ၊ Mary Poppins Return တို႔လို ဇာတ္ကားေတြကေန Edge of Tomorrow နဲ႔ A Quiet Place တို႔လို ဇာတ္ကားအမ်ိဳးအစားေတြအထိ သူမရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ကို ျပသထားသူလည္း ျဖစ္ပါတယ္။ သူမ ေနာက္ဆုံး သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားကေတာ့ Dwayne Johnson လည္းအတူ ပါဝင္ထားတဲ့ Jungle Cruise ႐ုပ္ရွင္ပဲ ျဖစ္ပါတယ္။

Photo: _emily_blunt_/ Instagram

သို႔ေသာ္လည္း Emily ဟာ အခုအခ်ိန္အထိ စူပါဟီး႐ိုးဇာတ္႐ုပ္ တစ္ခုတစ္ေလမွာမွ သ႐ုပ္မေဆာင္ရေသးပါဘူး။ ဒါဟာ စတူဒီယိုေတြဘက္က အားမထုတ္လို႔လည္း မဟုတ္ပါဘူး။ သူမရဲ႕ သ႐ုပ္ေဆာင္သက္တမ္းတေလွ်ာက္ စူပါဟီး႐ိုးဇာတ္႐ုပ္မ်ားစြာကို ကမ္းလွမ္းခံခဲ့ရသူ ျဖစ္ၿပီး Marvel က Black Widow ကာ႐ိုက္တာကိုလည္း ကမ္းလွမ္းခံခဲ့ရဖူးသူ ျဖစ္ပါတယ္။

မၾကာေသးခင္ကလည္း MCU က ျပန္႐ိုက္မယ့္ Fantastic Four ဇာတ္ကားမွာ Invisible Woman ေနရာက Emily Blunt ပါဝင္လာဦးမယ္လို႔ ပရိသတ္ေတြၾကားမွာ ေကာလာဟလ ထြက္ခဲ့ပါေသးတယ္။ သို႔ေသာ္လည္း မင္းသမီးဘက္ကေတာ့ သူမအေနနဲ႔ စတူဒီယိုနဲ႔ စာခ်ဳပ္မခ်ဳပ္ရေသးေၾကာင္းနဲ႔ ဒီဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ဖို႔ လက္ခံထားျခင္း မရွိေၾကာင္း ျငင္းဆိုထားျပန္ပါတယ္။

Photo: _emily_blunt_/ Instagram

သို႔ေပမယ့္လည္း Emily ရဲ႕ စူပါဟီး႐ိုးဇာတ္႐ုပ္ေတြကို ျငင္းပယ္ေနမႈဟာ ထာဝရေတာ့ မဟုတ္ႏိုင္ေၾကာင္း မၾကာေသးမီက အင္တာဗ်ဴးမွာ ေျဖၾကားသြားခ်က္အရ သိရပါတယ္။ အဲဒါကေတာ့ Jungle Cruise ဇာတ္ကား ပ႐ိုမိုးရွင္းအတြက္ မင္းသား Dwayne Johnson နဲ႔အတူ Collider သတင္းဌာနနဲ႔ အင္တာဗ်ဴး ျပဳလုပ္ခဲ့ရာမွာ ေျပာၾကားသြားတာ ျဖစ္ပါတယ္။ ဘယ္လိုအေျခအေနမွာ စူပါဟီး႐ိုးဇာတ္႐ုပ္ကို လက္ခံမယ္ဆိုတာ သူမက အခုလိုပဲ ေျပာထားပါတယ္။

“ဒါက ေျပာရရင္ေတာ့ ဇာတ္လမ္းနဲ႔လည္း ဆိုင္တယ္။ ၿပီးေတာ့ ကြၽန္မ သ႐ုပ္မေဆာင္ဖူးေသးတဲ့ ကာ႐ိုက္တာ အမ်ိဳးအစား ျဖစ္မလား ဆိုတာနဲ႔လည္း ဆိုင္တယ္။ ကြၽန္မကိုယ္တိုင္ကိုက ဒီဇာတ္႐ုပ္ေတြကို မလုပ္ခ်င္ဘူးဆိုတာမ်ိဳးလည္း မဟုတ္ပါဘူး။ ၿပီးေတာ့ ဒီဇာတ္႐ုပ္ေတြက ကြၽန္မအတြက္ မဟုတ္ဘူးလို႔ အၿမဲတမ္း သေဘာထားေနတာမ်ိဳးလည္း မဟုတ္ပါဘူး။ ေျပာရရင္ အခ်ိန္ကိုက္ မျဖစ္တာမ်ိဳး၊ ကြၽန္မ လုပ္ခ်င္တာနဲ႔ မကိုက္တာမ်ိဳးေတြနဲ႔ပဲ ျဖစ္ျဖစ္ေနလို႔ပါ … ” လို႔ ဆိုထားၿပီး တကယ္လို႔ ဇာတ္ၫႊန္းကသာ သူမ ႏွစ္သက္တဲ့ ပုံစံအတိုင္း ရွိခဲ့မယ္ဆိုရင္ စူပါဟီး႐ိုးဇာတ္ေကာင္ေတြကို လက္ခံမယ္ဆိုတဲ့သေဘာ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

Photo: _emily_blunt_/ Instagram

အဆိုပါ အင္တာဗ်ဴးမွာပဲ Emily အေနနဲ႔ တစ္ေန႔မွာေတာ့ Black Adam ရဲ႕ spin-off ကာ႐ိုက္တာ White Betty ေနရာမွာ သ႐ုပ္ေဆာင္သြားမွာပါလို႔ Dwayne Johnson က အ႐ႊန္းေဖာက္ထားပါေသးတယ္။ ဒါတင္မက White Betty ရဲ႕ ကာ႐ိုက္တာ႐ုပ္ပုံကိုပါ Emily ဆီ ပို႔ေပးထားၿပီးပါၿပီလို႔ စေနာက္သြားပါေသးတယ္။ တကယ္ေတာ့ White Betty ဆိုတဲ့ ကာ႐ိုက္တာဟာ Dwayne က တမင္တီထြင္ၿပီး ေနာက္ေျပာင္ထားတာ ျဖစ္ၿပီး တကယ္ရွိတဲ့ ကာ႐ိုက္တာ မဟုတ္ပါဘူး။

တကယ္ေတာ့ အခုကာလဟာ နာမည္ႀကီး ထိတ္ထိတ္ႀကဲ သ႐ုပ္ေဆာင္တိုင္း နီးပါးေလာက္ဟာ စူပါဟီး႐ိုးဇာတ္ကားေတြမွာ ဇာတ္ေကာင္တစ္ခုခုေတာ့ ပါဝင္သ႐ုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူမရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ကို ေဘာင္ခတ္မထားတဲ့ Emily အေနနဲ႔ သူမရဲ႕ လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ ဇာတ္လမ္း၊ ဇာတ္ၫႊန္း၊ ကာ႐ိုက္တာေတြနဲ႔ ေတြ႕ႀကဳံရင္ေတာ့ ေသခ်ာေပါက္ လက္ခံလာမယ္လို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular