HomeEntertainmentFilmEmma Stone နဲ့ Yorgos Lanthimos တို့ရဲ့ နောက်ထပ်ပေါင်းစည်းမှု Kinds of Kindness

Emma Stone နဲ့ Yorgos Lanthimos တို့ရဲ့ နောက်ထပ်ပေါင်းစည်းမှု Kinds of Kindness

$ex cult တွေ၊ လူသား sar တာတွေ၊ သောက်စားပျော်ပါး ကာမဂုံလွန်ကျူးတဲ့ ဇာတ်ဝင်ခန်းတွေ ဖောဖောသီသီ ပါဝင်ထားတဲ့ ဒါရိုက်တာ Yorgos Lanthimos ရဲ့ Kinds of Kindness ရုပ်ရှင်ကတော့ မကြာသေးခင်က ကျင်းပသွားတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး လေးမိနစ်ကျော်ကြာအောင် လက်ခုပ်ဩဘာတွေနဲ့ မတ်တပ်ထရပ်ကာ အားပေးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားဟာ မင်းသမီး Emma Stone နဲ့ ဒါရိုက်တာ Yorgos Lanthimos တို့ရဲ့ နောက်ထပ် ပေါင်းစည်းမှု လက်ရာအသစ်ဖြစ်ပြီး သူတို့ရဲ့ ငါးကြိမ်မြောက် collaboration လည်း ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မတူညီတဲ့ ဇာတ်လမ်းသုံးခု ပါဝင်ပါတယ်။ အဲဒါကတော့ သူ့ဘဝကို သူပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်၊ ရေနစ်ခဲ့ပြီးနောက် ဇနီးလုပ်သူဟာ ဂြိုဟ်သားတစ်ယောက်လို ထူးဆန်းလာတယ်လို့ ထင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်နဲ့ ထူးခြားတဲ့အစွမ်းတစ်ခု ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ Yorgos ရဲ့ ပုံစံအတိုင်းပဲ ခမ်းနားတဲ့ တင်ဆက်မှုတွေ ပါဝင်သလို အံ့ဩဘနန်း ဖြစ်သွားစေမယ့် ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ပါတယ်။ ritual ရဲ့ လိုအပ်ချက်အရ cult အဖွဲ့ထဲက နောက်လိုက်တွေရဲ့ ချွေးကို လျှာနဲ့ယက်တဲ့အခန်းမျိုးတွေ၊ နှလုံးမကောင်းတဲ့လူတွေ ကြည့်ဖို့အဆင်မပြေလောက်တဲ့ ဟင်းချက်တဲ့အခန်းတွေ၊ Emma Stone ရဲ့ epic breakdance ကကွက်တွေနဲ့ ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ပါတယ်။

ဇာတ်ညွှန်းကိုတော့ Yorgos နဲ့ Efthymis Filippou တို့က တွဲဖက်ရေးသားထားပြီး R-rated ရုပ်ရှင် ဖြစ်ပါတယ်။ Comedy Drama အမျိုးအစားဖြစ်ပြီး initial review တွေအနေနဲ့ IMDb 6.9 နဲ့ Rotten Tomatoes 95% ရရှိထားပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Emma Stone ၊ Joe Alwyn ၊ Jesse Plemons ၊ Willem Dafoe ၊ Hong Chau ၊ Hunter Schafer နဲ့ Margaret Qualley တို့က အဓိက ပါဝင်ထားပါတယ်။ ဘတ်ဂျက် ဒေါ်လာ(၁၅)သန်းနဲ့ ရိုက်ကူးထားတာဖြစ်ပြီး Searchlight Pictures က ဖြန့်ချိပေးထားပါတယ်။ လာမယ့် ဇွန်လ (၂၁)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular