HomeEntertainmentFilmSeason 2 ရိုက်ကွင်းပေါ်မှာ မြင်တွေ့ရတဲ့ Emily in Paris အဖွဲ့သားများ 

Season 2 ရိုက်ကွင်းပေါ်မှာ မြင်တွေ့ရတဲ့ Emily in Paris အဖွဲ့သားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မိန်းကလေးပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ Emily in Paris ဇာတ်လမ်းတွဲကတော့ Season 2 ရိုက်ကူးရေးကို စတင်နေပြီ ဖြစ်ပါတယ်။ Season 2 အတွက် ရိုက်ကူးရေးကိုတော့ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ ပါရီမြို့နဲ့ စိန့်ထရိုပက်ဇ်မြို့တွေမှာ အဓိက ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Photo via people

လက်ရှိ လူတွေကြားမှာ ပေါ်ပြူလာဖြစ်နေတဲ့ ဒီစီးရီးကတော့ နာမည်ကျော် Sex and the City ဇာတ်လမ်းတွဲကို ဖန်တီးခဲ့တဲ့ Darren Star က ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့က ကောင်မလေးတစ်ယောက်ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့က ဖက်ရှင်ကုမ္ပဏီမှာ အလုပ်တာဝန်ကျရာက မတူညီတဲ့ ဓလေ့တွေကြားမှာ ကြိုးစားရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo: ashleyparklady/ Instagram
Photo: ashleyparklady/ Instagram

Netflix ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ ၂၀၂၀ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့မှာ စတင်ပြသခဲ့တဲ့ Emily in Paris Season 1 ဟာ ထုတ်လွှင့်ပြီး (၂၈)ရက်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ ကြည့်ရှုသူ (၅၈)သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီစီးရီးဟာ ၂၀၂၀ခုနှစ်အတွင်း Netflix ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ဟာသ ရိုမန့်စ် ဇာတ်လမ်းတွဲ ဖြစ်သွားပါတယ်။

Photo via people
Photo via people

ဒါကြောင့်လည်း အခုလို Season 2 ကို ဆက်လက် ရိုက်ကူးနေတာဖြစ်ပြီး မကြာသေးခင်က စတင်လိုက်တဲ့ ရိုက်ကွင်းမှာတော့ Emily in Paris ရဲ့ အဖွဲ့သား သရုပ်ဆောင် အလှပဂေးတွေရဲ့ ပုံရိပ်တွေ ထွက်ရှိလို့လာပါတယ်။

Photo via people

အဖွဲ့သားတွေ ပြန်လည် ဆုံတွေ့ပြီး ပြုံးပျော်နေကြတဲ့ ရိုက်ကွင်းပေါ်က အလှလေးတွေကို ကြည့်ရင်း Season 2 အတွက် စောင့်မျှော်လိုက်ကြပါဦး။

Linda December

Source: people

(Zawgyi Version)

မိန္းကေလးပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ၾကတဲ့ Emily in Paris ဇာတ္လမ္းတြဲကေတာ့ Season 2 ႐ိုက္ကူးေရးကို စတင္ေနၿပီ ျဖစ္ပါတယ္။ Season 2 အတြက္ ႐ိုက္ကူးေရးကိုေတာ့ ျပင္သစ္ႏိုင္ငံရဲ႕ အထင္ကရ ေနရာေတြျဖစ္တဲ့ ပါရီၿမိဳ႕နဲ႔ စိန႔္ထ႐ိုပက္ဇ္ၿမိဳ႕ေတြမွာ အဓိက ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

Photo via people

လက္ရွိ လူေတြၾကားမွာ ေပၚျပဴလာျဖစ္ေနတဲ့ ဒီစီးရီးကေတာ့ နာမည္ေက်ာ္ Sex and the City ဇာတ္လမ္းတြဲကို ဖန္တီးခဲ့တဲ့ Darren Star က ဖန္တီးေပးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အေမရိကန္ႏိုင္ငံ၊ ခ်ီကာဂိုၿမိဳ႕က ေကာင္မေလးတစ္ေယာက္ဟာ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕က ဖက္ရွင္ကုမၸဏီမွာ အလုပ္တာဝန္က်ရာက မတူညီတဲ့ ဓေလ့ေတြၾကားမွာ ႀကိဳးစားရပုံကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

Photo: ashleyparklady/ Instagram
Photo: ashleyparklady/ Instagram

Netflix ရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္အရ ၂၀၂၀ခုႏွစ္ ေအာက္တိုဘာလ (၂)ရက္ေန႔မွာ စတင္ျပသခဲ့တဲ့ Emily in Paris Season 1 ဟာ ထုတ္လႊင့္ၿပီး (၂၈)ရက္အတြင္း ကမာၻတစ္ဝွမ္းမွာ ၾကည့္ရႈသူ (၅၈)သန္းေက်ာ္ ရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဒီစီးရီးဟာ ၂၀၂၀ခုႏွစ္အတြင္း Netflix ရဲ႕ ေပၚျပဴလာအျဖစ္ဆုံး ဟာသ ႐ိုမန႔္စ္ ဇာတ္လမ္းတြဲ ျဖစ္သြားပါတယ္။

Photo via people
Photo via people

ဒါေၾကာင့္လည္း အခုလို Season 2 ကို ဆက္လက္ ႐ိုက္ကူးေနတာျဖစ္ၿပီး မၾကာေသးခင္က စတင္လိုက္တဲ့ ႐ိုက္ကြင္းမွာေတာ့ Emily in Paris ရဲ႕ အဖြဲ႕သား သ႐ုပ္ေဆာင္ အလွပေဂးေတြရဲ႕ ပုံရိပ္ေတြ ထြက္ရွိလို႔လာပါတယ္။

Photo via people

အဖြဲ႕သားေတြ ျပန္လည္ ဆုံေတြ႕ၿပီး ၿပဳံးေပ်ာ္ေနၾကတဲ့ ႐ိုက္ကြင္းေပၚက အလွေလးေတြကို ၾကည့္ရင္း Season 2 အတြက္ ေစာင့္ေမွ်ာ္လိုက္ၾကပါဦး။

Linda December

Source: people

 

RELATED ARTICLES

Most Popular