HomeEntertainmentFilmEmily in Paris ဇာတ်လမ်းတွဲက အခုတလော ဘာလို့နာမည်ကြီးနေရတာလဲ??

Emily in Paris ဇာတ်လမ်းတွဲက အခုတလော ဘာလို့နာမည်ကြီးနေရတာလဲ??

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူမှုကွန်ယက်တွေ ပုံမှန်နေ့စဉ် အသုံးပြုနေသူတွေဆိုရင် အခုတလောမှာ Emily in Paris ဆိုတဲ့ ဇာတ်လမ်းတွဲက နာမည်ကြီးနေတာကို မကြာခဏ တွေ့မိကြမှာပါ။ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေ များစွာထဲက ဒီစီးရီးက ဘာလို့ ဒီလောက် လူတကာ ပါးစပ်ဖျားမှာ ရေပန်းစားနေရတာလည်းဆိုတာ သိချင်နေသူတွေအတွက် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာ

Emily in Paris ဇာတ်လမ်းတွဲကိုတော့ နာမည်ကျော် Sex and the City ဇာတ်လမ်းတွဲကို ဖန်တီးခဲ့တဲ့ Darren Star က ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်ကုမ္ပဏီတစ်ခုမှာ junior marketing executive အဖြစ် လုပ်ကိုင်နေတဲ့ အသက်နှစ်ဆယ်ကျော် အမေရိကန် ကောင်မလေး Emily ဟာ သူမရဲ့ကုမ္ပဏီက ဝယ်ယူလိုက်တဲ့ ပါရီမြို့က ကုမ္ပဏီတစ်ခုမှာ သွားရောက် တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတယ်။ ဒီမှာတင် Emily တစ်ယောက် သူမရဲ့အိပ်မက်ထဲက အလုပ်လုပ်ချင်တဲ့နေရာဖြစ်တဲ့ ပါရီမြို့ကို ဝမ်းပန်းတသာ ရောက်ရှိလာပြီး ဇာတ်လမ်းလေးတွေ ဖြစ်လာတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo via IMDb

Netflix ရဲ့ ဖော်ပြချက်မှာတော့ “ပါရီမြို့မှာ ဘဝအသစ်တစ်ခု ရရှိသွားတဲ့ Emily ဟာ သူမအလုပ်က ပေးလာတဲ့ စွန့်စားမှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ပြီး သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် ကြိုးစားရတာတွေ၊ မိတ်ဆွေသစ်ဖွဲ့ဖြစ်လာတာတွေနဲ့ အချစ်သစ်တွေ့ရှိလာတွေကို ပုံဖော်ထားတာပါ…” လို့ ဆိုပါတယ်။

သရုပ်ဆောင်များ

ဒီဇာတ်လမ်းမှာတော့ အဓိကဇာတ်ကောင် Emily အဖြစ် မင်းသမီးချောလေး Lily Collins က သရုပ်ဆောင်ထားပြီး Lucas Bravo ၊ Ashley Park ၊ Camille Razat တို့က ပါဝင်ထားပါတယ်။

ဘာကြောင့်နာမည်ကြီးနေရတာလဲ?

Emily in Paris နဲ့ ပတ်သက်ရင်တော့ နှစ်ခြမ်းကွဲနေတာကို တွေ့ရပါတယ်။ တစ်ခြမ်းကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ဖော်ပြထားတဲ့ ခေတ်မီလှပတဲ့ အဝတ်အစား၊ ဖက်ရှင်ဒီဇိုင်းတွေ၊ သစ်လွင်လှပပြီး ဆွဲဆောင်မှုရှိတဲ့ ရိုက်ကွင်းနေရာတွေ၊ ကြွေချင်စရာကောင်းတဲ့ သရုပ်ဆောင်တွေကြောင့် ဒီရှိုးကို အရူးအမူး ဖြစ်နေကြပါတယ်။

Photo via IMDb

ပရိသတ်တွေကို နောက်ထပ် အရူးအမူးဖြစ်စေတဲ့ အကြောင်းတစ်ခုကတော့ ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာ နေရာတစ်ခုကို လွတ်မြောက်ခွင့် ရလိုက်တဲ့ ခံစားချက်ကို ပေးစွမ်းလို့ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို Stay at Home နဲ့ အိမ်ထဲမှာပဲ လပေါင်းများစွာ ပိတ်မိနေရတဲ့အချိန်မှာ လူအများစုရဲ့ အိပ်မက်မြို့တော်ဖြစ်တဲ့ ပါရီမြို့မှာ စိတ်ချမ်းသာဖွယ်ရာ မြင်ကွင်း၊ ပြကွက်တွေကို ထိထိမိမိ ခံစားလိုက်ကြရလို့ ရေပန်းစားနေတာလို့ သုံးသပ်နိုင်ပါတယ်။

နောက်ထပ်တစ်ခြမ်းကတော့ ရုပ်ရှင်ဝေဖန်ရေးသမားတွေနဲ့ ပြင်သစ်နိုင်ငံအကြောင်း နောကျေနေသူတွေရဲ့ အမြင်ဖြစ်ပါတယ်။ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ အမြင်မှာတော့ ဒီရှိုးဟာ ဖန်တရာတေနေတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေ၊ အပြတွေကိုပဲ သုံးထားပြီး စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ ဝေဖန်ခံထားရပါတယ်။

Photo via IMDb

Lily Collins ကတော့ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးထားပါတယ်။ “ဒီ ၂၀၂၀ အတွင်းမှာ လူတိုင်းအတွက် မှောင်မိုက်တဲ့ ကာလတွေပဲ ဖြစ်နေခဲ့တာပါ။ အဲ့ဒါကြောင့်မို့ လူတွေကို နည်းနည်းလေးပဲဖြစ်ဖြစ် ရယ်မောသွားစေတာမျိုး၊ စိတ်အပန်းပြေစေတာမျိုး ဖြစ်မယ်ဆိုရင် ကောင်းမှာပါ …” လို့ ဆိုထားပါတယ်။

Emily in Paris ဟာ IMDb rating မှာတော့ 7.4 ရရှိထားပြီး Rotten Tomatoes မှာတော့ 71% ရရှိထားပါတယ်။ ဒီရှိုးဟာ အပိုင်းအားလုံး (၁၀)ပိုင်း ထွက်ရှိထားပြီး တစ်ပိုင်းကို ပြသချိန် မိနစ်(၃၀)ခန့် ရှိပါတယ်။ အောက်တိုဘာလ(၂)ရက်နေ့တည်းက Netflix မှာ ကြည့်ရှုလို့ ရနေပြီ ဖြစ်ပါတယ်။

Glasgow
(Zawgyi Version)

လူမႈကြန္ယက္ေတြ ပုံမွန္ေန႔စဥ္ အသုံးျပဳေနသူေတြဆိုရင္ အခုတေလာမွာ Emily in Paris ဆိုတဲ့ ဇာတ္လမ္းတြဲက နာမည္ႀကီးေနတာကို မၾကာခဏ ေတြ႕မိၾကမွာပါ။ ဇာတ္လမ္းတြဲေတြ၊ ႐ုပ္ရွင္ေတြ မ်ားစြာထဲက ဒီစီးရီးက ဘာလို႔ ဒီေလာက္ လူတကာ ပါးစပ္ဖ်ားမွာ ေရပန္းစားေနရတာလည္းဆိုတာ သိခ်င္ေနသူေတြအတြက္ ဒီေဆာင္းပါးေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

ဇာတ္လမ္းအေၾကာင္းအရာ

Emily in Paris ဇာတ္လမ္းတြဲကိုေတာ့ နာမည္ေက်ာ္ Sex and the City ဇာတ္လမ္းတြဲကို ဖန္တီးခဲ့တဲ့ Darren Star က ဖန္တီးထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အေမရိကန္ကုမၸဏီတစ္ခုမွာ junior marketing executive အျဖစ္ လုပ္ကိုင္ေနတဲ့ အသက္ႏွစ္ဆယ္ေက်ာ္ အေမရိကန္ ေကာင္မေလး Emily ဟာ သူမရဲ႕ကုမၸဏီက ဝယ္ယူလိုက္တဲ့ ပါရီၿမိဳ႕က ကုမၸဏီတစ္ခုမွာ သြားေရာက္ တာဝန္ထမ္းေဆာင္ဖို႔ ျဖစ္လာပါတယ္။ ဒီမွာတင္ Emily တစ္ေယာက္ သူမရဲ႕အိပ္မက္ထဲက အလုပ္လုပ္ခ်င္တဲ့ေနရာျဖစ္တဲ့ ပါရီၿမိဳ႕ကို ဝမ္းပန္းတသာ ေရာက္ရွိလာၿပီး ဇာတ္လမ္းေလးေတြ ျဖစ္လာတဲ့အေၾကာင္း ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

Photo via IMDb

Netflix ရဲ႕ ေဖာ္ျပခ်က္မွာေတာ့ “ပါရီၿမိဳ႕မွာ ဘဝအသစ္တစ္ခု ရရွိသြားတဲ့ Emily ဟာ သူမအလုပ္က ေပးလာတဲ့ စြန႔္စားမႈေတြ၊ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ၿပီး သူမရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆင္ေျပေအာင္ ႀကိဳးစားရတာေတြ၊ မိတ္ေဆြသစ္ဖြဲ႕ျဖစ္လာတာေတြနဲ႔ အခ်စ္သစ္ေတြ႕ရွိလာေတြကို ပုံေဖာ္ထားတာပါ…” လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္မ်ား

ဒီဇာတ္လမ္းမွာေတာ့ အဓိကဇာတ္ေကာင္ Emily အျဖစ္ မင္းသမီးေခ်ာေလး Lily Collins က သ႐ုပ္ေဆာင္ထားၿပီး Lucas Bravo ၊ Ashley Park ၊ Camille Razat တို႔က ပါဝင္ထားပါတယ္။

ဘာေၾကာင့္နာမည္ႀကီးေနရတာလဲ?

Emily in Paris နဲ႔ ပတ္သက္ရင္ေတာ့ ႏွစ္ျခမ္းကြဲေနတာကို ေတြ႕ရပါတယ္။ တစ္ျခမ္းကေတာ့ ဒီဇာတ္လမ္းတြဲထဲမွာ ေဖာ္ျပထားတဲ့ ေခတ္မီလွပတဲ့ အဝတ္အစား၊ ဖက္ရွင္ဒီဇိုင္းေတြ၊ သစ္လြင္လွပၿပီး ဆြဲေဆာင္မႈရွိတဲ့ ႐ိုက္ကြင္းေနရာေတြ၊ ေႂကြခ်င္စရာေကာင္းတဲ့ သ႐ုပ္ေဆာင္ေတြေၾကာင့္ ဒီရႈိးကို အ႐ူးအမူး ျဖစ္ေနၾကပါတယ္။

Photo via IMDb

ပရိသတ္ေတြကို ေနာက္ထပ္ အ႐ူးအမူးျဖစ္ေစတဲ့ အေၾကာင္းတစ္ခုကေတာ့ ေပ်ာ္႐ႊင္ဝမ္းေျမာက္ဖြယ္ရာ ေနရာတစ္ခုကို လြတ္ေျမာက္ခြင့္ ရလိုက္တဲ့ ခံစားခ်က္ကို ေပးစြမ္းလို႔ ျဖစ္ပါတယ္။ အထူးသျဖင့္ အခုလို Stay at Home နဲ႔ အိမ္ထဲမွာပဲ လေပါင္းမ်ားစြာ ပိတ္မိေနရတဲ့အခ်ိန္မွာ လူအမ်ားစုရဲ႕ အိပ္မက္ၿမိဳ႕ေတာ္ျဖစ္တဲ့ ပါရီၿမိဳ႕မွာ စိတ္ခ်မ္းသာဖြယ္ရာ ျမင္ကြင္း၊ ျပကြက္ေတြကို ထိထိမိမိ ခံစားလိုက္ၾကရလို႔ ေရပန္းစားေနတာလို႔ သုံးသပ္ႏိုင္ပါတယ္။

ေနာက္ထပ္တစ္ျခမ္းကေတာ့ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြနဲ႔ ျပင္သစ္ႏိုင္ငံအေၾကာင္း ေနာေက်ေနသူေတြရဲ႕ အျမင္ျဖစ္ပါတယ္။ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ အျမင္မွာေတာ့ ဒီရႈိးဟာ ဖန္တရာေတေနတဲ့ ဇာတ္လမ္း၊ ဇာတ္ကြက္ေတြ၊ အျပေတြကိုပဲ သုံးထားၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ေစတယ္လို႔ ေဝဖန္ခံထားရပါတယ္။

Photo via IMDb

Lily Collins ကေတာ့ ဒီဇာတ္လမ္းတြဲနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးထားပါတယ္။ “ဒီ ၂၀၂၀ အတြင္းမွာ လူတိုင္းအတြက္ ေမွာင္မိုက္တဲ့ ကာလေတြပဲ ျဖစ္ေနခဲ့တာပါ။ အဲ့ဒါေၾကာင့္မို႔ လူေတြကို နည္းနည္းေလးပဲျဖစ္ျဖစ္ ရယ္ေမာသြားေစတာမ်ိဳး၊ စိတ္အပန္းေျပေစတာမ်ိဳး ျဖစ္မယ္ဆိုရင္ ေကာင္းမွာပါ …” လို႔ ဆိုထားပါတယ္။

Emily in Paris ဟာ IMDb rating မွာေတာ့ 7.4 ရရွိထားၿပီး Rotten Tomatoes မွာေတာ့ 71% ရရွိထားပါတယ္။ ဒီရႈိးဟာ အပိုင္းအားလုံး (၁၀)ပိုင္း ထြက္ရွိထားၿပီး တစ္ပိုင္းကို ျပသခ်ိန္ မိနစ္(၃၀)ခန႔္ ရွိပါတယ္။ ေအာက္တိုဘာလ(၂)ရက္ေန႔တည္းက Netflix မွာ ၾကည့္ရႈလို႔ ရေနၿပီ ျဖစ္ပါတယ္။

Glasgow
RELATED ARTICLES

Most Popular