HomeCelebs Update NewsInternationalအသက်(၄၈)နှစ် ပြည့်သွားပြီဖြစ်တဲ့ Rap God Eminem 

အသက်(၄၈)နှစ် ပြည့်သွားပြီဖြစ်တဲ့ Rap God Eminem 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Eminem လို့ လူသိများတဲ့ ရက်ပ်ပါကြီး Marshall Bruce Mathers III ဟာ အသက်(၄၈)နှစ် ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

Eminem ရဲ့ မွေးနေ့ဟာ မနေ့က အောက်တိုဘာလ(၁၇)ရက်နေ့မှာ ကျရောက်ခဲ့တာဖြစ်ပြီး ဂီတနယ်ပယ်ထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ နာမည်ကျော်စတားများစွာဟာ မွေးနေ့ဆုမွန်ကောင်းများစွာနဲ့ ဆုတောင်းပေးခဲ့ကြပါတယ်။ အလားတူပဲ ပရိသတ်များစွာဟာလည်း သူ့ရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးထားကြပါသေးတယ်။

Eminem ဟာ ၉၀ခုနှစ်ဝန်းကျင်ကာလမှာ အမေရိကန်နိုင်ငံမှာ rap ဂီတကို လူကြိုက်များလာအောင်၊ လူအများ လက်ခံလာအောင် စွမ်းဆောင်နိုင်ခဲ့သူလို့ အများက ချီးကျူးထားသူတစ်ယောက် ဖြစ်ပါတယ်။ အများအားဖြင့် သူဟာ ကိုယ်ကျင့်သိက္ခာပိုင်းမှာ အကျပ်အတည်း ကြုံတွေ့ရမှုတွေ၊ ဆင်းရဲမွဲတေမှု၊ လူငယ်တွေရဲ့ စိုးရိမ်ထိတ်လန့်မှု၊ ကန့်ကွက်ဆန္ဒပြမှု စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး rap ရွတ်ဆိုလေ့ ရှိပါတယ်။ ဒါ့အပြင် သူ့သီချင်းတွေမှာ သုံးထားတဲ့ စာသားတွေကြောင့် Eminem ဟာ မိန်းမမုန်းတီးသူ၊ လိင်တူချစ်သူတွေကို မုန်းတီးသူ ဆိုပြီးတော့လည်း စွပ်စွဲခံရသူ ဖြစ်ပါတယ်။

Photo: eminem/ Instagram

ဂီတလောကမှာ သူ့ရဲ့အောင်မြင်မှုတွေကို ပြောရမယ်ဆိုရင်တော့ Eminem ဟာ ရောင်းအားအကောင်းဆုံး musician တစ်ယောက်လို့ ပြောရမှာပါ။ သူဟာ ဂရမ်မီမှာ စံကာတင်ဆုပေါင်း (၄၃)ဆု စာရင်းဝင်ထားပြီး (၁၅)ဆုကို ဆွတ်ခူးထားသူ ဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်အယ်လ်ဘမ်ဖြစ်တဲ့ Infinite ဟာ ၁၉၉၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီး စီးပွားရေးအရ ခွက်ခွက်လန်အောင် ရှုံးခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၉ခုနှစ်မှာ ထွက်ရှိလာတဲ့ Slim Shady LP နဲ့ကျတော့မှ တစ်ကမ္ဘာလုံးက သူ့ရဲ့အမည်ကို သိရှိလာတဲ့အထိ အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘယ်လောက်ထိ အောင်မြင်လည်းဆိုရင်တော့ သူ့ရဲ့နာမည်ပြောင်၊ နာမည်ဝှက်အဖြစ် Slim Shady လို့ ခေါ်ဆိုသမုတ်ကြတဲ့အထိပါပဲ။

Photo: eminem/ Instagram

သူ့ရဲ့ဂီတခရီးလမ်းတစ်လျှောက်မှာတော့ ထိတ်ထိတ်ကြဲသီချင်း မြောက်များစွာကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ Eminem ဟာ လက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ် (၁၁)ချပ်၊ Compilation album (၅)ချပ်နဲ့ EP တစ်ချပ်ကို ထွက်ရှိထားပါတယ်။

သူဟာ hip-hop artist တွေထဲမှာ ရောင်းအားအကောင်းဆုံး rapper ဖြစ်ပြီး ၂၀၀၀ခုနှစ်ဝန်းကျင်မှာ အရောင်းရဆုံး artist တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့အယ်လ်ဘမ်ရောင်းအားကတော့ တစ်ကမ္ဘာလုံးမှာ ခန့်မှန်းချေ ချပ်ရေ သန်း(၁၀၀)ကျော် ရောင်းချထားရပါတယ်။ ဒါတင်မက ပလက်တီနမ်ဓာတ်ပြားဆု (၅၀)ဆုကို ပိုင်ဆိုင်ထားပြီး နံပါတ်(၁)ချိတ်တဲ့ အယ်လ်ဘမ် (၁၀)ချပ်ရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။

Photo: eminem/ Instagram

ဂင်းနစ်စံချိန်တွေလည်း ချိုးဖြတ်ထားနိုင်တဲ့ Eminem အတွက် (၄၈)နှစ်မှသည် နောင်နှစ်ပေါင်းများစွာအထိ အောင်မြင်မှုသရဖူကို ဆက်လက်ဆောင်းထားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Glasgow
(Zawgyi Version)

Eminem လို႔ လူသိမ်ားတဲ့ ရက္ပ္ပါႀကီး Marshall Bruce Mathers III ဟာ အသက္(၄၈)ႏွစ္ ျပည့္သြားခဲ့ၿပီ ျဖစ္ပါတယ္။

Eminem ရဲ႕ ေမြးေန႔ဟာ မေန႔က ေအာက္တိုဘာလ(၁၇)ရက္ေန႔မွာ က်ေရာက္ခဲ့တာျဖစ္ၿပီး ဂီတနယ္ပယ္ထဲက လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ နာမည္ေက်ာ္စတားမ်ားစြာဟာ ေမြးေန႔ဆုမြန္ေကာင္းမ်ားစြာနဲ႔ ဆုေတာင္းေပးခဲ့ၾကပါတယ္။ အလားတူပဲ ပရိသတ္မ်ားစြာဟာလည္း သူ႔ရဲ႕ေမြးေန႔အတြက္ ဆုမြန္ေကာင္းေတြ ေတာင္းေပးထားၾကပါေသးတယ္။

Eminem ဟာ ၉၀ခုႏွစ္ဝန္းက်င္ကာလမွာ အေမရိကန္ႏိုင္ငံမွာ rap ဂီတကို လူႀကိဳက္မ်ားလာေအာင္၊ လူအမ်ား လက္ခံလာေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူလို႔ အမ်ားက ခ်ီးက်ဴးထားသူတစ္ေယာက္ ျဖစ္ပါတယ္။ အမ်ားအားျဖင့္ သူဟာ ကိုယ္က်င့္သိကၡာပိုင္းမွာ အက်ပ္အတည္း ႀကဳံေတြ႕ရမႈေတြ၊ ဆင္းရဲမြဲေတမႈ၊ လူငယ္ေတြရဲ႕ စိုးရိမ္ထိတ္လန႔္မႈ၊ ကန႔္ကြက္ဆႏၵျပမႈ စတဲ့အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး rap ႐ြတ္ဆိုေလ့ ရွိပါတယ္။ ဒါ့အျပင္ သူ႔သီခ်င္းေတြမွာ သုံးထားတဲ့ စာသားေတြေၾကာင့္ Eminem ဟာ မိန္းမမုန္းတီးသူ၊ လိင္တူခ်စ္သူေတြကို မုန္းတီးသူ ဆိုၿပီးေတာ့လည္း စြပ္စြဲခံရသူ ျဖစ္ပါတယ္။

Photo: eminem/ Instagram

ဂီတေလာကမွာ သူ႔ရဲ႕ေအာင္ျမင္မႈေတြကို ေျပာရမယ္ဆိုရင္ေတာ့ Eminem ဟာ ေရာင္းအားအေကာင္းဆုံး musician တစ္ေယာက္လို႔ ေျပာရမွာပါ။ သူဟာ ဂရမ္မီမွာ စံကာတင္ဆုေပါင္း (၄၃)ဆု စာရင္းဝင္ထားၿပီး (၁၅)ဆုကို ဆြတ္ခူးထားသူ ျဖစ္ပါတယ္။

သူ႔ရဲ႕ ပထမဆုံး ပြဲဦးထြက္အယ္လ္ဘမ္ျဖစ္တဲ့ Infinite ဟာ ၁၉၉၆ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး စီးပြားေရးအရ ခြက္ခြက္လန္ေအာင္ ရႈံးခဲ့ပါတယ္။ ဒီလိုနဲ႔ ၁၉၉၉ခုႏွစ္မွာ ထြက္ရွိလာတဲ့ Slim Shady LP နဲ႔က်ေတာ့မွ တစ္ကမာၻလုံးက သူ႔ရဲ႕အမည္ကို သိရွိလာတဲ့အထိ ေအာင္ျမင္မႈ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဘယ္ေလာက္ထိ ေအာင္ျမင္လည္းဆိုရင္ေတာ့ သူ႔ရဲ႕နာမည္ေျပာင္၊ နာမည္ဝွက္အျဖစ္ Slim Shady လို႔ ေခၚဆိုသမုတ္ၾကတဲ့အထိပါပဲ။

Photo: eminem/ Instagram

သူ႔ရဲ႕ဂီတခရီးလမ္းတစ္ေလွ်ာက္မွာေတာ့ ထိတ္ထိတ္ႀကဲသီခ်င္း ေျမာက္မ်ားစြာကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ Eminem ဟာ လက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ (၁၁)ခ်ပ္၊ Compilation album (၅)ခ်ပ္နဲ႔ EP တစ္ခ်ပ္ကို ထြက္ရွိထားပါတယ္။

သူဟာ hip-hop artist ေတြထဲမွာ ေရာင္းအားအေကာင္းဆုံး rapper ျဖစ္ၿပီး ၂၀၀၀ခုႏွစ္ဝန္းက်င္မွာ အေရာင္းရဆုံး artist တစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕အယ္လ္ဘမ္ေရာင္းအားကေတာ့ တစ္ကမာၻလုံးမွာ ခန႔္မွန္းေခ် ခ်ပ္ေရ သန္း(၁၀၀)ေက်ာ္ ေရာင္းခ်ထားရပါတယ္။ ဒါတင္မက ပလက္တီနမ္ဓာတ္ျပားဆု (၅၀)ဆုကို ပိုင္ဆိုင္ထားၿပီး နံပါတ္(၁)ခ်ိတ္တဲ့ အယ္လ္ဘမ္ (၁၀)ခ်ပ္ရဲ႕ ပိုင္ရွင္လည္း ျဖစ္ပါတယ္။

Photo: eminem/ Instagram

ဂင္းနစ္စံခ်ိန္ေတြလည္း ခ်ိဳးျဖတ္ထားႏိုင္တဲ့ Eminem အတြက္ (၄၈)ႏွစ္မွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာအထိ ေအာင္ျမင္မႈသရဖူကို ဆက္လက္ေဆာင္းထားႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Glasgow

 

RELATED ARTICLES

Most Popular